#Local_News
Published 25 September 2025

▪️ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှုလျော့နည်းနေခြင်းကြောင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် မြို့နယ်တချို့တွင် ယာယီလျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်သည်။

▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များသည်ယနေ့ (၂၅.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်ခန့်တွင် အရေးပေါ်ရပ်တန့်မှု ဖြစ်ပေါ်သွားသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (400) MW ခန့် လျော့နည်းလျက်ရှိကြောင်း၊ ထို့ကြောင့် အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု လျော့နည်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

▪️ ထိုလျော့နည်းသွား သော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအတွက် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်း ဆောင်ရွက်ရမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့်မြို့နယ်၊ နေရာအချို့တို့ တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ကြောင်း၊ သို့ရာတွင်အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

#YMG/SW #Yangon_Times