#Local_News
Published 8 October 2025

▪️ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ လူမှုအကျိုးပြုလုပ်ငန်း‌ေကာ်မတီဥက္ကဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။

▪️ ယခုလအတွင်းကျင်းပသောကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ကောင်စီ အစည်းအဝေးတွင် ယခုကဲ့သို့ ခန့်အပ်လိုက်ခြင်းဖြစ်ရာ ဦးဇော်ဇော်အနေဖြက့်အဆိုပါ ဥက္ကဌရာထူးကို ၂၀၂၅ခုနှစ်မှ ၂၀၂၉ခုနှစ်အထိတာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

▪️ FIFA၏ လူမှုအကျိုးပြုလုပ်ငန်း‌ေကာ်မတီတွင် ဒုတိယဥက္ကဌအဖြစ်အာဂျင်တီးနား ဂန္တဝင်အားကစားသမားတစ်ဦးဖြစ်သူ Javier Zanetti ကဆောင်ရွက်မည်ဖြစ်ပြီးကော်မတီတွင် အဖွဲ့ဝင်၂၁ဦးပါဝင်မည်ဖြစ်ကြောင်း သိရသည်။

▪️ အာရှဘောလုံးအဖွဲ့ချုပ်AFCအကြီးတန်းဒုတိယဥက္ကဌဖြစ်သူမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဦးဇော်ဇော်အနေဖြင့်လက်ရှိတွင် အာရှဘောလုံးအဖွဲ့ချုပ်၏ လူမှုရေးရာကော်မတီဥက္ကဌနှင့် AFC Dream Asia Foundation ၏ Board of Trustees တစ်ဦးအဖြစ် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ခုနှစ် အထိ တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times