#Local_News
Published 8 October 2025
▪️ ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၁၁)ရပ်ကွက်၊ ၃၂လမ်း (အထက်ဘလောက်) ရှိ Beauty Land Hotel တွင် အမျိုးသမီးတစ်ဦး၏ ကိုယ်ခန္ဓာအား အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခဲ့သည့် အသက် ၁၈နှစ်အရွယ်တရားခံအား ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။
▪️ သတ်ဖြတ်ကာအမှိုက်အိတ်ဖြင့်ထည့် စွန့်ပစ်ခံရသည့်အမျိုးသမီးမှာပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှ ရန်ကုန်မြို့တွင် လာရောက်နေထိုင်သည့် အသက် ၂၃ နှစ်ခန့်အရွယ် ပြည့်တန်ဆာ အမျိုးသမီးဖြစ်ပြီးတရားခံမှာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌နေထိုင်သည့်အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။
▪️ တရားခံကို အောက်တိုဘာ ၇ ရက် ညနေပိုင်းက ၎င်း၏နေအိမ်၌ပင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တရားခံနှင့် သေဆုံးသူ အမျိုးသမီးသည် ယခင်သိကျွမ်းခဲ့ခြင်းမရှိဘဲ အခကြေးငွေဖြင့် ပြည့်တန်ဆာကိစ္စပျော်ပါးရန် အွန်လိုင်းမှ တဆင့် ချိတ်ဆက်ခေါ်ယူ ပျော်ပါးခဲ့ပြီးနောက် ယခုကဲ့သို့သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ တရားခံအား လက်ရှိတွင် စစ်ဆေးနေဆဲဖြစ်ပြီး သတ်ဖြတ်ရသည့်အကြောင်းရင်းကို တိတိကျကျမသိရသေးကြောင်း၊တရားခံအား စစ်ဆေးမှုအရမူးယစ်ဆေးဝါးသုံးစွဲကြောင်းမပေါ်ပေါက်သော်လည်း ၎င်းသည် လူသတ် ရုပ်ရှင်ဇာတ်လမ်းများ အကြည့်များသူတစ်ဦး ဖြစ်သည်ဟု စစ်ဆေးသိရှိရကြောင်း သိရသည်။
#YMG/SW #Yangon_Times