#Local_News
Published 06 September 2025

▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့တွင် ယနေ့ စက်တင်ဘာ ၆ ရက် မနက်က  Global South Media and Think Tank Forum ကျင်းပသည်။ 

▪️ ဖိုရမ်သို့မြန်မာနိုင်ငံအပါအဝင်  Global South နိုင်ငံများမှ အစိုးရအဖွဲ့အစည်းများ၊ Think Tank နှင့်မီဒီယာအဖွဲ့အစည်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။

▪️ တရုတ်ဒုတိယပြန်ကြားရေးဝန်ကြီးနှင့် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှုး၊ ဆင်ဟွာ သတင်းဌာနအကြီးအကဲတို့က ဖွင့်ပွဲတွင်အမှာစကားပြောကြားသည်။

▪️ မြန်မာအစိုးရပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အခြားသောနိုင်ငံများမှပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့်အတူ အမှာစကားများပြောကြားခဲ့ကြသည်။

#ymg/knl