#Local_News
Published 03 Sept 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များကို
အမေရိကန်ဒေါ်လာသန်း (၃၀) ရောင်းပေးမည်ဖြစ်ကြောင်း ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
▪️ ထိုသို့ရောင်းချရာတွင် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း (၃၀) ရောင်းချပေးမည် ဖြစ်သည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယခုလအတွင်း စက်သုံးဆီကဏ္ဍကို ပထမအကြိမ် ထုတ်ရောင်းပေးတာဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လ တစ်လလုံးတွင်လည်း စက်သုံးဆီကဏ္ဍကို အမေရိကန်ဒေါ်လာ ၁၂၆ သန်း ထုတ်ရောင်းပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times