#Daily_News
Published 30 Apirl 2025
၁။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၇၀၀ နီးပါးရရှိပြီး စင်ကာပူမှအများဆုံးရင်းနှီးမြှုပ်နှံ
၂။ ရန်ကုန်ဇုန်အတွက် ဘောလုံးအကယ်ဒမီကျောင်းသားသစ် ပဏာမရွေးချယ်ပွဲ၌ ၃၀၀ခန့်အရွေးခံ
၃။ CHID ဘဏ်က လုပ်ငန်းရှင်များအတွက် ချေးငွေအမျိုးအစားသုံးမျိုးကို ထုတ်ချေးပေးနေ
၄။ နည်းပညာမြင့်ဖိနပ်များနှင့် အားကစားပစ္စည်းများပြပွဲ တရုတ်ပြည်ကျင်ကျန်မြို့၌ပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 30 April 2025
▪️ ငလျင်ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရန် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းပွဲတော်ဖွင့်လှစ်ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ကနေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၌ကျင်းပခဲ့ကြောင်း သိရသည်။
▪️ ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများသည် မဖြစ်မနေလိုအပ်သောပစ္စည်းများဖြစ်ပြီး ငလျင်ဖြစ်ပွားရာ ဒေသများကို စုံစမ်းကြည့်ရာတွင် လိုအပ်ချက် အရ ဈေးနှုန်းကြီးမြင့် ကွာခြားမှုများရှိနေသည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်ရာ ငလျင်ဘေးသင့်ဒေသများတွင် တည်ဆောက်ရေးပစ္စည်းများ အရည်အသွေးပြည့်မီပြီး ဈေးနှုန်းမှန်ကန်စွာဖြင့် လုံလောက် စွာရရှိနိုင်ရေး၊ အချိန်မီရရှိနိုင်ရေးအတွက် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း၊ တက်ရောက်လာသည့်ဌာနများနှင့် အသင်းများကလည်း ဈေးရောင်းပွဲတော်အောင်မြင် စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန်ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။
▪️ ငလျင်ဘေးသင့်အဆောက်အအုံများအား ပြင်းအားရစ်(ခ်)တာစကေး ၈ အဆင့် ဒဏ်ခံနိုင်ရန် ပြန်လည်တည်ဆောက်ရာတွင် အရည်အသွေးမှန်ကန်သည့်ပစ္စည်းများ အသုံးပြုနိုင်ရေးနှင့် ဈေးနှုန်းသက်သာစေရေး၊ အာမခံချက်ရှိသည့်ပစ္စည်းများကို လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုရေးနှင့် အဆောက်အအုံများ မြန်ဆန်စွာဆောက်လုပ် နိုင်ရေးရည်ရွယ်၍ ဈေးရောင်းပွဲတော်ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ အဆိုပါဈေးရောင်းပွဲတော်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
မန္တလေးငလျင်ကြီးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသုံးပြုဖို့အတွက် တရုတ်နိုင်ငံက ကူအညီထောက်ပံ့တဲ့စက်သုံးဆီတွေ မကြာမီ ရောက်ရှိမယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သိရပါတယ်။
#Local_News
Published 30 Apirl 2025
#စက်သုံးဆီ #မကြာမီရောက်ရှိ
#YMG/SW #Yangon_Times
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID)က လုပ်ငန်းရှင်တွေအတွက် ချေးငွေအမျိုးအစားသုံးမျိုးကို ထုတ်ချေးပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 30 Apirl 2025
#CHIDဘဏ် #ချေးငွေအမျိုးအစားသုံးမျိုးထုတ်ချေး
#YMG/SW #Yangon_Times
'ရန်ကုန်ဇုန်အတွက် ဘောလုံးအကယ်ဒမီ ကျောင်းသားသစ် ပဏာမရွေးချယ်ပွဲ၌ ၃၀၀ခန့်အရွေးခံ'ရန်ကုန်ဇုန်အတွက် ဘောလုံးအကယ်ဒမီ ကျောင်းသားသစ် ပဏာမရွေးချယ်ပွဲမှာ လူငယ် ၃၀၀ခန့်အရွေးခံခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 30 Apirl 2025
#ဘောလုံးအကယ်ဒမီကျောင်းသားသစ် #မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
#YMG/NN #Yangon_Times
'နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၇၀၀ နီးပါးရရှိပြီး စင်ကာပူမှအများဆုံး ရင်းနှီးမြှုပ်နှံ' ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဟာ အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါးရရှိပြီး စင်ကာပူနိုင်ငံကနေ အများဆုံး ရင်းနှီးမြှုပ်နှံထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 30 Apirl 2025
#နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု #FDI
#YMG/NN #Yangon_Times
#Local_News
Published 30 April 2025
▪️ ဥရောပသမဂ္ဂမှ ပေးပို့သည့် ငလျင်ထောက်ပံ့ရေးပစ္စည်းများယခုရက်ပိုင်းတွင် ဆက်တိုက်ရောက်ရှိလာခဲ့ရာ ထပ်မံ၍လည်း ဘူလ်ဂေးရီးယားနှင့် ဆွီဒင်နိုင်ငံများမှ ထောက်ပံ့မှုပစ္စည်းများ လာမည့်ရက်ပိုင်းအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ ဥရောပသမဂ္ဂသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက်ပေးဝေနိုင်ရန် သေချာစွာ ဆောင်ရွက်နေပြီးဧပြီလ ၁၈၊ ၁၉ နှင့် ၂၂ ရက်တို့တွင် တန်ချိန် ၉၀ ကျော်ရှိသည့်အသက်ကယ် ကယ်ဆယ်ရေးပစ္စည်း ၇၀,၀၀၀ ကျော် ကို လေယာဉ်သုံးစင်းဖြင့် ထောက်ပံ့ပို့ဆောင်ပေးခဲ့ကြောင်း၊ထိုပစ္စည်းများကို IOM နှင့် ၎င်း၏ ဒေသခံ မိတ်ဖက်အဖွဲ့များမှ အကူအညီ အလိုအပ်ဆုံးသော လူ့အဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယခုရောက်ရှိလာသည့်မီးဖိုချောင်ပစ္စည်း၊ ရေပုံး၊ တာပေါ်လင်နှင့် ဆိုလာမီးအိမ်များပါဝင်သည့်အသက်ကယ်ပစ္စည်းပေးပို့မှုများသည် ဖင်လန်၊ လူဇင်ဘတ်နှင့် IOM ၏ ကမ္ဘာလုံးဆိုင်ရာသိုလှောင်ဂိုဒေါင်မှ ထောက်ပံ့မှုများဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်များအတွင်း ဘူလ်ဂေးရီးယားနှင့် ဆွီဒင်နိုင်ငံများမှ ထောက်ပံ့မှုပစ္စည်းများဖြင့် နောက်ထပ် လေယာဉ်ပို့ဆောင်မှုများကိုလည်း စီစဉ်ထားကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 356 of 2314