#Local_News
Published_17 March 2025
▪️ လာမည့်ဧပြီလမှစတင်၍ တည်ဆောက်ဆဲ ဒလ တံတားအောက်မှခုတ်မောင်းဖြတ်သန်းရမည့် ရေယာဉ်များ၏ Air Draft သည် ၄၁ မီတာအထိသာ ဖြတ်သန်းခုတ်မောင်းနိုင်မည်ဖြစ်သောကြောင့် လိုအပ်ပါက Round Turn Arichorage (RTA)တွင် ကျောက်ချရပ်နားပြီး ရေစစ်ချိန်ထိစောင့်ဆိုင်းဖြတ်သန်းခြင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားသည်။
▪️ သံမဏိဆိုင်းကြိုးတပ်ဆင်ခြင်းလုပ်ငန်း ဆိုင်းကြိုး ၁၂/၁၃ မှ ဆိုင်းကြိုး ၂၀ အထိလုပ်ငန်း ဆောင်ရွက်နေစဉ် တံ တားအောက်မှဖြတ်သန်းခုတ်မောင်းရမည့် ရေယာဉ်ကြီးများ၏ ရေလမ်း ကင်းလွတ်အမြင့်သည် ရေထရက် ရေ အမြင့်ဆုံးအချိန် ရေပြင်မှ Form Traveller အောက်ခြေအထိ ၄၀ ဒသမ ၈ မီတာရှိပြီး မြေပြင်တိုင်းတာတွေ့ ရှိ ချက်များအရ ၄၃ ဒသမ ၁၃ မီတာရှိသောကြောင့် အထက်ပါအတိုင်း သတိပေးထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရ သည်။
▪️ လက်ရှိတွင် ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလယ်ပင်မတံတား သံမဏိ ဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဧပြီလတွင် ဒလဘက်အခြမ်း၌ ဆိုင်းကြိုး ၁၃ နှင့် ရန်ကုန်ဘက်အခြမ်း၌ ဆိုင်းကြိုး ၁၂ တပ်ဆင်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့်ရေလမ်းကင်းလွတ်အကျယ် ၁၃၃ မီတာသာ ကျန်ရှိတော့မည်ဖြစ်သည့်အတွက် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလည်ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်း လုပ်ငန်း ဆောင် ရွက်နေစဉ်အတွင်း ပင်မတံတားအောက်မှ ဖြတ်သန်းသွားလာမည့် ရေယာဉ်ကြီးများဘေးအန္တရာယ် ကင်းရှင်းစွာဖြတ်သန်းသွားလာနိုင်ရေး အတွက် ရေကြောင်းသတိပေးချက် (Notice To Mariners) ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် တံတားတိုင်ခြေများ၏ မြစ်ညှာနှင့်မြစ်ခြေ ၂ ဖက်၊ ကမ်းနှစ်ဖက်လုံးတွင် Radar Reflecdor တပ်ဆင်ထားသော မီးအချက်ပြ Buoy များကို ရေဒါစနစ်ဖြင့် အလွယ်တကူဖမ်းယူရရှိနိုင်ပြီး ဘေးအန္တရာယ်ကင်းစွာ ဖြတ်သန်းဝင်ရောက်နိုင်ရန် Coordinate ၈ ခုကိုလည်း ချထားပေးထားကြောင်းလည်း သိရသည်။
#YangonTimes/PP
၁၅ မတ် ၂၀၂၄
▪️ထရမ့်အစိုးရက နိုင်ငံပေါင်း ၄၁နိုင်ငံမှ နိင်ငံသားများအပေါ် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားလာမှု ကန့်သတ်မည့် အစီအစဉ်ကိုစဉ်းစားနေကြောင်းသိရပြီး ထိုနိုင်ငံများစာရင်းတွင် မြန်မာ နိုင်ငံပါဝင်လာ သည်။
▪️ရိုက်တာသတင်းဌာနက ရရှိသည့် ရုံးတွင်မှတ်တမ်းတွင် ယင်းတို့ကိုဖော်ပြထားခြင်းဖြစ်သည်ဟု ရိုက်တာ သတင်းဌာနက ဖွင့်ချရေးသားထားသည်။
▪️ဗီဇာကန့်သတ်မည့် နိုင်ငံပေါင်း ၄၁နိုင်ငံကို အုပ်စု (၃)စုခွဲထားပြီး ပထမအုပ်စုသည် အပြည့်အဝေ ဗီဇာပိတ်ပစ်မည့်နိုင်ငံများဖြစ်ပြီး ကျူးဘား၊အီရန်နှင့်မြောက်ကိုရီးယားအပါအဝင် နိုင်ငံ ၁၀ နိုင်ငံပါဝင် သည်။
▪️ဒုတိယအုပ်စုတွင် တစ်ပိုင်းတစ်စ ဗီဇာပိတ်မည့်နိုင်ငံ (၅)နိုင်ငံရှိကာ ယင်းအထဲတွင် မြန်မာနိုင်ငံ ပါဝင်လာခြင်းဖြစ်သည်။ တစ်ပိုင်းတစ်စဗီဇာပိတ်ခြင်းဆိုသည်မှာ ခရီသွား၊ ကျောင်းသားနှင့်အခြားဗီဇာ များပါဝင်မည်ဟုသိရပြီး အတိအကျရေးမထားပေ။
▪️တတိယအုပ်စုတွင် လိုအပ်ချက်များ မဖြေရှင်းနိုင်ပါက ဗီဇာကန့်သတ်မည့် နိုင်ငံ (၂၆)နိုင်ငံပါဝင်ပြီး ယင်းတို့အထဲတွင် အာရှမှ ကမ္ဘောဒီးယား၊ပါကစ္စတန်နှင့်အရှေ့တီမောတို့ပါဝင်ကြကြောင်းသိရှိရသည်။
▪️ယခုစာရင်းများမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုအပါအဝင် အစိုးရပိုင်းမှ အတည် မပြုရသေး၍ စာရင်းအပြောင်းအလဲရှိနိုင်ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိ တစ်ဦးက ရိုက်တာသို့ပြောသည်။
အမေရိကန်ပြည်ထောင်စုက အုပ်စုအလိုက် ခရီးသွားလာမှုပိတ်ပင်မည့် နိုင်ငံ (၄၁)နိုင်ငံ
▪️အပြည့်အဝဗီဇာရပ်ဆိုင်းခံရမည့်နိုင်ငံများ (၁၀နိုင်ငံ) (အနီရောင်အုပ်စု)
၁။အာဖဂန်နစ္စတန်
၂။ ကျူးဘား
၃။ အီရန်
၄။ လစ်ဗျား
၅။ မြောက်ကိုရီးယား
၆။ ဆိုမေးလီးယား
၇။ ဆူဒန်
၈။ ဆီးရီးယား
၉။ ဗင်နီဇွဲလား
၁၀။ ယီမင်
▪️တစ်ပိုင်းတစ်စ ဗီဇာရပ်ဆိုင်းခံရမည့် နိုင်ငံများ ( ၅ နိုင်ငံ) (လိမ္မော်ရောင်အုပ်စု)
၁။ အီရီထရီးယား
၂။ ဟေတီ
၃။ လာအို
၄။ မြန်မာ
၅။ တောင်ဆူဒန်
▪️လိုအပ်ချက်များမဖြည့်ဆည်းပါက တစ်ပိုင်းတစ်စ ဗီဇာရပ်ဆိုင်းခံရမည့်နိုင်ငံများ (၂၆)နိုင်ငံ (အဝါရောင်အုပ်စု)
၁။ အင်ဂိုလာ
၂။ အင်တီဂွာ နှင့်ဘာဘူဒါ
၃။ ဘီလာရုစ်
၄။ ဘီနင်
၅။ ဘူတန်
၆။ ဘာကီနာဖာဆို
၇။ ကာဘိုဗာဒီ
၈။ ကမ္ဘောဒီးယား
၉။ ကင်မရွန်
၁၀။ ချတ်ဒ်
၁၁။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ
၁၂။ ဒိုမီနီကား
၁၃။ အီကွေတိုရီယယ် ဂီနီ
၁၄။ ဂမ်ဘီယာ
၁၅။ လီဘာရီယား
၁၆။ မာလာဝီ
၁၇။ မောရစ်သျှ
၁၈။ ပါကစ္စတန်
၁၉။ ကွန်ဂိုသမ္မတနိုင်ငံ
၂၀။ စိန့်ကစ်နှင့်နီဗစ်
၂၁။ စိန်လူစီယာ
၂၂။ Sao Tome and Principe
၂၃။ ဆီယာလီယွန်
၂၄။ အရှေ့တီမော
၂၅။ တာ့ခ်မင်နစ္စတန်
၂၆။ Vanuatu
Source Reuters
#Daily_News
Published 15 March 2025
၁။ အွန်လိုင်းမှတဆင့် ဂျပန်ဗီဇာလျှောက်ထားမှုကို ဧပြီလ ၁ရက်တွင် ပြန်လည်လက်ခံသွားမည်
၂။ ရန်ပုံငွေမလုံလောက်မှုကြောင့် လူဦးရေတစ်သန်းအတွက်စားနပ်ရိက္ခာအထောက်အပံ့များ ရပ်ဆိုင်းမည်
၃။ နှစ်ပတ်တာအတွင်း စက်သုံးဆီဈေးနှုန်းများ တစ်လီတာ ၁၅၀ကျပ်ဝန်းကျင်အထိကျဆင်း
၄။ လူ့ဆံပင်ထက်အဆသိန်းချီပါးလွှာသော ကမ္ဘာ့ပထမဆုံးအက်တမ်လွှာသတ္တုပြားအား တရုတ်သုတေသီများအောင်မြင်စွာထုတ်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တိုင်းနဲ့ပြည်နယ်တွေမှာ နေ့အပူချိန်တွေမြင့်တက်လာတာကြောင့် လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ အပါအဝင် နွေကာလမှာ ဖြစ်ပေါ်တတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ယင်းဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကြိုတင်သတိထားကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ်လ ၁၅ရက်နေ့မှာ သတိပေးထားပါတယ်။
#Local_News
Published 15 March 2025
#နေ့အပူချိန်မြင့်တက် #မိုးသီးကြွေခြင်းများဖြစ်ပွားနိုင်
#YMG/NN #Yangon_Times
#Local_News
Published 15 March 2025
▪️ ကနဦးယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းရာတွင် PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို လတ်တလောတွင် ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။
▪️ ထိုသို့ခေတ္တရပ်နားခြင်းမှာ ၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် နှစ်ချုပ်စာရင်းများ ဆောင်ရွက်ရန်အတွက်ဖြစ်ပြီး ကနဦးယာဉ်မှတ်ပုံတင်ကြေးအား PO နှင့် ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းများကို မတ်လ ၁၆ ရက်မှ ၃၁ ရက်အထိ ယာယီရပ်နားထားမည်ဖြစ်ကြောင်း ၊ လုပ်ငန်းဆောင်ရွက်သူများ အဆင်ပြေမှုရှိစေရန် မတ်လ ၂၆ ရက်မှ မတ်လ ၃၁ ရက် နံနက် ၁၂ နာရီအထိ ငွေသားဖြင့် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး လာမည့် ဧပြီလ ၁ ရက်မှစ၍ ကနဦးယာဉ်မှတ်ပုံတင်ခများ ပေးသွင်းခြင်းအား PO နှင့် ဘဏ်ငွေသွင်းချလန်တို့ဖြင့် ပြန်လည်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာ မှတ်ပုံတင်အခငွေများကို POစနစ်ဖြင့်လည်းကောင်း ၊ ဘဏ်ငွေသွင်းချလန်ဖြင့် လည်းကောင်း၊ငွေသားဖြင့်လည်းကောင်း ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ရွာသာကြီး)နှင့် ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (မန္တလေး)တို့တွင် လက်ခံဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေကတော့ ရန်ကုန်ဈေးကွက်ထဲမှာ အမျိုးအစားအားလုံး ဈေးဆက်လက်ကျဆင်းနေပြီး နှစ်ပတ်တာအတွင်း တစ်လီတာကို ၁၅၀ကျပ်ဝန်းကျင်အထိကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ်။
#Local_News
Published 15 March 2025
#စက်သုံးဆီဈေးနှုန်းကျဆင်း #စက်သုံးဆီတင်သွင်းသိုလှောင်
#YMG/NN #Yangon_Times
#Local_News
Published 15 March 2025
▪️ မုန်းဇလဲကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီမီးဘေးရှောင်စခန်းမှာ မီးဘေးသင့်ပြည်သူ ၁၄၄၅ ဦးအား ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မုန်းဇလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီမီးဘေးရှောင်စခန်းသို့ သွားရောက်၍ မီးဘေးသင့်ပြည်သူ ၁၄၄၅ ဦးအား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ မီးဘေးသင့်ပြည်သူများ၏ တင်ပြချက်များအပေါ် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့တွေ့ဆုံစဥ် မီးဘေးသင့် အိမ်ထောင်စု ၃၇၂ စု ၊ လူဦးရေ ၁၄၄၅ ဦးတိုအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ထောက်ပံ့ငွေ ၊ ဆန် ၊ ဆီ ၊ ကုလားပဲ ၊ အဝတ်အထည်ကယ်ဆယ်ရေးပစ္စည်းများနှင့် သောက်ရေသန့်ဗူးကြီးများကို မီးဘေးသင့် ပြည်သူများထံ ထောက်ပံ့ပေးအပ်ပြီး ကျေးရွာတွင်း မီးလောင်ပျက်စီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ၌ မတ် ၁၂ ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၅၀၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၃၇၂ စု၊ လူဦးရေ ၁၄၄၅ ဦး မီးဘေးဒဏ်သင့်ခဲ့ကာ ဌာနဆိုင်ရာတာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတွင် ယာယီမီးဘေးရှောင်စခန်းဖွင့်လှစ်ထားရှိပြီး လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဒေသတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များက မိမိတို့တတ်အားသရွေ့ အလှူငွေများ၊ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို လာရောက်ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 369 of 2276