#Daily_News
Published 18 September 2024
၁။ အိန္ဒိယနိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းတန်ချိန်(၃၂) တန်နှင့် အိန္ဒိယတပ်မတော်မှ ကယ်ဆယ်ရေးပစ္စည်း(၂၁)တန် မြန်မာနိုင်ငံသို့လှူဒါန်း
၂။ ဟိုပုန်းနှင့်လွိုင်လင်မြို့နယ်များရှိ ရေဘေးသင့်ကျေးရွာများမှ လူဦးရေ ၅၀ခန့်ပျောက်ဆုံး၊ အကူအညီများလိုအပ်နေ
၃။ ရေဘေးသင့်ပြည်သူများအတွက် မြန်မာ့ဘောလုံးမိသားစုမှ ဆက်လက်လှူဒါန်းမည်
၄။ အငြိမ်းစားများကို အလုပ်ပြန်လည်ခန့်ထားရေး အသက်တိုးမြှင့်ခြင်းအစီအစဉ် စင်္ကာပူနိုင်ငံသားအများစုထောက်ခံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းမှာ ရန်ကုန်၊ မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူးနှင့်ဒေသအချို့မှာ မိုးပြန်များပြီး မိုးသက်လေပြင်းတွေတိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 18 September 2024
#လေပြင်းများတိုက်ခတ် #ပဲခူးနှင့်ဒေသအချို့
#YMG/tthl #Yangon_Times
သွင်းကုန်လုပ်ငန်းရှင်တွေအတွက် FX Trading Platform မှ တစ်ဆင့်ထိုင်းဘတ် ၁၀ သန်းကိုဒီက နေ့မှာ ထုတ်ရောင်းသွားမယ်လို့ မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 18 September 2024
#သွင်းကုန်လုပ်ငန်းရှင်များ #ဗဟိုဘဏ်ထုတ်ရောင်း
#YMG/NN #Yangon_Times
ရေဘေးသင့်ပြည်သူများအတွက် မြန်မာ့ဘောလုံးမိသားစုအဖွဲ့မှ မိသားစုတစ်စုကို ဆန်၊ ဆီ ၊ ဆား၊ ငါးသေတ္တာ၊ ဓါတ်ဆားနဲ့ဆေးဝါး၊ မြန်မာအသင်း ဂျာစီ(၁)၊ ဆေးဝါးနဲ့ ရိက္ခာခြောက်တွေ ပါဝင်တဲ့အိတ်တွေကို မိသားစု (၁၂၀၀) အတွက်သွားရောက်ပံ့ပိုးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 18 September 2024
#မြန်မာ့ဘောလုံးမိသားစု #ရေဘေးသင့်ပြည်သူများ
#YMG/tthl #Yangon_Times
ရှမ်းပြည်နယ်၊ တောင်ပိုင်းဟိုပုန်းနဲ့ လွိုင်လင်မြို့နယ်များရှိ ရေဘေးသင့်ကျေးရွာတွေမှာ လက်ရှိအချိန်အထိ လူဦးရေ ၅၀ကျော်ပျောက်ဆုံးနေပြီး လမ်းတံတားပြင်ဆင်တာအပါအဝင် အကူအညီတွေလိုအပ်နေတယ်လို့ ပအိုဝ်းဒေသ သဘာဝဘေးနှင့် လူမှုကူညီရေးအသင်း(ဗဟို)က သိရပါတယ်။
#Local_News
Published 18 September 2024
#လူဦးရေ၅၀ကျော်ပျောက်ဆုံး #ဟိုပုန်းနှင့်လွိုင်လင်
#YMG/NN #Yangon_Times
အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းတန်ချိန်(၃၂) တန်နဲ့အိန္ဒိယတပ်မတော်မှ ကယ်ဆယ်ရေးပစ္စည်း (၂၁)တန် လှူဒါန်းခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းတွေကိုမြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေအပါအဝင် ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရတဲ့ဒေသတွေကို ဖြန့်ဖြူးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 18 September 2024
#ကယ်ဆယ်ရေးပစ္စည်း #မြန်မာနိုင်ငံသို့လှူဒါန်း
#YMG/tthl #Yangon_Times
#Local_News
Published 18 September 2024
▪️ မန္တလေး တိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း မှ ကျေးရွာများရှိ ရေဘေးကြောင့် ေ-သဆုံးသူများ၏ ရုပ်အ ေ-လာင်းများအား ရှာဖွေတွေ့ရှိ ခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ) မှ သိရသည်။
▪️ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျော့ပါးသည် နှင့်မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဒေသကြီး ကော်မတီ) မှ တိုင်းကော်မတီ ဥက္ကဌ ဦးလှိုင်မင်းဦး၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဝမ်းတွင်းမြို့နယ်ရုံး) မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မိတ္ထီလာမြို့နယ်ရုံး) တို့ မှ စုစုပေါင်း အဖွဲ့ဝင် (80)ဦး ဖြင့် ဝမ်းတွင်းမြိုနယ် - ရိုးစုံအုပ်စု တစ်ဝိုက်တွင် ရေစီးကြောင့် မျောပါပျောက်ဆုံးသွားသူများအားတစ်ဖွဲ့လျှင် (10)ဦးပါ အဖွဲ့ငယ်များ ခွဲ ၍ တောနင်းရှာဖွေခဲ့ကြကြောင်း သိရသည်။
▪️ အဆိုပါ ကဲ့သို့ရှာဖွေရာတွင်စက်တင်ဘာ ၁၆ ရက်နေ့ က ရွံ့ထဲတွင်တွေ့ရှိခဲ့သော ကလေးငယ် (မကေခိုင်ထွန်း )၏ ဖခင်ဖြစ်သူ (ဦးမြင့်သန်း) နှင့် အကိုဖြစ်သူ (ကိုသက်ဝေထွန်း)တို့ ၏ ရုပ်အလောင်းများအား ရိုးစုံကျေးရွာနှင့် တစ်နာရီကျော်လမ်းလျှောက်ခရီးတွင် နေရာနှစ်ခုခွဲ၍ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် မိသားစု၏ ကျန်ရစ်သူမိခင်အားခေါ်ယူကာ အတည်ပြုချက်ရယူပြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း ၊ကျန်ရစ်သူမိခင်အား တိုင်းရုံးမှ အလှူငွေ (5) သိန်းကျပ်၊ ဝမ်းတွင်းမြို့နယ်ရုံးမှ အလှူငွေ (5) သိန်းကျပ် မိတ္ထီလာမြို့နယ်ရုံးမှ အလှူငွေ (5) သိန်းကျပ် အသီးသီး ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
▪️ ၎င်းအပြင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)တိုင်းကော်မတီ ဥက္ကဌ ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရိုးစုံကျေးရွာ အုပ်စု နှင့် ကြွယ်ကန်ကျေးရွာ အုပ်စု တဝိုက် ကျေးရွာနှင့်နီးသော နေရာများတွင် ပုပ်ပွကျန်ရစ်နေသည့် တိရိစ္ဆာန်အလောင်းများအား နောက်ဆက်တွဲရောဂါမဖြစ်ပွါးစေရေး အတွက် တွေ့ရှိရာနေရာများတွင် မီးရှို့ခြင်းများကို ဆက်လက်ရှာဖွေဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 323 of 2029