#Local_News
Published 27 September 2025

▪️ လာအိုနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်ကိုင်မည့်မြန်မာလုပ်သား(၂၁)ဦးကို OWIC ကတ်လုပ်ကိုင်ခွင့်ပြုကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe Migration Channel က ထုတ်ပြန်ထားသည်။

▪️ လာအိုနိုင်ငံသို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် ( OWIC) ပြုလုပ်ခွင့်ပြုရန် တင်ပြထားသူများထဲမှ အမည်စာရင်းပါ(၂၁)ဦးသည် ၂-၁၀-၂၀၂၅ ရက်နေ့တွင် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ပြီး OWIC ကတ် ကို ၃-၁၀-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ရမည်ဖြစ်‌ကြောင်းသိရသည်။

▪️ အဆိုပါသတ်မှတ်နေ့ရက်တွင် သင်တန်းတက်ရောက်ခြင်း၊ OWIC ကတ် ပြုလုပ်နိုင်ခြင်းမရှိပါက ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း၊အေဂျင်စီများအနေဖြင့် OWIC  ရရှိပြီးသည့်အလုပ်သမားများအတွက် စေလွှတ်ခွင့်အား ထွက်ခွာလိုသည့်ရက်(ရက်သတ္တ တစ်ပတ်အတွင်း ) ဖော်ပြပြီး စေလွှတ်မည့်အလုပ်သမားစာရင်း၊ နိုင်ငံကူးလက်မှတ် မိတ္တူ၊ OWIC ကတ် မိတ္တူတိုနှင့်အတူ Excel Soft Copy ပြုစု၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ This email address is being protected from spambots. You need JavaScript enabled to view it. သို့ အမြန်ပြန်လည်တင်ပြရမည်ဖြစ်‌ကြောင်းသိရသည်။

#YMG/SW #Yangon_Times