Published 20 February 2024
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိဇံကျေးရွာတွင်ဧက ၁၀၀နီးပါးရှိသည့်မြေနေရာ၌ မွေးမြူရေးဇုန်သစ် တွင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကရင်ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှသိရသည်။
အဆိုပါ ဇုန်သည် ဝက်နှင့်ဆိတ်ကို သီးသန့်မွေးမြူရန်ခွဲခြား ထားပြီးဝက်မွေးမြူရေးဇုန်အတွက် ၄၉ ဒသမ ၀၇ ဧက ၊ ဆိတ်မွေးမြူရေးဇုန် အတွက် ၄၉ ဒသမ ၃၁ ဧက စုစုပေါင်း၉၈ ဒသမ ၃၈ ဧကရှိပြီး မွေးမြူလိုသည့် လုပ်ငန်းရှင်များလုပ်ကိုင်နိုင်ရန် ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။
ယင်း ဇုန်သည် ငွေကျပ် ၂၃၅၉ ဒသမ ၁၅၅ သန်းကျော်ကုန်ကျပြီးအကျယ်အဝန်းအနေဖြင့် ၉၈ ဒသမ ၃၈ ဧကရှိကြောင်း၊ ဝက်နှင့်ဆိတ်ကို သီးသန့်မွေးမြူရန်ခွဲခြား ထားပြီး မွေးမြူလိုတဲ့လုပ်ငန်းရှင်များလုပ်ကိုင်နိုင်ရန် ခွင့်ပြုပေးထားကြောင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် တစ်ဧကတွင် ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ပါက ဧကတစ်ဝက်တွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်ပြီး ကျန်ဧကတစ်ဝက်တွင် ဆိတ်အစာကျွေးရန် အရည်အသွေးမြင့်သည့် မြက်များစိုက်ပျိုးရန် စီစဉ် ထားကြောင်း၊ဝက်မွေးမြူသူများအတွက် လိုအပ်သည့် လျှပ်စစ်မီး၊ ရေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေကြောင်းသိရသည်။
၎င်းဇုန်အတွင်း ဝက်မွေးမြူရာတွင် တစ်ကွက်လျှင် ပျမ်းမျှအားဖြင့် အကောင် ၅၀ သတ်မှတ်ထားပြီး အကွက် ၅၅ ကွက် ဖြင့် အကွက်ပြည့်မွေးမြူမည်ဆိုပါက ကောင်ရေ ၂၇၅၀ သတ်မှတ်ထားကြောင်း၊ တစ်နှစ်လျှင် နှစ်သုတ် မွေးမြူပါက ဝက်အကောင်ရေ ၅၀၀၀ ခန့်အထိ မွေးမြူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဆိတ်မွေးမြူရာတွင်လည်း တစ်ကွက်လျှင် အကောင် ၅၀ အနည်းဆုံးမွေးမြူရန် သတ်မှတ်ထားပြီး အကွက် ၃၄ ကွက်အပြည့်မွေးမြူပါက အကောင်ရေ ၁၇၀၀ မွေးမြူရမည်ဖြစ်ကြောင်း ၊ ၎င်း ဇုန်မှ ထွက်ရှိလာမည့် ဆိတ်နှင့်ဝက်သားများကို ဒေသတွင်းစားသုံးရုံသာမက ပိုလျှံပါက ဒေသကျော် တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်း၊ကချင်ပြည် နယ်၊စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
Yangon Times/tthl
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို သွားရောက်လိုသူတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ကြိုတင်ရက်ချိန်းရယူမှုကို အွန်လိုင်းစနစ်နဲ့ပါ လက်ခံသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှာ ထုတ်ပြန်လိုက်တယ်။
Yangon Times/LW
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
20 February 2024
ကရင်ပြည်နယ် "ယှးယံင့်ဝဝ်အွာ"ဇာတ်သဘင်အဖွဲ့ကိုတင်ဆောင်လာသည့်ဇာတ်သဘင်အဖွဲ့ ကားတိမ်းမှောက်သွားသည့်အတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှအဆိုပါဇာတ်သဘင်အဖွဲ့ကိုကနဦးထောက်ပံ့ငွေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သေဆုံးသူများအတွက် (၁) ဦးလျှင် (၅) သိန်းကျပ်ထိခိုက်ဒဏ်ရာရရှိသူများအတွက် (၁) ဦးလျှင် (၃) သိန်းကျပ်စီကိုမြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) မှကနဦး ထောက်ပံ့လှူဒါန်းမည်ဖြစ်သည်ဟုဆိုသည်။
ဖေဖော်ဝါရီလ(၁၉)ရက်၊မနက်(၁၀)နာရီ၊၃၀မိနစ်တွင်ကရင်ပြည်နယ် ဘားအံမြို့ရှောင်လမ်းသစ် ကြာအင်းတောင်ကြားလမ်း (ရဲသာ) ဘက်ခြမ်းတွင်`ယှးယံင့်ဝဝ်အွာ 'အဖွဲ့ ကရင်ဇာတ်သဘင်ကားချောက်အတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဇာတ်ကားတိမ်းမှောက်မှုကြောင့် လူ (၁)ဦးသေဆုံး ၊လူ (၁၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကရင်ပြည်နယ်
ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေကြောင်း
သိရသည်။
ကရင်ပြည်နယ် သဘင်အစည်းအရုံးဝင်“ယှးယံင့်ဝဝ်အွာဇာတ်သဘင်” အဖွဲ့ဇာတ်ကားတိမ်းမှောက်သွား၍မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) နှင့် ချိတ်ဆက်ကာကရင်ပြည်နယ် သဘင်အမှုဆောင်များမှဘားအံပြည်သူ့ဆေးရုံကြီးတွင်
ရောက်ရှိကာ ဝိုင်းဝန်းကူညီနေကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 February 2024
နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးနေပြီး ကောလာဟလသတင်းများထုတ်ပြန်၍ ငွေကြေးအဆမတန်တောင်းခံသူများ၊ကြားပွဲစားများအားဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှအသိပေးထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျှက်ရှိရာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် online bookingတင်၍ QR စနစ်ဖြင့် ၂၇၀၀ဦးနှုန်းဖြင့်လည်းကောင်း၊နေပြည်တော်၊မြစ်ကြီးနား၊ဟားခါး၊လွိုင်ကော်၊မကွေး၊မန္တလေး၊မုံရွာ၊တောင်ကြီး၊ကျိုင်းတုံ၊လားရှိုး၊တာချီလိတ်၊ဘားအံ၊မြဝတီ၊မော်လမြိုင်၊ထားဝယ်၊ကော့သောင်း ၊ပုသိမ်၊စစ်တွေ၊ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ များတွင် သတ်မှတ်လူဦးရေအတိုင်းလည်းကောင်း ၊ရုံးဖွင့်ရက်များတွင်နေ့စဉ် လက်ခံဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်ပြီး ကောလာဟလသတင်းများ ထွက်ပေါ်နေ၍ နိုင်ငံကူးလက်မှတ်ရရှိရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိသဖြင့် အမှန်တကယ်သွားရောက်လိုသူများကို ယခင်သတ်မှတ်ထားသောလုပ်ငန်းစဉ် ၊ခွင့်ပြုအရေအတွက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ကောလာဟလသတင်းများထုတ်ပြန်၍ ငွေကြေးအဆမတန်တောင်းခံသူများ၊ကြားပွဲစားများအားဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြည်ပတင်ပို့မှု နဲ့ ပြည်တွင်းသိုလှောင်မှုတွေကြောင့် ကြက်သွန်နီဈေးဟာ ဈေးမြင့်လာပေမယ့် ရန်ကုန် ဈေးကွက်မှာတော့ အရောင်းဝယ်ကောင်းနေတယ်။
Yangon Times/LW
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဒီနေ့အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲ၊ ဆုပေးပွဲနဲ့ မြင်းလေလံပွဲပြုလုပ်သွားမှာပါ ၊ပြည်ထောင်စုဖလားပြိုင်ပွဲကို နောက်နှစ်တွေလည်း ကျင်းပသွားမယ်၊ တစ်နှစ်ထက်တစ်နှစ်လည်း မြင်းစီးအားကစားသမားကောင်းတွေ ပေါ်ထွက်လာမယ်လို့မျှော်လင့်ပါတယ်။
Yangon Times/NN
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 390 of 1810