#Local_News
Published 25 September 2025

▪️ Manulife Myanmar မှ  ၂၀၂၅ ခုနှစ်အတွက် Great Place To Work® Certified™ အဖွဲ့အစည်း၏  “အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးလုပ်ငန်းခွင်” ဟူသော တရားဝင်အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။

▪️ အဆိုပါ လက်မှတ်မှာ Great Place To Work’s Trust Index™ Survey မှ Manulife Myanmar ရှိ ဝန်ထမ်းများ၏အတွေ့အကြုံများအပေါ် အခြေခံကာ အကဲဖြတ်တိုင်းတာခဲ့ခြင်းလည်းဖြစ်ပြီး  Great Place To Work® ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လုပ်ငန်းခွင်ယဥ်ကျေးမှုများ၊ ဝန်ထမ်းအတွေ့အကြုံများနှင့် စီးပွားရေးနှင့်စပ်ဆက်သော ရလဒ်ကောင်းများရရှိစေရန်အတွက် အကဲဖြတ်တိုင်းတာမှုများ ပြုလုပ်ပေး လျက်ရှိသော ယုံကြည်အားထားရသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

▪️ “အခုလို အလုပ်လုပ်ဖို့ အကောင်းဆုံးလုပ်ငန်းခွင်ဆိုတဲ့ အသိအမှတ်ပြုမှုဆုကိုရရှိတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ Manulife ဆိုတဲ့ ရပ်ဝန်းလေးမှာ ဝန်ထမ်းတွေနဲ့ လူသားရင်းမြစ်တွေအပေါ်မှာ တန်ဖိုးထားမှုတွေ၊ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းအားနဲ့ စိတ်အားထက်သန်မှုအပြည့်နဲ့ ကြိုးပမ်းအားထုတ်နေကြတယ်ဆိုတဲ့အပေါ် ရောင်ပြန်ဟပ်တဲ့ မှတ်တိုင်တစ်ခုပါပဲ။” ဟု Manulife Myanmar ၏ CEO နှင့် General Manager ဖြစ်သူ Gaurav Sharma ကပြောကြားခဲ့သည်။

▪️ ၎င်းတို့၏ အကဲဖြတ်တိုင်းတာခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးသည့် လုပ်ငန်းစဥ်များသည် လုပ်ငန်းခွင်များရှိဝန်ထမ်းများ၏ အသံများကို ထင်ဟပ်စေနိုင်ရုံသာမက လူသားအရင်းအမြစ်အပေါ် ဦးစားပေးတန်ဖိုးထားသော အဖွဲ့အစည်းများကိုသာ မီးမောင်းထိုးရွေးချယ်ဖော်ပြခြင်းလည်း ဖြစ်ကြောင်းသိရသည်။

▪️ “ဒီအသိအမှတ်ပြုမှုက အောင်မြင်မှုတွေဆီကို ကတိကဝတ်တွေထားရှိပြီး မဆုတ်မနစ်ကြိုးစားပုံဖော်နေကြတဲ့ ကျွန်တော့်တို့ Manulife Myanmar အဖွဲ့ကြီးတစ်ခုလုံးနဲ့ သက်ဆိုင်တာဖြစ်ပါတယ်။ အခုရရှိတဲ့ အသိအမှတ်ပြုမှုကို အားလုံးနဲ့အတူ ဂုဏ်ပြုရင်း ဝန်ထမ်းတိုင်း ပျော်ရွှင်အောင်မြင်ဖို့ ပျိုးထောင်ပေးနိုင်တဲ့ လုပ်ငန်းခွင်တစ်ခုအဖြစ်ဆက်လက်ရပ်တည်သွားနိုင်ဖို့ အာရုံစိုက်လုပ်ကိုင်သွားမှာဖြစ်ပါတယ်” ဟု Gaurav ကဆက်လက်ပြောကြားသည်။

▪️ ထို့အပြင် Great Place To Work Certification ဆိုသည်မှာ ဝန်ထမ်းများ၏  အတွေ့အကြုံများအပေါ် တသမတ်တည်းတိုင်းတာပြီး ရည်ရွယ်ချက်များ ထိရောက်စေရန် စဥ်ဆက်မပြတ်ဦးတည်အာရုံစိုက်လုပ်ဆောင်ခြင်းမှ ရရှိလာသည့် မြင့်မားသော ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုတစ်ခုဖြစ်ကြောင်း  Great Place To Work ရှိ Global Recognition ၏ ဒုတိယဥက္ကဌဖြစ်သူ Sarah Lewis-Kulin ကပြောသည်။

▪️ “အခုလို အသိအမှတ်ပြုတာကို အောင်မြင်စွာ ရရှိခဲ့ခြင်းက Manulife Myanmar ဟာ အလုပ်လုပ်ကိုင်ဖို့အတွက် ထိပ်တန်းကုမ္ပဏီ တစ်ခုအဖြစ် မြန်မာနိုင်ငံမှာ ရပ်တည်နေတယ်ဆိုတာကို ပြသနိုင်တာဖြစ်သလို သူ့ရဲ့ ဝန်ထမ်းတွေအတွက်လည်း ကောင်းမွန်တဲ့လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်တစ်ခုကို ပေးစွမ်းဖို့အစွမ်းကုန်ပံ့ပိုးလုပ်ဆောင်ပေးနေတယ်ဆိုတာ ထင်ရှားပါတယ်။” ဟု ဆက်ပြောသည်။

▪️ Manulife Myanmar အနေဖြင့် မြန်မာ့လူမှုအသိုက်အဝန်းတွင် ထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ်သာမက ယုံကြည်စိတ်ချရသော မိတ်ဖက်တစ်ဦးအဖြစ် ရှိစေရန် ဆန်းသစ်တီတွင်မှုနှင့်ပူးပေါင်းလုပ်ဆောင်မှုများအပေါ် မြှင့်တင်ခြင်းအားဖြင့် မိမိတို့၏ လုပ်ငန်းခွင်ရပ်တည်မှုအဆင့်အတန်းကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်သည်။

▪️ Manulife ၏ လုပ်ငန်းခွင်စံသတ်မှတ်ချက်များနှင့် တန်ဖိုးများအတိုင်း Customer များကိုဦးစားပေးလုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏လိုအပ်ချက်များနှင့် ပြင်းပြသောဆန္ဒများအပေါ်ဦးတည်ပြီး ကျွန်ုပ်တို့အနေဖြင့် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည်။

▪️ ထို့အပြင် ခွဲခြားဆက်ဆံခြင်းကင်းပြီး အတူတကွပူးပေါင်းလုပ်ဆောင်တတ်သော Manulife ၏ လုပ်ငန်းခွင်ယဥ်ကျေးမှုကြောင့် ဝန်ထမ်းများအနေဖြင့် အင်ပြည့်အားပြည့် ထည့်ဝင်ကာ အလုပ်လုပ်နိုင်စွမ်းကို ဖြစ်ပေါ်စေပြီး ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြင့်တင်ခြင်းဖြင့် Customer များနှင့် လူမှုအသိုက်အဝန်းအတွက် အရေးပါသောသက်ရောက်မှုများကို ဖန်တီးနိုင်စေမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times