#Daily_News
Published 2 August 2024
၁။ ကမ္ဘာ့ရွှေဈေး တစ်ရက်တည်းနှင့်(၃၅)ဒေါ်လာတက်၊ YGEA ရွှေဈေးပါ(၇)သောင်းကျော်တက်လာ
၂။ စားသုံးဆီ၊ ဆေးဝါးနှင့် ဓာတ်မြေသြဇာတင်သွင်းသည့် ကုမ္ပဏီများကို ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်းကိုဗဟိုဘဏ်ရောင်းချပေး
၃။ တောင်ငူမြို့၌ မြစ်ရေစိုးရိမ်ရေအမှတ်အထက်တက်နိုင်
၄။ ပဲရစ်အိုလံပစ်အားကစားပွဲကျင်းပနေချိန်တွင် ရှေးဟောင်းအိုလံပီယာအမွေအနှစ်နေရာ၌ ခရီးသွားဧည့်သည်များပြားလာနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
တိုင်းနဲ့ပြည်နယ်အလိုက် စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာပြီး ရန်ကုန်မှာတော့ ဓာတ်ဆီနဲ့ဒီဇယ်တစ်လီတာကို ၁၅၀ကျပ်ဝန်းကျင်အထိမြင့်တက်လာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 2 August 2024
#ဓာတ်ဆီနှင့်ဒီဇယ် #စက်သုံးဆီဈေးနှုန်းမြင့်တက်
#YMG/NN #Yangon_Times
ဩဂုတ်၂ရက်မနက်အစောပိုင်းမှာ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ သံကူကွန်ကရစ်တံတားတစ်စင်း မို-င်းခွဲခံရတာကြောင့်လမ်း ယာယီပိတ်ပြီးနောက် နေ့ချင်းပြီး မြေဖို့
စမ်းသပ်ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 2 August 2024
#ရန်ကုန်-မော်လမြိုင် #တံတားတစ်စင်းမို-င်းခွဲခံရ
#YMG/NN #Yangon_Times
စစ်တောင်းမြစ်ရေတက်နေတဲ့အတွက် တောင်ငူမြို့မှာ မြစ်ရေစိုးရိမ်ရေအမှတ်အထက်တက်လာနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 2 August 2024
#မြစ်ရေစိုးရိမ်ရေအမှတ်အထက်တက် #တောင်ငူမြို့
#YMG/tthl #Yangon_Times
နိုင်ငံခြားငွေကြေးစျေးကွက်မှာစားသုံးဆီ၊ ဓာတ်မြေသြဇာ၊ဆေးဝါးနဲ့ဆက်စပ်တဲ့ပစ္စည်းတင်သွင်းတဲ့ကုမ္ပဏီတွေကို ထိုင်းဘတ်ငွေ ၆၉ သန်းနဲ့ တရုတ်ယွမ် ၉ သန်းတို့ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ရောင်းချပေးခဲ့ပါတယ်။
#Local_News
Published 2 August 2024
#စားသုံးဆီ၊ဆေးဝါး #ဗဟိုဘဏ်ရောင်းချပေး
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးဟာ ဩဂုတ်(၂)ရက်မှာ တစ်ရက်တည်းနဲ့(၃၅)ဒေါ်လာတက်လာပြီး YGEA ရွှေဈေးပါ(၇)သောင်းကျော်တက်လာတယ်လို့ သိရပါတယ်။
#Local_News
Published 2 August 2024
#ကမ္ဘာ့ရွှေဈေး(၃၅)ဒေါ်လာတက် #YGEAရွှေဈေး(၇)သောင်းကျော်တက်
#YMG/tthl #Yangon_Times
#Local_News
Published 2 August 2024
ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနီးရှိကျိုက်ထီးရိုးကျောင်းတိုက်တွင် သစ်ပင်လဲကျ၍ ဘုန်းကြီးကျောင်းစောင်းတန်းနှင့် ဆွမ်းစားဆောင်ပေါ်သို့ ပိမိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဩဂုတ်၂ ရက်နေ့၊ မနက်၇ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ငါးထပ်ကြီးမြောက်ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်း၊ ကျိုက်ထီးရိုးကျောင်းတိုက်တွင် သစ်ပင်လဲကျ၍ ဘုန်းကြီးကျောင်းစောင်းတန်းနှင့် ဆွမ်းစားဆောင်ပေါ်သို့ ပိနေကြောင်း သတင်းရရှိသဖြင့် အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 365 of 2031