အခုဘဏ္ဍာနှစ်၊ ပထမသုံးလပတ်အတွက်အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားတွေ လူမှုရေးပင်စင် လျှောက်ထားနိုင်ပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 27 May 2025
#သက်ကြီးဘိုးဘွားများ #လူမှုရေးပင်စင်လျှောက်ထားနိုင်
#YMG/NN #Yangon_Times
ငလျင်ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယနိုင်ငံကဘိလပ်မြေ(၂၂၅)တန်ကို လှူဒါန်းခဲ့တယ်လို့ ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
#Local_News
Published 27 May 2025
#အိန္ဒိယကဘိလပ်မြေ #၂၂၅တန်လှူဒါန်း
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ရက်ပိုင်းက ယာယီရပ်နားခဲ့ရတဲ့ မော်လမြိုင်-ရန်ကုန် ရထား ခရီးစဉ် တွေကို မနက်ဖန်မေ ၂၈ရက်နေ့မှာ ပြန်လည်ပြေးဆွဲသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက သိရပါတယ်။
#Local_News
Published 27 May 2025
#မော်လမြိုင်-ရန်ကုန် #ရထားပြန်လည်ပြေးဆွဲ
#YMG/NN #Yangon_Times
#Local_News
Published 27 May 2015
▪️ ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးမှုများပြုလုပ်လျှက်ရှိရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချခြင်းမရှိသည့် ဆိုင်များကိုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းစားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးများရှိ ဆန်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိအား မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဒေသကော်မတီတို့ပါဝင်သော ပူးပေါင်းအဖွဲ့များ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် ဆန်လက်လီ/ လက်ကား ရောင်းချလျက်ရှိသော ဆန်ဆိုင်များတွင် ရောင်းချနေသော ဧည့်မထဆန်၊ ဧရာဝတီဆန်းဆန်၊ ကြားပျံ၊ ရွှေဘိုပေါ်ဆန်း ဆန်များ၏ ရောင်းဈေးနှုန်းများ ကောက်ခံခြင်း၊ သိုလှောင်ထားရှိသော ဆန်အိတ်အရေအတွက် လက်ကျန်စာရင်းများကောက်ခံခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးမှုများပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 May 2025
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး ထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ ယနေ့ မေလ ၂၇ ရက် ထုတ်ပြန်ချက်အရသိရသည်။
▪️ မေလ ၁၈ ရက်မှ ၂၅ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၇၅၄) ခုကို စစ်ဆေးပြီးစီးခဲ့ရာ ပိုးတွေ့အတည်ပြုလူနာသစ် (၆) ဦးကို တွေ့ရှိခဲ့ပြီး ဒဂုံမြို့နယ်မှ (၂) ဦး၊ အင်းစိန်မြို့နယ်မှ (၁) ဦး၊ သာကေတမြို့နယ်မှ (၁) ဦး၊ ကော့မှူးမြို့နယ်မှ (၁) ဦးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မှ (၁) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (ဝ.၂၂) ရာခိုင်နှုန်းဖြစ်ပြီး ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသည့် လူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်းလည်း သိရသည်။
▪️ လက်ရှိတွေ့ရှိရသည့် ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်လျက်ရှိပြီး ပြင်းထန်မှုမရှိသည့် မျိုးကွဲများ ဖြစ်၍ ယခု ထိုးနှံပေးနေသည့် ရောဂါကာကွယ်ဆေးများဖြင့် ထိရောက်စွာ ကာကွယ်နိုင်ကြောင်း ၊
▪️ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလက္ခဏာရှိသူများကို ဓာတ်ခွဲစစ်ဆေးခြင်း၊ မျိုးရိုးဗီဇပြောင်းလဲမှု စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 May 2025
▪️ မြန်မာနိုင်ငံရှိမြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့နှင့်အတူ မြစ်ရေမြင့်တက်လာမည်ဖြစ်ရာ မြစ်ရေတက်လာမှုပေါ်မူတည်၍ ရေယာဉ်များအန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန်အမှတ်အသားများကို ပြသထားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
▪️ သို့သော် ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန် အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြုခုတ်မောင်းကြရန် လိုအပ်ကြောင်း၊ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် မြစ်ရေတက်လာမှုကြောင့် ရေနည်းကာလတွင် ပေါ်ထွန်းခဲ့သော သောင်နှင့်ကျွန်းများ ရေမြုပ်၍ ရေမြွှာပေါက် ဖြတ်လမ်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေအနက်မလုံလောက်သော ရေမြွှာပေါက် ဖြတ်လမ်းများကို ဖြတ်သန်း ခုတ်မောင်းခြင်းမပြုကြရန်နှင့် မိမိရေယာဉ်၏ စက်အားနှင့်ရေစီးနှုန်းကို ချင့်ချိန်၍ သတ်မှတ်ရေလမ်းအတိုင်းသာ သတိပြုခုတ်မောင်းရန် လိုအပ်ကြောင်းမိုးဦးကာလရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက်ရေလမ်းသတိပေးနှိုးဆော်ချက်တွင် ဖော်ပြထုတ်ပြန်ထားသည်။
▪️ မြစ်ကူးတံတား ရေလမ်းများတွင် ရေယာဉ်များဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါအစိမ်းရောင် တြိဂံအမှတ်အသား ပြသထားပြီးညအခါ မီးစိမ်းထွန်း ပြသထားမည်ဖြစ်ကာမဝင်ရမည့်ရေလမ်းတွင် နေ့အခါအနီရောင် ကြက်ခြေခတ်အမှတ်အသား ပြသထားပြီး ညအခါ မီးနီထွန်း ပြသထားမည်ဖြစ်ကြောင်း၊ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင်အုတ်ခုံများမှာ ရေမြုပ်နေပြီး ရေလယ်တိုင် ( ၂ )တိုင်အကြားတွင် ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတားရေလမ်းကို ဖြတ်သန်း ရာတွင် စက်နှင့် တက်မစနစ်များကို ကြိုတင်စစ်ဆေးပြီး လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ဖြတ်သန်းခုတ်မောင်းကြရန်နှင့် တံတားရေလမ်းကို ဖြတ်သန်းရာတွင် ရေယာဉ်နှစ်စင်း ယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုကြရန် လိုအပ်ကြောင်း၊ အထူးသဖြင့် သယ်ဆောင်ဝန်နှင့်စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုခုတ်မောင်းကြရမည် ဖြစ်ကြောင်း၊ မနိုင်ဝန်ကို သယ်ဆောင်ခြင်းမပြုကြရန်နှင့် မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲ ချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက်လေပြင်းတိုက်ခတ်မှုနှင့် မိုးမှောင်ကျမှု ဖြစ်ပေါ်သည့်အခါ ရေယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက်သတိပြု ခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များလိုက်နာရမည့် ဥပဒေ၊ စည်းကမ်းချက်များအတိုင်း လိုက်နာကြရန်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက်အဖြစ် ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 May 2025
▪️ ငလျင်လှုပ်ပြီး နှစ်လနီးပါးအကြာ၌ မန္တလေးမြို့ရှိ Sky Villa အဆောက်အဦ၊(B)ဆောင်မှ အမျိုးသမီးရုပ်အေ-လာင်း သုံးေ-လာင်းထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ မေလ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (B) အဆောင်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ (B) ဆောင် အခန်းအမှတ် J 4 မှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ တွေ့ရှိရာတွင် ယနေ့မနက် ၉ နာရီ၂၀ မိနစ်အချိန်တွင် မ(၁)ဦး၊ ၉နာရီ ၃၅ မိနစ်အချိန်တွင် မ(၁)ဦးနှင့် ၉နာရီ ၄၅မိနစ်အချိန်တွင် မ(၁)ဦး စုစုပေါင်း မ(၃)ဦး၏ ရုပ်အလောင်းများအား ထုတ်ယူရရှိခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 365 of 2357