#Local_News
Published 24 December 2024
▪️ ယနေ့ ဒီဇင်ဘာလ ၂၄ရက်က ဆင်ပေါင်ဝဲမြို့အနီးအင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၂၇)မိနစ်၊ (၂၅)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အ နောက်တောင်ဘက် မိုင် (၇၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဆင်ပေါင်ဝဲမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၅၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၈) ဒီဂရီ၊ အနက်(၆၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတစ်ဝန်း ယခုလဆန်းမှ စ၍ အင်အားအသင့်အတင့်ရှိ မြေငလျင်များ လှုပ်ခတ်လျှက်ရှိရာယနေ့လှုပ်ခတ်သည့် မြေငလျင်အပါအဝင် တစ်လအတွင်းမြေငလျင်ပေါင်းရှစ်ကြိမ်ခန့် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 23 December 2024
၁။ တစ်ပတ်အတွင်း ရွှေဈေးတစ်သိန်းကျော်ကျဆင်း
၂။ အောင်ပန်း၌ ၁၅ ရက်တစ်ကြိမ်ပြုလုပ်မည့် ဒေသငရုတ်ခြောက် ကုန်စည်ပြပွဲတွင် လေလံစနစ်ဖြင့် ရောင်းချပေးမည်
၃။ ရုပ်ရှင်ဥပဒေသစ်တွင် အနုပညာလုပ်ကိုင်ခွင့်သုံးနှစ်အထိ ပိတ်မည့်ပုဒ်မသစ်ပါဝင်လာ
၄။ တောင်ကိုရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေးကြေညာမှုအကျိုးဆက်များအနေဖြင့် နိုင်ငံ့စီးပွားရေးနှင့်ဘဏ္ဍာရေးဈေးကွက်များ အခက်ခဲဆုံးအခြေအနေရင်ဆိုင်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့က တိုက်ခန်းအငှားဈေးနှုန်းတွေ နှစ်ဆလောက်မြင့်တက်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင် အသိုင်းအဝိုင်းက သိရပါတယ်။
#Local_News
Published 23 December 2024
#တိုက်ခန်းအငှားဈေးနှုန်း #အိမ်ခြံမြေအကျိုးဆောင်
#YMG/SW #Yangon_Times
နိုင်ငံတော်အကြည်ညိုပျက်စေရေး လုပ်ဆောင်တဲ့အနုပညာရှင်တွေကို အနုပညာလုပ်ကိုင်ခွင့် အများဆုံးသုံးနှစ်အထိ ပိတ်ပင်မယ့် ဥပဒေပါဝင်လာ
#Local_News
Published 23 December 2024
#ရုပ်ရှင်ဥပဒေသစ် #အနုပညာလုပ်ကိုင်ခွင့်သုံးနှစ်အထိပိတ်
#YMG/SW #Yangon_Times
အောင်ပန်းမြို့မှာ လာမယ့် ဒီဇင်ဘာ ၃၀ရက်နေ့ကစပြီး ၁၅ ရက်တစ်ကြိမ် ဒေသငရုတ်ခြောက်ကုန်စည်ပြပွဲကို တောင်သူ့စျေးမှ ကျင်းပပေးသွားမှာဖြစ်ပြီး လေလံစနစ်နဲ့ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 23 December 2024
#အောင်ပန်း #ငရုတ်ခြောက်ကုန်စည်ပြပွဲ
#YMG/NN #Yangon_Times
တစ်ပတ်အတွင်း ရွှေရည်ညွှန်းဈေးကျပ်တစ်သိန်းကျော်အထိဈေးနှုန်းကျဆင်းလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 23 December 2024
#ရွှေရည်ညွှန်းဈေး #ရွှေဈေးကျဆင်း
#YMG/NN #Yangon_Times
#Local_News
Published 23 December 2024
▪️ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက် ထုတ်ပြန်လိုက်သည့် စားအုန်းဆီ ရည်ညွှန်းဈေးမှာ ယခင်အပတ်ထက် ကျပ် ၃၀ တက်လာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဒီဇင်ဘာလ ၂၃ ရက်မှ ၃၀ ရက်အထိ ရန်ကုန်အထိုင် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ (၇၂၈၀) ကျပ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယခင်အပတ်က တစ်ပိသာလျှင် ကျပ်၇၂၅၀ သတ်မှတ်ထားခြင်းဖြစ်သည်။
▪️ "ခုထုတ်ပြန်ဈေးက ဒီတနင်္လာကနေနောက်တနင်္လာအထိပါ။ တစ်ပိဿာကို ၃၀ကျပ် တက်လာပါတယ်"ဟု မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ လက်ရှိတွင် ပြည်ပမှ တစ်လလျှင် စားသုံးဆီတန်ချိန် ငါးသောင်းခန့် တင်သွင်းနေပြီး အများပြည်သူ စားသုံးမှုအတွက်တန်ချိန် သုံးသောင်းကျော်နှင့် စက်မှုလုပ်ငန်းများအတွက် စားသုံးဆီတန်ချိန် တစ်သောင်းခွဲခန့် ကို မလေးရှား၊ အင်ဒိုနီးရှား အစရှိသည့် နိုင်ငံများမှ အဓိကတင်သွင်းနေရကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 376 of 2186