#Local_News
Published 21 May 2025
▪️ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဓာတ်ခွဲခန်းစင်တာ၌ စားသုံးဆီအမျိုးမျိုး၊ရေနှင့် စားသောက်ကုန်များ၏ အရည်အသွေးများအားစစ်ဆေးပေးနေကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဓာတ်ခွဲခန်းစင်တာသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း (၂၀၂၂) ဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး စင်တာ၌ စားသောက်ကုန်များ၏ ကုန်ကြမ်းနှင့် ကုန်ချောပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
▪️ ထို့အပြင် စားသောက်ကုန်များ၏ အရည်အသွေးများဖြစ်သည့် အသားဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ကဆီဓာတ်များ၊ လူကိုအကျိုးပြုသည့် သတ္တုဓာတ်များနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် သတ္တုဓာတ်များကို Protein analyzer ၊ Fat Analyzer ၊ Fiber analyzer စသည့် အဆင့်မြင့်နည်းပညာသုံးစက်ကိရိယာပစ္စည်းများဖြင့် ဓာတ်ခွဲတိုင်းတာပေးသည့်အပြင် စားသုံးဆီအမျိုးမျိုးတို့၏ အရည်အသွေးများ၊ သောက်ရေ၊ သုံးရေနှင့် စွန့်ပစ်ရေများ၏ အရည်အသွေးများ၊ ရေများတွင် ပျော်ဝင်နေသော သတ္တုဓာတ်များနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် သတ္တုဓာတ်များကို Atomic Absorption Spectrometer စက်များဖြင့် တိုင်းတာစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ စင်တာသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းက စားသောက်ကုန်များ၏ ကုန်ကြမ်းနှင့် ကုန်ချောပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။
▪️ ထိုသို့ စစ်ဆေးရာတွင် ဒုတိယဝန်ကြီးသည် ဓာတ်ခွဲခန်းအသီးသီးတွင် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသားရေးလုပ်ငန်းစဉ်များနှင့် တိုက်ရိုက်ပတ်သက်လျက်ရှိသော ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရသည်ဖြစ်ပြီး တိုင်းတာမှုရလဒ်များ၏ သက်ရောက်မှုသည် ကြီးမားသည်ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို အစဉ်ရှေးရှုကာ အရည်အသွေးစံနှုန်းများနှင့်အညီ အထူးဂရုပြုတိုင်းတာဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 20 May 2025
၁။ ဒေါ်လာ သန်း၃၀နီးပါးတန်ဖိုးရှိ ရေထွက်ကုန်ငါးတန်ချိန် သုံးသောင်းနီးပါးတင်ပို့ထား
၂။ ငွေကြေးလက်ဆောင်လက်ခံခြင်းမပြုရန်နှင့် ကျောင်းထွက်သူလုံးဝမရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနတိုက်တွန်း
၃။ ဧပြီလအတွင်း ပြည်ပသို့ ပျားရည် မက်ထရစ်တန် ၂၀၀ ကျော်တင်ပို့ခဲ့ပြီး ထိုင်းသို့အများဆုံးတင်ပို့
၄။ တရုတ်၏ချန်ဂီ(၅)အာကာသမစ်ရှင်မှ ရရှိသော လကမ္ဘာနမူနာပစ္စည်းများကိုလက်ခံရရှိသည့် ယူကေမှသိပ္ပံပညာရှင်ကြီးတစ်ဦး လက်ခံရရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးကဏ္ဍ ၁၂ ခုအနက်ယခုနှစ် ဧပြီလကုန်အထိ စွမ်းအင်ကဏ္ဍမှာ အများဆုံးရင်းနှီးမြှုပ်နှံထားကြတယ်လို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရပါတယ်။
#Local_News
Published 20 May 2025
#စွမ်းအင်ကဏ္ဍ #အများဆုံးရင်းနှီးမြှုပ်နှံထား
#YMG/SW #Yangon_Times
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်စဖြစ်တဲ့ ဧပြီလအတွင်းပြည်ပသို့ ပျားရည် မက်ထရစ်တန် ၂၀၀ ကျော်တင်ပို့ခဲ့တယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရပါတယ်။
#Local_News
Published 20 May 2025
#ပျားရည် #ထိုင်းသို့အများဆုံးတင်ပို့
#YMG/SW #Yangon_Times
လာမယ့်ကျောင်းဖွင့်ရာသီမှာ အခြေခံပညာကျောင်းတွေက ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းတွေအနေနဲ့ ငွေကြေးလက်ဆောင်လက်ခံခြင်းမပြုကြဖို့နဲ့ ကျောင်းထွက်သူလုံးဝမရှိစေရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ပညာရေးဝန်ကြီးဌာနတိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 20 May 2025
#ငွေကြေးလက်ဆောင်လက်မခံရန် #ဆရာများအား တိုက်တွန်း
#YMG/NN #Yangon_Times
အခုဘဏ္ဍာနှစ်စဖြစ်တဲ့ ဧပြီလတစ်လတာအတွင်း ပြည်ပနိုင်ငံတွေကိုဒေါ်လာ သန်း၃၀နီးပါးတန်ဖိုးရှိ ရေထွက်ကုန်ငါးတန်ချိန် သုံးသောင်းနီးပါးတင်ပို့နိုင်ခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 20 May 2025
#ရေထွက်ကုန် #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
#Local_News
Published 20 May 2025
▪️ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူ ထောင်ခြင်းဖိုရမ်ကို နေပြည်တော်၌ ယခုလကုန် မေလ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆိုတက်ရောက်နိုင်ကြောင်း သိရသည်။
▪️ မန္တလေး ငလျင်ကြီးခံစားရပြီး နောက်ပိုင်း မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ယခုဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်မတ်လအတွင်းက နိုင်ငံတော်အဆင့်ဖိုရမ်တစ်ခုကို နိုင်ငံတကာပညာရှင်များအပါအဝင် ပြည်တွင်းပညာရှင်များဖြင့် အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ယခုဖိုရမ်မှလည်း နိုင်ငံတော်အတွက် ကောင်းမွန်သည့်ရလဒ်များ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း၊ ယခု ကျင်းပမည့် ဖိုရမ်သို့လုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူပြည်သူများ ပါဝင်တက်ရောက်ပြီး လက်တွေ့ကျကျဆွေးနွေးနိုင်ရန်နှင့် ပြည်သူများ၊ လုပ်ငန်းရှင်များ ပိုမိုပူးပေါင်းဆောင်ရွက်ရန်လည်း ရည်ရွယ်ကြောင်း၊ အဆိုပါဖိုရမ်တွင် ကောင်းမွန်သည့်ရလဒ်များဖြင့် တိုင်းပြည်အရွေ့တစ်ခုသို့ ရောက်ရှိ စေရေးအတွက် လိုအပ်သည့်ဆွေးနွေးချက်များရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလို ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည် ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဖိုရမ် ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ပြောကြားခဲ့သည်။
▪️ အဆိုပါ ဖိုရမ်တွင် မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ၊ စီးပွားရေးပြန်လည်ထူထောင်ရာတွင် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ စီးပွားရေးပြန်လည်ကုစားခြင်းအတွက် စုပေါင်းအဖြေရှာခြင်းဟူသည့် ခေါင်းစဉ်သုံးခုဖြင့် ဆွေးနွေးကြမည်ဖြစ်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စီးပွားရေးလုပ်ငန်းများအား ပြန်လည် ထူထောင် အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ပြည်ပ ဈေးကွက် စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေးပိုမိုကောင်း မွန်စေမည့်အခွင့်အလမ်းများနှင့် ကြုံတွေ့ရနိုင်သည့်စိန်ခေါ်မှုများအား သိရှိနိုင်စေရန်၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခင်းအကျင်းနှင့် ပထဝီစီးပွားရေးအခွင့်အလမ်းများကို သိရှိအသုံးချပြီး ပြည်တွင်းမှ ထုတ်ကုန် ပစ္စည်းများအား ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း ပေါင်းစည်းမြှင့်တင်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပမည်ဖြစ်ကြောင်းနှင့် ဖိုရမ်သို့ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 373 of 2356