#Local_News
Published 07 August 2025
▪️ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ အဋ္ဌမအကြိမ်မြောက် မေတ္တာ
သွေးလှူဒါန်းပွဲ ကျင်းပမည်ဖြစ်ကြောင်းဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ မှ
သိရသည်။
▪️ အဆိုပါ သွေးလှူဒါန်းပွဲကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ လေးလတစ်ကြိမ် ကျင်းပလျက်ရှိရာ ဩဂုတ်လ ၁၀ ရက် မနက်ပိုင်းတွင်အဋ္ဌမအကြိမ်မြောက်
သွေးလှူဒါန်းပွဲ ကျင်းပသွားမည်ဖြစ်သည်။
▪️ ပြီးခဲ့သည့် သတ္တမအကြိမ်သွေးလှူဒါန်းပွဲကိုလည်း အောင်မြင်စွာကျင်းပခဲ့ပြီး သွေးအိတ် စုစုပေါင်း ၈၁၀ အိတ်အထိ ရရှိလှူဒါန်းနိုင်ခဲ့ကြောင်း ယခုကျင်းပမည့် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ အဋ္ဌမအကြိမ်မြောက် သွေးလှူဒါန်းပွဲတွင် စေတီတော်ဝန်ထမ်းများနှင့်အတူ ဘုရားဖူးပြည်သူများပါ တပေါင်းတည်းကုသိုလ်ပြု၍ လာရောက်လှူဒါန်းနိုင်ရန်အတွက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သို့စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times