#Local_News
Published 05 September 2025
▪️ မြစ်ကြီးနားမြို့နယ်၌ ကြက်ခြံမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ တစ်နာရီခွဲ ကျော် ကြာငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ စက်တင်ဘာ ၄ ရက်နေ့၊ နေ့လယ် ၂နာရီ ၅ မိနစ်အချိန်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာ၊ နယ်မြေ(၅)၊ ခြံအမှတ်(၅) တွင် ကြက်ခြံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မီးသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ ရမ်ပူအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မြို့နယ်စည်ပင်မှ ရေသယ်ယာဉ်(၁)စီး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃နာရီခွဲအချိန်၌ မီးငြိမ်းခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times