#Local_News
Published 05 September 2025

▪️ ယမန်နေ့ညပိုင်းကဒဂုံမြို့နယ်အလုံလမ်းနှင့်ပြည်လမ်းထောင့်တွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားပြီးယာဉ်မောင်းအမျိုးသားသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းအနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။

▪️ ဖြစ်စဉ်မှာ စက်တင်ဘာလ(၄)ရက် ည၁၁နာရီ ၁၅မိနစ်အချိန်ခန့်က ဒဂုံမြို့နယ် အလုံလမ်းနှင့်ပြည်လမ်းထောင့်တွင်ကိုယ်ပိုင်ကားတစ်စီးမှလမ်းလယ်ကျွန်းသစ်ပင်အားဝင်တိုက်မိရာမှတိုက်မိသည့်အရှိန်ဖြင့်ယာဉ်မောင်းအမျိုးသားတစ်ဦးကားခေါင်းခန်းအတွင်းသေဆုံးခဲ့ခြင်းဖြစ်‌ကြောင်း၊ အခင်းဖြစ်ပွါးရာနေရာမှရုပ်အလောင်းအား အနာဂတ်အလင်းတန်းပရဟိတအသင်းမှလူနာတင်ယာဉ်ဖြင့်ရန်ကုန်ဆေးရုံကြီးသို့အခမဲ့ပို့ဆောင်ကူညီပေးခဲ့ ကြောင်းသိရသည်။

▪️ အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသည် မကြာခဏယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာဖြစ်ကြောင်း လူမှုကွန်ရက်အသုံးပြုသူများက မှတ်ချက်ပြုထားကြပြီး ယခုယာဉ်တိုက်မှုဖြစ်ပွားခြင်းမှာ စက်ဘီးတစ်စီးအားရှောင်လိုက်ရာမှ သစ်ပင်ကိုဝင်တိုက်မိခြင်းဖြစ်ကြောင်းကိုလည်း သေဆုံးသူ၏ အမဖြစ်သည်ဟုဆိုသူက လူမှုကွန်ရက်တွင်ပြန်လည်ရှင်းလင်းပြောကြားထားသည်။

#YMG/SW #Yangon_Times