#Local_News
Published 09 August 2025

▪️လာမည့်အောက်တိုဘာ(၁)ရက်မှစတင်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဝင်များကိုသာ ရိုက်ကူးခွင့်နှင့်ဆင်ဆာကြည့်ရူခွင့်ထောက်ခံချက်ပေးတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ထုတ်ပြန်ကြေညာလိုက်သည်။

▪️ ကြေညာချက်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးသည် ၁၉၉၆ ရုပ်ရှင်ဥပဒေပြဌာန်းချက်များအရ ရုပ်ရှင်နှ၍့်ဆက်စက်သည့် လုပ်ငန်းလိုင်စင်များ လျှောက်ထားပါက ထောက်ခံချက်ပေးခြင်းနှင့် အများပြည်သူကို ပြသမည့် ရုံတင်ဇာတ်ကားများ၊ဇာတ်တလမ်းတွဲ၊ဗီဒီယိုဇာတ်လမ်း၊တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ဇာတ်လမ်းတို တို့ကို ရိုက်ကူးသည့် အခါ ခွင့်ပေးခြင်း နှင့် ဆင်ဆာကြည့်ရူပေးရန် ဆင်ဆာအဖွဲ့သို့ထောက်ခံတင်ပြပေးခြင်းများကို လုပ်ဆောင်ပေးနေရခြင်းလည်း ဖြစ်ကြောင်း၊အောက်တိုဘာ(၁)ရက်‌နေ့မှ စတင်ကာ ရုပ်ရှင်အစည်းရုံးဝင် (သို့မဟုတ်) အစည်းရုံးဝင်အဖြစ် လျှောက်ထားဆဲ အနုပညာရှင် အတတ်ပညာရှင်များပါဝင်သည့် ရုံတင်ရုံဇာတ်ကား၊ဇာတ်လမ်းတွဲ ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊မှတ်တမ်းရုပ်ရှင်၊ဇာတ်လမ်းတိုများကိုသာ ရိုက်ကူးခွင့်ပေးခြင်းနှင့် ဆင်ဆာကြည့်ရူခွင့်ထောက်ခံချက်ပေးမည်ဖြစ်ကြောင်း ပါရှိသည်။

▪️ ထို့အပြင် အစည်းအရုံးအ‌နေဖြင့် အဆိုပါလုပ်ငန်းများကို နိုင်ငံတော်တည်ဆဲဥပဒေများ၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဖွဲ့စည်းပုံပြဌာန်းချက်များနှင့်အညီဆောင်ရွက်ရခြင်းဖြစ်ကြောင်း လည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#YMG/SW #Yangon_Times