ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ခရမ်းချဉ်သီးတွေကို တာချီလိပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို တင်သွင်းနေရတဲ့အတွက်ခရမ်းချဉ်သီးဈေး ယခင်ထက် အနည်းငယ်မြင့်တက်လာတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်
#Local_News
Published_10 June 2024
#ခရမ်းချဉ်သီး #ထိုင်းမှဝယ်ယူမှုများနေ
#YMG/LW #Yangon_Times
အိန္ဒိယဝယ်လိုအားကြောင့် မြန်မာ့မတ်ပဲ ဈေးကွက်အလားအလာကောင်းပြီး ဈေးဆက်မာနိုင်တယ်လို ပဲဈေးကွက်ထဲ ကသိရပါတယ်။
#Local_News
Published_10 June 2024
#အိန္ဒိယဝယ်လိုအားမြင့် #မြန်မာ့မတ်ပဲဈေးဆက်မာနိုင်
#YMG NN #Yangon_Times
'အာဆီယံ ကျောင်းသားအားကစားပြိုင်ပွဲ' မှာ မြန်မာနိုင်ငံမှ ကျောင်းသားအားကစားအဖွဲ့က ဗိုဗီနမ်အားကစားဖြင့် ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ် (၁)ဆု၊ ကြေးတံဆိပ် (၄)ဆုစုစုပေါင်း(၇)ဆုတို့ ဆွတ်ခူးခဲ့တယ်။
#Local_News
Published_10 June 2024
#'အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ' #မြန်မာမှရွှေ(၂)ဆု
#tthl #Yangon_Times
#Local_News
Published 10 June 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနှင့် အုတ်ပုံဆိပ်လမ်းထောင့်တွင် ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့နှင့်ပရဟိတအသင်းထံက သိရသည်။
▪️ ဇွန်လ ၁၀ရက် မွန်းတည့် ၁၂နာရီ ၅၅ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
▪️ ထိုသို့မီးငြိမ်းသတ်သောကြောင့် နေ့လည် ၁နာရီဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ယာဉ်မောင်းမှာ အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါကားမီးလောင်မှုဖြစ်စဥ်ဖြစ်ပွါးသည့်နေရာသို့ "ရွှေရောင်သမိုင်း"အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ကျအသင်းဝင်များက လူနာတင်ယာဥ်(၁)စီးတို့ဖြင့် ထွက်ခွာခဲ့ပြီး လက်တွင် အနည်းငယ်ပွန်းပဲ့ရှနာဒဏ်ရာရရှိသည့် ယာဉ်မောင်းအမျိုးသားအား ဆေးထည့်ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_10 June 2024
▪️ ယခုအပတ်တွင် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို စားအုန်းဆီတစ်ပိဿ ၅၃၆၅ ကျပ်ဖြင့်ရောင်းချရန်သတ်မှတ်ထားပြီး ဈေးမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားခြင်းများဆောင်ရွက်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ပြီးခဲ့သည့် အပတ်က စားအုန်းဆီတစ်ပိဿ ၅၃၄၅ကျပ်သတ်မှတ်ခဲ့ပြီး ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ် ဇွန် ၁၀ ရက်မှ ဇွန် ၁၆ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၃၆၅ ကျပ်ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားသည်။
▪️ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး
▪️ စားအုန်းဆီအဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း၊
▪️ ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
▪️ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
▪️ တိုင်းနှင့်ပြည်နယ်အသီးသီးရှိစားအုန်းဆီဖြန့်ဖြူးသူများအနေဖြင့် အပါတ်စဉ် ရည်ညွှန်းဈေးအပေါ် ဖြစ်သင့် ဖြစ်ထိုက်သည့်သယ်ယူပို့ဆောင်စရိတ်နှင့်အမြတ်(၂)ရာခိုင်နှုန်းသာ ထပ်ဆောင်းရောင်းကြရန်နှင့် ဈေးမကစားကြရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီကုန်သည်များအသင်းမှ အသိပေးချက်ထုတ်ပြန်ထားသည်။
#tthl #Yangon_Times
#Local_News
Published_10 June 2024
▪️ မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT)လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ရလဒ်ကောင်းများရရှိကာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)မှအသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ရလဒ်ကောင်းများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် လက်ငင်းရလဒ်(၂)ခုဖြစ်သည့် ငွေရေးကြေးရေး မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များအတွက် ကြီးကြပ်ရေးအာဏာပိုင်များ လုံလောက်စွာခန့်အပ်ခြင်းနှင့် ဘဏ်များအား ကြီးကြပ်စစ်ဆေးခြင်း၊
▪️ ၂၀၂၂ ခုနှစ်တွင် လက်ငင်းရလဒ်(၁)ခုဖြစ်သည့် လူအများအပြားသေကြေစေသည့်လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(PFTFS)အတွက် ကြီးကြပ်ရေးအာဏာပိုင်များအား သင်တန်းပေးခြင်း၊
▪️ ၂၀၂၃ ခုနှစ်တွင် လက်ငင်းရလဒ်(၁)ခုဖြစ်သည့် PFTFS အတွက် သတင်းပို့ အဖွဲ့အစည်းများအား အသိပညာပေးခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းနှင့်
▪️ ၂၀၂၄ ခုနှစ်တွင် လက်ငင်းရလဒ်(၁)ခုဖြစ်သည့် ကျောက်မျက်၊ ရွှေရောင်းဝယ်သူများ၊ အိမ်ခြံမြေကဏ္ဍတို့အား ဆုံးရှုံးနိုင်ခြေအခြေပြု ကြီးကြပ်စစ်ဆေးခြင်းစသည့် စုစုပေါင်းလက်ငင်းရလဒ် (၅)ခုသည် ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်းအဆင့်သို့ တိုးမြှင့်ရရှိခဲ့သည်ဟုဆိုသည်။
▪️ ထို့အပြင် APG သို့ တစ်နှစ်လျှင်တစ်ကြိမ် တင်ပြလျက်ရှိသည့် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် တိုးတက်မှုအစီရင်ခံစာ၌ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများ ထည့်သွင်းဖော်ပြပြီး အဆင့်သတ်မှတ်ချက်များ တိုးမြှင့်တောင်းခံခဲ့ရာ စဉ်ဆက်မပြတ် တိုးတက်မှုအစီရင်ခံစာ (၂၀၂၃)အား အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(APG) ၏ အကဲဖြတ်ချက်အရ အကြံပြုချက် (၂၅)ချက်အား စံနှုန်းသတ်မှတ်ချက်ကောင်းမွန်သည့် ကြီးမားစွာ လိုက်နာဆောင်ရွက်ခြင်းအဆင့်သို့ တိုးမြှင့်ရရှိပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ၂၀၂၄ ခုနှစ်အတွင်း အကြံပြုချက်(၂)ချက်အပေါ် စံနှုန်းသတ်မှတ်ချက် တိုးတက်ကောင်းမွန်ကြောင်း အဆင့်တိုးမြှင့်ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။
▪️ မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT)လုပ်ငန်းများနှင့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ စံသတ်မှတ်ချက်များနှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG)၏ အကြံပြုချက်များအတိုင်း စဉ်ဆက်မပြတ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
▪️ အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအစီရင်ခံစာများအား ပြုစုပြီး အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG)ထံသို့ လေးလတစ်ကြိမ်ပေးပို့ခြင်း၊ ယင်းအဖွဲ့၏ မျက်နှာချင်းဆိုင်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့များ တက်ရောက်၍ APJG မှအကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ ရှင်းလင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊
▪️ သို့ပါ၍ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် FATF နှင့် APG တို့က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးလျက်ရှိပါကြောင်း အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်အပ်ကြောင်းလည်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်၌ ဖော်ပြပါရှိကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published-10 June 2024
▪️ ပဲခူးမြစ်အတွင်း(သန်လျင်တံတား-၃) တံတားအားလတ်တလောတွင် အခမဲ့ဖြတ်သန်းခွင့်ပြုထားပြီး မေလတတိယအပတ်မှသာစတင်၍မော်တော်ယာဉ် အမျိုးအစားအလိုက်ကောက်ခံသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ ပဲခူးမြစ်အတွင်း(သန်လျင်တံတား-၃)အသုံးပြုခအား တံတားစတင် ဖွင့်လှစ်ခဲ့သည့် ဇွန် ၈ ရက်မှ စတင်၍ ဇွန် ၁၅ရက်အထိ အခမဲ့ဖြတ်သန်းခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဇွန် ၁၆ရက်နေ့မှစတင်၍ တံတားဖြတ်သန်းခများကို အိမ်စီးကား၊ ခရီးသည်တင်ကား၊ကုန်တင်ကားစသဖြင့် မော်တော်ယာဉ်အမျိုးအစားအလိုက် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ကောက်ခံရာတွင် အိမ်စီးကားသုံးတန်အောက် ယာဉ်များဖြစ်သည့် Land Cruiser ၊Wish၊ Alphard ၊ Double Cab ၊ Super Custom စသည့် ယာဉ်+ကုန် အပါအဝင် သုံးတန်အောက်ယာဥ်များမှာ ပေ၈၀၀၀အထက် ကောက်ခံနှုန်း ကျပ်၅၀၀ ၊ ခရီးသည်တင်ယာဉ်ငယ်များဖြစ်သည့် ဟိုင်းလတ်၊လိုက်ထရပ်၊ဒိုင်နာ၊ကင်တာစသည့် ယာဉ်+ ကုန်၆တန် ယာဉ်များမှာ ပေ ၈၀၀၀ အထက်ကောက်ခံနှုန်း ကျပ်၁၀၀၀၊ ခရီးသည်တင်ယာဉ်လတ်များဖြစ်သည့် Minibus ၊ BM နှင့်ခရီးသည်တင်ယာဉ်ကြီး များဖြစ်သည့် ဟီးနိုး ၊ဟွန်ဒိုင်းစသည့် ယာဉ်+ကုန် ၂၁ တန်ယာဉ်များမှာပေ၈၀၀၀အထက် ကောက်ခံနှုန်း ကျပ်၂၀၀၀ အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။
▪️ ကုန်တင်ကားငယ် ၊၆ဘီး၊၈ဘီးကုန်တင်ယာဉ်စသည့် ယာဉ်+ကုန် ၂၁ တန်ယာဉ်များမှာ ပေ၈၀၀၀အထက် ကောက်ခံနှုန်း ကျပ်၄၀၀၀နှင့် တန်ပိုဒဏ်ကြေး ၁၂,၀၀၀ အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။
▪️ ထို့အပြင် ကုန်တင်ကားကြီး၊ ၁၀ဘီး၊ ၁၂ဘီး၊ ၁၄ဘီး၊ တွဲကားကုန်တင်ယာဉ်စသည့် ယာဉ်+ကုန် ၃၄ တန်ယာဉ်များမှာ ပေ ၈၀၀၀အထက် ကောက်ခံနှုန်း ကျပ်၁၂,၀၀၀နှင့် တန်ပိုဒဏ်ကြေး ၂၂,၀၀၀ အဖြစ်သတ်မှတ်ထားကြောင်းသိရသည်။
▪️ ကုန်တင်တွဲကား ၁၈ဘီး၊၂၂ဘီး၊တွဲကား ၊ ယာဉ်+ကုန် ၅၀ဒဿမ၅ တန်ယာဉ်များမှာ ပေ ၈၀၀၀ အထက် ကောက်ခံနှုန်း ကျပ်၂၂,၀၀၀နှင့် တန်ပိုဒဏ်ကြေး ၆၆,၀၀၀ အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။
▪️ ထို့အပြင် ကုန်တင်တွဲကား(ခါလီ ) ကုန်မပါရှိပါက ပေ ၈၀၀၀အထက် ကောက်ခံနှုန်းမှာ ကျပ် ၄,၀၀၀ အဖြစ်သတ်မှတ်ထားကြောင်းသိရသည်။
▪️ အဆိုပါ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတား-၃) ဖွင့်ပွဲအခမ်းအနားကို ဇွန်၈ရက်နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
▪️ ပဲခူးမြစ်အတွင်း(သန်လျင်တံတား-၃)အား ဖွင့်ပွဲအခမ်းအနား ပြီးဆုံးချိန်မှစတင်၍ မော်တော်ယာဉ်များဖြတ်သန်းသွားလာခွင့်ပေးခဲ့ရာ သန်လျင်မြို့သို့ အသွားအပြန်ပြုလုပ်လျှက်ရှိသည့် မော်တော်ယာဉ်များသည် အဆိုပါ တံတားအသစ်ကြီးပေါ်မှ စည်ကားများပြားစွာဖြင့် ဖြတ်သန်း မောင်းနှင်လျက်ရှိပြီး စတင်ဖွင့်လှစ်သည့်နေ့တွင် ကားအစီးရေ၁၂၉၈၈ စီးဖြတ်သန်းမောင်းနှင်ခဲ့ပြီး ယနေ့နံနက်ပိုင်း ကားအစီးရေ ၄၂၀၀ စီးကျော် ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း သိရသည်။
▪️ ယခုကဲ့သို့ ပဲခူးမြစ်အတွင်း(သန်လျင်တံတား-၃) တံတားသစ်ကြီးကို တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သန်လျင်တံတား-၁ တွင်ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 370 of 1969