#Local_News
Published 19 September 2025
▪️ မွန်ပြည်နယ် မော်လမြိုင်မြို့၌ မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲ ကိုယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ (၁၉၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို စက်တင်ဘာလ(၁၉)ရက်မှ(၂၀)ရက်နေ့,နှစ်ရက်တိုင်တိုင်လောင်းလှူ ခြင်းဖြစ်ပြီး ပထမနေ့(၁၉)ရက်နေ့တွင် ဇေယျာသီရိရပ်ကွက်၊လောကမာရဇိန်စေတီမှစတင်၍ ဒိုင်းဝန်ကွင်းအောက်လမ်းမကြီး သာယာကုန်းဝတ်တော်ကြီး၊ဗဟိုလမ်း၊ပြည်နယ်အစိုးရရုံးရှေ့အထိ အလှုခံတော်မူခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ဒုတိယနေ့(၂၀)ရက်နေ့တွင်သာယာကုန်းဝတ်တော်ကြီးမှသီရိမြိုင်ရပ်ကွက်ရွှေလမ်းထိပ်မှအတုလမာန်အောင်စေတီတော်ထိအလှူခံကြွရောက်ခဲ့ကြောင်း သိရသည်။
▪️ ထိုဆွမ်းဆန်တော်လောင်းလှူပွဲသို့ ကျောင်းပေါင်း(၄၁၃)ကျောင်းမှ ရဟန်းသာမဏေပေါင်း(၈၃၁၄)ပါး ၊သီလရှင်ဆရာကြီး/လေးများ(၁၅၁၅)ပါး ကြွရောက်အလှူခံတော်မူခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times