#Local_News
Published 20 March 2025
▪️ တနင်္သာရီတိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ်ငါးခု၌ အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ယနေ့ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများ အားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ပြီး နောက်(၂)ရက်အတွက်ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင် ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 20 March 2025
▪️ယခုလအတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုပိုမိုများပြားလာကြောင်း ဧရာဝတီတိုင်းဒေသကြီး ၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ပြီးခဲ့သည့်ပိတ်ရက်ရှည်ကာလအတွင်းက တစ်ရက်လျှင် ခရီးသွားဧည့်သည် ၂၀၀၀ကျော်ဝန်းကျင်သာဝင်ရောက်ခဲ့သော်လည်းယင်းနောက်ပိုင်းမှ စတင်၍ တစ်ဖြည်းဖြည်းဆက်လက်များပြားလာကာ တစ်ရက်လျှင်ခရီးသွားဦးရေ ၂၈၀၀ ခန့်
ဝင်ရောက်နေကြောင်း သိရသည်။
▪️ငွေဆောင်ကမ်းခြေသည် ရေ ပိုမိုကြည်လင်သည့်အပြင် ချစ်သူများကျွန်း၊ မြွေကျွန်း၊ ငွေဆောင် ညဈေးတန်း စသည့် နေရာများသို့လည်း သွားရောက်လည်ပတ်နိုင်သကဲ့သည့်အတွက် ပြည်တွင်း၊ပြည်ပခရီးသွားများဝင်ရောက်မှုများပြားလေ့ရှိကြောင်း သိရသည်။
▪️အဆိုပါ ကမ်းခြေ၌ ခရီးသွားဧည့်သည်များတည်းခိုရန် ဟိုတယ်ပေါင်း ၃၄ လုံးဖြင့်ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 March 2025
▪️ ဂျပန်နိုင်ငံရှိကုမ္ပဏီပေါင်း ၄၀၀ကျော်က မြန်မာလုပ်သား၁၄၀၀ခန့် ခေါ်ယူသွားရန်ရှိကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ယမန်နေ့က ထုတ်ပြန်ထားသည်။
▪️ တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာသည့်အလုပ်ကမ်းလှမ်းစာများကို စိစစ်ဆောင်ရွက်ပေးလျှက်ရှိပြီးထိုသို့ဆောင်ရွက်ရာတွင်ဂျပန်နိုင်ငံ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည်ဂျပန်နိုင်ငံ၌တရား ဝင် တည်ထောင်ထားတာရှိမရှိနှင့်စာရွက်စာတမ်းအထောက်အထားများ စိစစ်ကာ တွေ့ရှိရသည့် စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနကို ပြန်လည် ပေးပို့လျှက်ရှိကြောင်း သိရသည်။
▪️ လက်ရှိအသုတ်ခေါ်ယူရာတွင် မြန်မာ အလုပ်သမား အမျိုးသား ၃၅၁ ဦး၊ အမျိုးသမီး ၁၀၁၂ ဦး စုစုပေါင်း ၁၃၆၃ဦးကို ခေါ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 18 March 2025
▪️ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲကို မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)-၂၂အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း သိရသည်။
▪️ အဆိုပါ ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာယူ-၂၂ အသင်းကို ပြည်နယ်နှင့်တိုင်းများရှိ ကလပ်အသင်းများမှ ကစားသမားများဖြင့် ရွေးချယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကစားသမားများကို ယခုဖော်ဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 March 2025
▪️ CMP လုပ်ငန်းသို့ ဝင်ရောက်သည့် နိုင်ငံခြားငွေမှ ဒေါ်လာ ၂.၂ သန်းခန့် ဗဟိုဘဏ် နေ့စဉ် ထုတ်ရောင်းပေးနေသည့်အပြင် စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ ၃၃ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) ကနေ CMP လုပ်ငန်းများ ကို ဝင်ရောက်သည့် နိုင်ငံခြားငွေမှ တစ်ရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂.၂ သန်းခန့် နေ့စဉ်ရောင်းချပေးနေခြင်းဖြစ် ကြောင်းသိရသည်။
▪️ အဆိုပါ နိုင်ငံခြားငွေများကို စက်သုံးဆီနှင့် အခြားကုန်စည်များ တင်သွင်းသည့် လုပ်ငန်းရှင်များအတွက် ရည်ရွယ်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် FX Trading Platform မှ စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၃၃ သန်း ရောင်းချပေးမည်ဖြစ်ကြောင်းလည်း ယမာန်နေ့က ကြေညာထားကာ ရောင်းချပေးမည့် နိုင်ငံခြားငွေအတွက် သတ်မှတ်ငွေလဲနှုန်းကိုမူ သီးခြားဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 March 2025
▪️ ယမန်နေ့ မတ်လ ၁၇ ရက် ညပိုင်းက ကမာရွတ်မြို့နယ်အနီး အင်အားအနည်းငယ်ရှိ မြေငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မတ်လ ၁၇ ရက်နေ့ ည (၉) နာရီ (၂၈)မိနစ်၊ (၃၉)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကမာရွတ်မြိုနယ်၏ မြောက်ဘက် (၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆ ဒသမ ၈၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၁၃)ဒီဂရီ၊ အနက် (၁၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃ ဒသမ ၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုငလျင်လှုပ်ခတ်မှုကို စမ်းချောင်း၊ ရန်ကင်း၊ လမ်းမတော်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာနှင့် သမိုင်းမြို့နယ်များရှိ ရပ်ကွက်အချို့၌ အနည်းငယ်ခံစားခဲ့ရကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 17 March 2025
၁။ YPS ကတ်များငွေဖြည့်သွင်းခြင်းကို mobile money မှတဆင့် ဖြည့်သွင်းနိုင်ရန်ဆောင်ရွက်နေ
၂။ ရည်ညွန်းဈေး ဆက်တိုက်ကျဆင်းနေသည့် စားအုန်းဆီပြင်ပပေါက်ဈေးကျဆင်းရန်လို
၃။ ကမ္ဘာ့ရွှေ စံချိန်တင်မြင့်တက်နေသော်လည်း ရည်ညွှန်းဈေးကျပြီး အရောင်းအဝယ်အေးနေ
၄။ အမေရိကန်စစ်မှုထမ်းဟောင်းများ ဝါရှင်တန်ဒီစီကပ်ပီတိုလ်လွှတ်တော်ရှေ့၌ဆန္ဒထုတ်ဖော် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 367 of 2276