#Local_News
Published 08 September 2025
▪️ စက်တင်ဘာ (၇)ရက် ညပိုင်းမှ စက်တင်ဘာ (၈)ရက် နံနက်ပိုင်းအထိ လအပြည့်ကြတ်ခြင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ကို မြန်မာနိုင်ငံမှ မြင်တွေ့ခဲ့ရပါတယ်။
▪️ လအပြည့်ကြတ်မည့် အဆင့်တခုတည်းကို (၁)နာရီနှင့် (၂၂) မိနစ်ကြာ မြင်တွေ့ခဲ့ပြီး လကြတ်ခြင်းဖြစ်စဉ်အစအဆုံး၏ ကြာမြင့်ချိန် (၅) နာရီ (၂၇)မိနစ်ခန့် ကြာမြင့်ခဲ့ပါတယ်။
▪️ လစတင်ကြတ်ချိန် မှ ပြီးဆုံးချိန်အထိ အချိန်အပိုင်းအခြားအလိုက် ဖော်ပြထားပြီး၊ စက်တင်ဘာ (၇) ရက် ည(၉) နာရီ (၅၈)မိနစ်တွင်စတင် လကြတ်မည်ဖြစ်ကာ လတစ်စိတ်တစ်ပိုင်း စတင်ကြတ်ချိန် ည (၁၀)နာရီ(၅၇) မိနစ်၊ လအပြည့်စတင် ကြတ်ချိန် ည (၁၂)နာရီတိတိ၊ လအပြည့်အကြတ်ဆုံးအချိန်နံနက် (၀၀)နာရီ (၄၁)မိနစ်၊ လအပြည့်ကြတ်ခြင်း ပြီးဆုံးချိန် နံနက် (၁)နာရီ (၂၂)မိနစ်၊ လတစ်စိတ်တစ်ပိုင်းကြတ်ခြင်း ပြီးဆုံးချိန် နံနက် (၂)နာရီ (၂၆) မိ နစ်၊ လကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးချိန်မှာ စက်တင်ဘာ (၈) ရက် ၊ နံနက် (၃)နာရီ (၂၅)မိနစ်ဖြစ်ပါတယ်။
▪️ လကြတ်ချိန်အတွင်း လမှာ သွေးနီရောင်ပြောင်းသွားခဲ့ပြီး ယင်းသိူ့ပြောင်းလဲခြင်းသည် နေရောင်က ကမ္ဘာ့လေထုကို ဖြတ်သွားချိန် နေရောင်အတွင်းပါရှိသည့်အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စသော အရောင်များမှာ လေထုအတွင်း Refr act (အလင်းယိုင်) သွားခြင်းကြောင့် ကျန်နေသည့် အနီရောင်ကသာ လပေါ်ကို ကျရောက်လာခြင်းကြောင့် အနီရောင်ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။
▪️ လကြတ်ခြင်းဖြစ်စဉ်များမှာ တစိတ်တပိုင်း လကြတ်ခြင်း၊ အပြည့်လကြတ်ခြင်းရှိသည့် အလျောက် ယခုဖြစ်ပေါ်မည့် လကြတ်ခြင်းသည် အပြည့်အဝ လကြတ်ခြင်းဖြစ်သည်ဟုဆိုသည်။
▪️ တစ်နှစ်လျှင် လကြတ်ခြင်းဖြစ်စဉ် (၂) ကြိမ်မှ (၃) ကြိမ်ခန့်အထိဖြစ်ပေါ်တတ်ပြီး ယခုလကြတ်ခြင်းသည် ဒုတိယမြောက်လကြတ်ခြင်းဖြစ်ပါတယ်။