#Local_News
Published 8 October 2025

▪️ နေပြည်တော်ကောင်စီနယ်မြေတွင် တည်ဆောက်လျှက်ရှိသည့် ဖွဲနုဆီစက်၊ဆိုလာနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ထုတ်လုပ်မည့်စက်ရုံ၊ EV ဆိုင်ကယ်များတပ်ဆင်ထုတ်လုပ်မည့်စက်ရုံများကို ယမန်နေ့က စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

▪️ ပျဥ်းမနားမြို့နယ်ရှိ MAPCO ၏ ဖွဲနုဆီစက်၊ ဒက္ခိဏသီ ရိမြို့နယ်ရှိ New Stellar Energy MM Co., Ltd. ၏ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ထုတ်လုပ်မည့် စက်ရုံနှင့် Myanmar New Power Auto Co., Ltd. ၏ SKD စနစ်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်၊ နှစ်ဘီး၊ သုံးဘီးဆိုင်ကယ်များတပ်ဆင်ထုတ်လုပ်မည့်စက်ရုံတည်ဆောက်နေမှုများကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ခြင်းဖြစ်သည်။

▪️ ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ -၂၀၂၅ နှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ရန်၊ စက်ရုံစီမံကိန်းလုပ်ငန်းများအမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်၍ သတ်မှတ်ချိန်အတွင်း စတင်လည်ပတ်နိုင်ရန် မှာကြားခဲ့‌ကြောင်း သိရသည်။

▪️ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ၊ စက်တပ်ဆင်ရေးလုပ်ငန်းများ အချိန်မှီပြီးစီးရေး၊ စနစ်တကျရှိရေး၊ လိုအပ်ချက်များကိုကူညီ ဖြည့်ဆည်းပေးနိုင်ရန် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကာ အစွမ်းကုန်ဖြည့်ဆည်းပေးသွားမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။

#YMG/SW #Yangon_Times