#Local_News
Published 13 Decrmber 2024
▪️ ၂၀၂၄ ခုနှစ် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) အောင်မြင်ပြီးသူများကို အလုပ်လျှောက်လွှာ ခေါ်ယူသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သိရသည်။
▪️ ထိုသို့ အလုပ်လျှောက်လွှာခေါ်ယူခြင်းကို ယခု ဒီဇင်ဘာလ နောက်ဆုံးရက် သတ္တပတ် (သို့မဟုတ်) ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ဆောင်ရွက် မည်ဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)နှင့် Skills Test ကို ယခုနှစ် ဧပြီလ ၂၄ ရက်မှ မေလ ၁ဝ ရက်အထိ တကြိမ်၊ မေလ ၂ဝ ရက်မှ ဇူလိုင်လ ၂၆ ရက်အထိ တကြိမ် နှစ်သုတ်ခွဲ ကျင်းပခဲ့ပြီး အောင်စာရင်းများကို မေလ ၁၇ ရက်မှ ဩဂုတ်လ ၅ ရက်အတွင်း ထုတ်ပြန်ပေး ခဲ့ကြောင်း သိရသည်။
▪️ ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ယခုနှစ် ကျင်းပ သည့် (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) ဖြေဆိုရန် စာရင်းပေးသွင်းသူ အရေအတွက် တစ်သိန်းကျော်အထိ ရှိခဲ့ပြီး စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်ဈေးကွက်အတွက် ဒီကနေ့ ထုတ်ပြန်ချက်အရ စက်သုံးဆီ ဈေးနှုန်းအားလုံးကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 13 December 2024
#စက်သုံးဆီ #စက်သုံးဆီဈေးကျ
#YMG/NN #Yangon_Times
ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးကျလာသော်လည်း ပြင်ပပေါက်စျေးကျဆင်းခြင်းမရှိဘူးလို့ စျေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 13 December 2024
#စားအုန်းဆီအခြေခံလက်ကား #ပြင်ပပေါက်စျေးတက်
#YMG/SW #Yangon_Times
တနင်္သာရီတိုင်းရှိ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးလေပြင်းထန်နိုင်ပြီး ကျန်တိုင်းနဲ့ပြည်နယ် ငါးခုမှာ မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ညနေပိုင်းအထိခန့်မှန်းချက်အရသိရပါတယ်။
#Local_News
Published 13 December 2024
#မိုးတိမ်တောင်များရွေ့လျား #မိုးလေပြင်းထန်နိုင်
#YMG/NN #Yangon_Times
မြို့တော်စည်ပင်က ထုတ်ပေးထားတဲ့ ရွှေလုပ်ငန်းလိုင်စင်ရရှိထားသူတွေအနေနဲ့လည်း ဓာတ်သတ္တု (ရွှေ) လုပ်ငန်းလိုင်စင်ကို ထပ်မံလျှောက်ထားရမယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 13 December 2024
#ဓာတ်သတ္တု(ရွှေ)လိုင်စင် #ထပ်မံလျှောက်ထားရ
#YMG/SW #Yangon_Times
#Local_News
Published 13 December 2024
▪️ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် လုံးတော်ပြည့် ရွှေစင်ရွှေပြား ရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်း လုပ်ငန်းကို လာမည့် ဇန်နဝါရီလ ၁ရက်၌ စတင်ကပ်လှူခြင်းများ ပြု
လုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ဦးစီးကော်မတီမှ သိရသည်။
▪️ အဆိုပါ ဆံတော်ဦးစေတီတော်မြတ်ကြီးကို ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ရာတွင် ပင်မစေတီတော်ကြီးသာမက၊ အရံစေတီများနှင့် စေတီတော်ရင်ပြင်ရှိ စေတီငယ်များအားလုံးကိုပါ တစ်ပြိုင်တည်း ရွှေချပူဇော်သွားမည်ဖြစ်ကာ
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးကို ရထားပျံဖြင့် ရွှေသင်္ကန်းတော် ကပ်လှူပူဇော် ခြင်းကို ဇန်နဝါရီ၁ရက် တွင် စတင်ပြီး လုံးတော်ပြည့် ရွှေသင်္ကန်းတော် ကပ်လှူခြင်းလုပ်ငန်းမှာ ၂ဝ၂၅ ခုနှစ် ဧပြီလကုန်တွင်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ၂ဝ၂၅ ခုနှစ် မေလအတွင်း စေတီတော်မြတ်ကြီးကို ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် စုပေါင်းရေစက်ချအောင်ပွဲကို ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။
▪️ လတ်တလောတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးနှင့် အရန်စေတီတော်များကို ရွှေစင်ရွှေပြား ကြေးဘောင်ကြေးပြားနှင့် မျက်ပါးရွှေဆိုင်း ရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ဆောင်ရွက် လျှက်ရှိရာ လုံးတော်ပြည့် ငြမ်းစေတီတည်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 13 December 2024
▪️ နေပြည်တော်၌ အဆင့်မြင့်အိမ်ရာစီမံကိန်းသုံးခု ဖော်ဆောင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူနေကြောင်း သိရသည်။
▪️ အဆိုပါ စီမံကိန်းများကို နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ ဇမ္ဗူသီရိမြိုနယ်အတွင်း၌ အဆင့်မြင့်အိမ်ရာစီမံကိန်းများအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ဖော်ဆောင်ရာတွင် ဇမ္ဗူသီရိမြိုနယ်၊ ပျဉ်းမနား-တောင်ညိုလမ်း အရှေ့ဘက် သုခတော်ဝင်အိမ်ရာအနီးတွင် တစ်နေရာ၊ ပျဉ်းမနား - တောင်ညိုလမ်း အရှေ့ဘက် DENKO စက်သုံးဆီအရောင်းဆိုင်အနီး၌ တစ်နေရာနှင့် ဓနသိဒ္ဒိရပ်ကွက်၊ တော်ဝင်သီရိလမ်း အနောက်ဘက်တွင် တစ်နေရာဖော်ဆောင်မည် ဖြစ်သည်။
▪️ ထို့ပြင် စီမံကိန်းမြေဧရိယာများ သတ်မှတ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် စိတ်ဝင်စားသည့် လုပ်ငန်းရှင်၊ ကုမ္ပဏီများကိုလည်း စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest ကို တရားဝင်ဖိတ်ခေါ်ထားကာ အဆိုပြုလွှာပုံစံကိုလည်း ကုမ္ပဏီဆိုင်ရာအထောက်အထားမိတ္တူများ ပြသပြီး လာရောက်ဝယ်ယူနိုင်ကာ ဒီဇင်ဘာလ (၃၁)ရက် နောက်ဆုံးထားတင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 388 of 2186