ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်မယ့် လေပွေလှိုင်းကြောင့် ရှမ်းပြည်အပါအဝင်ဒေသအချို့မှာ ဧပြီ ၅ ရက်နေ့ လယ်ကနေ ၂၄နာရီအတွင်း မိုးများနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်က အသိပေးထားပါတယ်။
#Local_News
Published 05 Apirl 2025
#လေပွေလှိုင်း #ဒေသအချို့မိုးများနိုင်
#YMG/NN #Yangon_Times
ငလျင်ကြောင့် ပျောက်ဆုံးနေတဲ့ မိမိချစ်ခင်ရတဲ့ မိသားစုဝင်တွေကို ရှာဖွေဖို့ အကူအညီလိုအပ်နေခဲ့ပါက မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 05 Apirl 2025
#မြန်မာနိုင်ငံကြက်ခြေနီအသင်း #ရှာဖွေရန်အကူအညီလိုအပ်ပါက
#YMG/SW #Yangon_Times
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်တဲ့ ဧပြီလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ဆန်ရည်ညွှန်းစျေးနှုန်းတွေကို ထုတ်ပြန်ရာမှာ ဆန်ကြမ်းအုပ်စုအားလုံးဈေးကျဆင်းခဲ့တာကို သိရှိရပါတယ်။
#Local_News
Published 05 Apirl 2025
#ဆန်ရည်ညွှန်းဈေး #ဆန်ကြမ်းအုပ်စုဈေးကျဆင်း
#YMG/SW #Yangon_Times
၅ ဧပြီ ၂၀၂၅
ဘင်စတက် ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၄ရက် မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်၌ သီရိလင်္ကာ နိုင်ငံဝန်ကြီးချုပ် Dr. Harini Amarasuriya၊ ဘူတန်နိုင်ငံဝန်ကြီးချုပ် Mr. Tshering Tobgayတို့ကို သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်။
သီရိလင်္ကာဝန်ကြီးချုပ်နှင့် ဘူတန်ဝန်ကြီးချုပ်များကို မြန်မာနိုင်ငံတွင် ငလျင်ကြီးလှုပ်ရှားခဲ့မှုများအပေါ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီလျက်ရှိ သည်များကို ပြောပြခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီခဲ့ ကြသည့် သီရိလင်္ကာနှင့် ဘူတန်နိုင်ငံတို့ကို ကျေးဇူးအထူးတင်ရှိတယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးနှင့် သီရိလင်္ကာနှင့် ဘူတန် ဝန်ကြီးချုပ်များသည် မြန်မာနှင့် သီရိလင်္ကာ၊ မြန်မာနှင့် ဘူတန်နိုင်ငံများအကြား စီးပွားရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ကျန်းမာရေးကဏ္ဍ များတွင်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးကိစ္စများ ဆွေးနွေးခဲ့ ကြ ပါတယ်။
အဆိုပါတွေ့ဆုံပွဲများသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ် တွင်လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပြီး သီရိလင်္ကာနှင့် ဘူတန်နိုင်ငံ ဝန်ကြီး ချုပ်များနှင့်အတူ သက်ဆိုင်ရာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ကြပါတယ်။
#ymg/knl

#Local_News
Published 5 April 2025
▪️ မတ်လ၂၈ရက်တွင်ဖြစ်ပွါးခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးနှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ ပြည်တွင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားချက်အရ သိရသည်။
▪️ ထို့သို့ ပြန်လည်ပျံသန်းပြေးဆွဲရာတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီ ၄ ရက် မနက် ၆ နာရီမှ စတင်၍လည်းကောင်း၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီ ၅ ရက် မနက် ၆ နာရီမှ စတင်၍ လည်းကောင်း ပြည်တွင်းလေကြောင်းခရီးစဉ်များကို စတင်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ငလျင်ဘေးဒဏ်ကြောင့် လေဆိပ်များ၌ လေယာဉ်ဆင်းသက်ပျံသန်းမှုများအား ယာယီ ရပ်နားထားခဲ့ရာ လေကြောင်းလိုင်းများကလည်း လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းကာ ခရီးစဉ်များရပ်နားထားခဲ့ခြင်းဖြစ်သည်။
#YMG/SW #Yangon_Times
#Local_News
Published 5 April 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ မြန်မာ-ဂျပန်စင်တာ (MJC) တို့နှင့် ပူးပေါင်း၍ ဂျပန်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် သို့မဟုတ် လေ့ကျင့်ရေးသင်တန်းသားအဖြစ် လုပ်ကိုင်ရန်စီစဉ်ထားပြီး Overseas Worker Identification Card (OWIC) ကတ်ထုတ်ပေးမှု ဆိုင်းငံ့ထားသည့်အတွက် အခက်အခဲနှင့် စိုးရိမ်ပူပန်မှုများကြုံတွေ့နေရသူ မြန်မာနိုင်ငံသားများအတွက် ဆွေးနွေးအကြံပေးရေးစင်တာကို ဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
▪️ အဆိုပါစင်တာကို ဧပြီလ ၇ ရက်မှစတင်၍ မြန်မာ-ဂျပန်စင်တာတွင် အချိန်ကာလအကန့်အသတ်ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ပြီး အလုပ်သမားစေလွှတ်ရေးအေဂျင်စီ၊ ပညာသင်ကြားရေး၊ စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်ရေး၊ ဥပဒေရေးရာ စသဖြင့် ဆိုင်ရာကဏ္ဍများစွာအလိုက် ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်နိုင်ရန် စီစဉ်ထားကြောင်း၊ စင်တာသို့မလာရောက်မီ ဦးစွာ ကြိုတင်စာရင်းသွင်းရမည် ဖြစ်ပြီး ပထမအကြိမ်တွင် စင်တာတည်ရှိရာ MJC သို့ အတတ်နိုင်ဆုံး ကိုယ်တိုင်လာရောက်ဆွေးနွေးစေလိုကြာင်း၊ ကိုယ်တိုင်လာရောက်ရန် အခက်အခဲရှိပါက အွန်လိုင်းဖြင့် ဆက်သွယ်ဆွေးနွေးပေးမည် ဖြစ်ကြောင်း သိရသည်။
▪️ ထိုစင်တာကိုလဧပြီလ ၇ ရက် မှ ဇွန်လ ၆ ရက် အထိဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်္ကြန်ကာလများဖြစ်သည့် ဧပြီလ ၁၄ ရက် မှ ဧပြီလ ၂၁ ရက် အထိ ကာလအတွင်းတွင် စင်တာကိုပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၄ ဧပြီ ၂၀၂၅
မြန်မာ နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် Paetongtarm Shinawatra တို့သည်နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်ရောင်းဝယ်မှုပပျောက်ရေးပူးပေါင်းဆောင်ရွက်ရန်ကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပသည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် Paetongtarm Shinawatra နှင့် ဧပြီ ၄ရက်မနက်က သီးခြားတွေ့ဆုံစဉ် နှစ်နိုင်ငံ ဝန်ကြီးချုပ်တွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် က မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့ရမှုများ
အပေါ် မိမိနှင့် မိမိတို့ပြည်သူများအနေဖြင့် ထပ်တူဝမ်းနည်းရပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ် ငန်းများနှင့်ဆေးဘက်ဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများကို ဆက်လက်ကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်းပြောကြားပါတယ်။
ယင်းအပြင် မြန်မာနိုင်ငံရဲ့လိုအပ်ချက်အခြေအနေများကိုသိရှိနိုင်ရန်အတွက် မိမိတို့နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးနှင့် မလေးရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတို့သည် မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအတွက် လိုအပ်သည့်အကူအညီများကို မိမိတို့နိုင်ငံအနေ ဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးကလည်းမြန်မာနိုင်ငံရဲ့ ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခဲ့မှုများနှင့်ပတ်သက်၍ အဆွေတော်နှင့် အဆွေတို့ပြည်သူများအနေဖြင့် ဝမ်းနည်းကြောင်းပြောကြားပေးမှုများနှင့် လိုအပ်သည့် အကူအညီများဆောင်ရွက်ပေးမှုများကို မိမိတို့အနေဖြင့် ထိုင်းနိုင်ငံပြည်သူများကို များစွာကျေးဇူး တင်ဝမ်းမြောက်ရပါကြောင်း၊ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်လည်း ထိခိုက်မှုဖြစ်ပွားခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊ အဆိုပါထိခိုက်မှုအတွင်း မြန်မာနိုင်ငံသားများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ်လည်း စိတ်မ
ကောင်းဖြစ်ရပါကြောင်း၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများလာရောက်၍ အကူအညီပေးနိုင်ရေးလိုအပ်သည်များကိုကြည့်ရှုမည်ဆိုသည်ကိုလည်းမိမိတို့အနေဖြင့်ကြိုဆိုကြောင် နှင့် ကျေးဇူးတင်ရှိပါကြောင်းဖြင့်ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်း
မွန်လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှုများ ပူးပေါင်း တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လက်နက်ရောင်းဝယ်မှုများပပျောက်ရေးတို့ အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ကိုဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများနှင့် ငွေကြေးလိမ်လည်မှုများပပျောက်ရေး အတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းပပျောက်စေရေး အတွက်နယ်စပ်နေပြည်သူများအားအသိပညာပေးမှုများနှင့် စိုက်ပျိုးရေး နည်းပညာများဖြန့်ဝေပေးသွားမည့်အခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက် သွားမည့်အခြေအနေများကိုလည်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။

Page 305 of 2237