#Local_News
Published 05 September 2025
▪️ ငလျင်ကြောင့်ပြိုကျခဲ့ရသည့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦမှ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော Sky Villa အဆောက်အအုံ A အဆောင်အား မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
▪️ ထိုသို့ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၅ ရက်နေ့တွင် အဆောင် (A) မှ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းအား မနက် ၁၀ နာရီ၅ မိနစ်အချိန်တွင် ထပ်မံထုတ်ယူနိုင်ခဲ့ပြီး မာလာမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times