#Local_News
Published_03 Sept 2025

▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာလ ၃ ရက်နံနက်ပိုင်းတွင် ပေကျင်းမြို့၊ Tiananmen ရင်ပြင်၌ ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

▪️ အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတကာမှ ဖိတ်ကြားထားသည့် နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့များ၊ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တရုတ်ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

▪️ ဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး သတ်မှတ်နေရာတွင် နေရာယူကြရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသမ္မတက တစ်ဦးချင်းရင်းရင်းနှီးနှီးနှုတ်ဆက်ကြကြောင်း သိရသည်။

▪️ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြ သည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသမ္မတနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

▪️ ယင်းနောက်ဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များသည် တရုတ် ပြည်သူသမ္မတနိုင်ငံသမ္မတ ဦးဆောင်နိုင်ငံ့အကြီးအကဲများ စစ်ရေးပြအခမ်းအနား ကြည့်ရှုမည့် Tiananmen Rostrum ရှုစင်သို့ တက်ရောက်နေရာယူကြကြောင်း သိရသည်။

▪️ ထို့နောက် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား အားကျင်းပပြုလုပ်ရာ ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping က မိန့်ခွန်းပြောကြားပြီး စစ်ရေးပြတပ်ဖွဲ့များအား မော်တော်ယာဉ်ဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

▪️ စစ်ရေးပြတပ်ဖွဲ့များက တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ နှင့် တက်ရောက် လာကြသည့် နိုင်ငံ့အကြီးအကဲများအား စစ်ရေးပြအစီအစဉ်အတိုင်း ချီတက်အလေးပြုကြပြီးနောက် နိုင်ငံတော်လုံခြုံရေးနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတကာမှ ဖိတ်ကြားထားသည့် နိုင်ငံ့အကြီးအကဲများက တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping ကတည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လည်စာစားပွဲသို့ တက်ရောက်ကြ ကြောင်း သိရသည်။

▪️ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေးပြ အခမ်းအနားမစတင်မီအချိန်တွင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက် လာကြသည့် နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တစ်ဦးချင်း ရင်း ရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံအလိုက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကိုရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သိရသည်။

#YMG/PP #Yangon_Times