#Local_News
Published 8 April 2025
▪️ မန္တလေးငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား အမေရိကန်ပြည်ထောင်စု၊Samaritan's Purse Medical Teamမှ မန္တလေးမြို့ရှိ ရွှေကြာပင် ဘောလုံးကွင်းနှင့် အားကစားရုံတွင်ယာယီဆေးရုံဖွင့်လှစ်ကုသပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ အမေရိကန်ပြည်ထောင်စု၊Samaritan's Purse Medical Team သည် ရွှေကြာပင် ဘောလုံးကွင်းနှင့် အားကစားရုံတွင် ဖွင့်လှစ်ထားသော ယာယီဆေးရုံတွင် ဧပြီရက်နေ့၊ နေ့လယ်ပိုင်းတွင် ငလျင်ဘေးသင့် အရိုးလူနာ (၄)ဦးကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 8 April 2025
▪️ ငလျင်ဒဏ်သင့်ဒေသများ၌ သောက်သုံးရေ အခက်အခဲအတွက် မီးသတ်ဦးစီးဌာနမှ ရေကားများဖြင့် ရေရရှိရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
▪️ ရေရရှိရေး ကူညီဆောင်ရွက်ပေးရာတွင် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးမှုများရှိခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အိမ်ရာများ၏ရေအခက်အခဲအတွက် မီးသတ်ကားများဖြင့် ရေရရှိရေးဆောင်ရွက်ပေးလျှက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး တို့အပါအဝင် ငလျင်ဒဏ်ကြောင့် ရေအခက်အခဲဖြစ်ပေါ်ပါက မီးသတ်ဦးစီးဌာနများသို့ အကူအညီတောင်းခံနိုင်ကြောင်း၊ ဌာနအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရေရရှိရေးအတွက် ငလျင်ဒဏ်မသင့်သောတိုင်းဒေသကြီး / ပြည်နယ်များမှ ရေကားများကို တောင်းခံဖြန့်ခွဲပေးထားရာ အဆိုပါ ကားများဖြင့် ရေပေးဝေရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ပေးလျှက်ရှိရာတွင် အခမဲ့ကူညီဆောင်ရွက်ခြင်းဖြစ်ပြီး ငွေတောင်းခံမှုများရှိပါက တိုင်ကြားနိုင်မည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
#YMG/SW #Yangon_Times
၇ ဧပြီ ၂၀၂၅
မြန်မာနိုင်ငံတွင် လှုပ်ရှားခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ယနေ့ဧပြီ ၇ရက် ညနေပိုင်း အထိ သေဆုံးသူ ၃၆၀၀ ဦးရှိသွားပြီလို့သိရပါတယ်။
ဧပြီ ၇ရက် ည (၇)နာရီတွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သေဆုံးသူ ၃၆၀၀ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၆၀ ဦး အထိရှိသွားပြီဖြစ်ပါတယ်။
ကူညီကယ်ဆယ်မှုများအနေဖြင့် နိုင်ငံပေါင်း ၂၀ မှ လေယာဉ် ၉၄ ခေါက်၊ မော်တော်ယာဉ် ၆ စီး နှင့် သင်္ဘော ၅ စီးတို့ဖြင့် ကယ်ဆယ်ရေးကူညီပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၃၈ ဦး စေလွှတ်ကူညီမှုတွေ ပေးခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။
ထောက်ပံ့ရေးပစ္စည်း ၁၂၈၁ တန်ကျော် ကယ်ဆယ်ရေးပစ္စည်း ၈၄၄ တန်ကျော်ရောက်ရှိပြီး လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းအဖွဲ့တွေနှင့် နိုင်ငံတကာမှကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အသက်ရှင်လျက် အမျိုးသား ၃၃၈ဦး အမျိုးသမီး ၃၁၅ဦး စုစုပေါင်း ၆၅၃ဦး ကယ်ထုတ်နိုင်ခဲ့ ပါတယ်လို့သိရပါတယ်။ သေဆုံးနေသူ အမျိုးသား ၃၄၀ဦး အမျိုးသမီး ၃၆၀ ဦးနှင့် စုစုပေါင်း ၇၀၀ဦးတို့ရဲ့ အလောင်းများကို ဖော်ယူဆွဲထုတ်နိုင်ခဲ့ကြတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ရုရှား၊ တရုတ်၊တရုတ်(ဟောင်ကောင်)၊အိန္ဒိယ၊ထိုင်း၊စင်္ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ဗီယက်နမ်၊ ယူအေအီး၊လာအို၊ဘီလာရုစ်၊အင်ဒိုနီးရှား၊ဘူတန်၊ဖိလစ်ပိုင်၊ဂျပန်၊နီပေါ၊ပါကစ္စတန်၊တူကီယဲလ်၊အမေရိကန်၊သီရိလင်္ကာ၊ဟောင်ကောင်စတဲ့ နိုင်ငံ ၂၀ ကကူညီကယ်ဆယ်မှုများ၊ထောက်ပံ့ပစ္စည်းများ ပေးပိုခဲ့ကြပါ တယ်။
#Daily_News
Published 07 Apirl 2025
၁။ စင်ကာပူအဖွဲ့မှရှာဖွေကယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ မီးသတ်တပ်ဖွဲ့သို့ လှူဒါန်းခဲ့
၂။ ငလျင်ဘေးအတွက် နိုင်ငံပေါင်း၂၀မှ ဝန်ထမ်းနှစ်ထောင်ခန့် လာရောက်ကူညီနေ
၃။ မန္တလေးအပါအဝင်နိုင်ငံအနှံ့အပြား အချိန်အခါမဟုတ်မိုးရွာမည်
၄။ ငလျင်ဒဏ်အကြီးမားဆုံးခံစားခဲ့ရသည့် မန္တလေးတွင် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့များကုသပေးနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
'Sky Villa က သေတဲ့သူတွေကဘယ်လိုပြောမလဲ၊ အတွင်းထဲအထိ ကယ်ဆယ်တဲ့ကလေးတွေကို အကူအညီတောင်းတာပေါ့ဗျာ၊ ကလေးတွေရဲ့စိတ်ထဲမှာအကူအညီတောင်းနေတဲ့ သဘောစိတ်စွဲနေလို့ ရက်လည် ဆွမ်းကပ်တာလုပ်ပေးတာပါဗျ ' မြတ်သဒ္ဓါ လူမှုနာမှုကူညီရေးအသင်း ဥက္ကဌ
ဦးဇော်မြင့်နိုင်
#Local_News
Published 07 Apirl 2025
#သစ်တံခါးဆရာတော်ကြီး #သေဆုံးသူများအားရက်လည်ဆွမ်းကပ်
#YMG/NN #Yangon_Times
မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံအနှံ့အပြားမှာ အချိန်အခါမဟုတ်မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 07 Apirl 2025
#အချိန်အခါမဟုတ်မိုးရွာ #နိုင်ငံအနှံ့အပြား
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ငလျင်ဘေးအတွက် နိုင်ငံပေါင်း၂၀မှ ဝန်ထမ်းနှစ်ထောင်ခန့်က ကူညီကယ်ဆယ်ရေးတွေ လာရောက်ဆောင်ရွက်ပေးနေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
#Local_News
Published 07 Apirl 2025
#ဝန်ထမ်းနှစ်ထောင်ခန့်လာရောက်ကူညီ #ကူညီကယ်ဆယ်ရေး
#YMG/SW #Yangon_Times
Page 302 of 2237