#Local_News
Published 03 September 2025

▪️ မြန်မာနိုင်ငံနှင့်ကိုရီးယားသမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်နှင့် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုများကို “(၈) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံမူပိုင်ခွင့်ရုံးတို့၏ဌာနကြီးမှူးများ တွေ့ဆုံသည့် အစည်းအဝေး”၌ ထည့်သွင်း‌ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

▪️ “(၈) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံမူပိုင်ခွင့်ရုံးတို့၏ ဌာနကြီးမှူးများ တွေ့ဆုံသည့်အစည်းအဝေး”ကို ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် စက်တင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပနေပြီး အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိ‌ကြောင်း သိရသည်။

▪️ အဆိုပါအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့အကြားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ အထောက်အပံ့ဖြစ်စေရန်အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်နိုင်ရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ကိုရီးယားသမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးနိုင်စေရန်ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း၊အစည်းအဝေးတွင် အာဆီယံ-ကိုရီးယား ပူးပေါင်း၍ မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေး လုပ်ငန်းစဉ်များ၊ မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့်စပ်လျဉ်း၍ အတုအပတိုက်ဖျက်ရေးဆိုင်ရာ နည်းပညာများ၊ နိုင်ငံတကာဈေးကွက်တွင် အမှတ်တံဆိပ်မူပိုင်ခွင့်အကာအကွယ်ပေးခြင်းဆိုင်ရာ နည်းဗျူဟာများ၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များ၊ မူပိုင်ခွင်ဆိုင်ရာ ပညာပေးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ မူပိုင်ခွင့်လျှောက်ထားခြင်း၊ စစ်ဆေးခြင်းနှင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့်ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times