#Local_News
Published_10 July 2025
▪️ နာမည်ကြီး သရော်စာရေးသူ ဂျက် ကွမ်းခြံကုန်း ခေါ် စာရေးဆရာ မောင်သာချို ယနေ့ ဇူလိုင်လ ၁၀ ရက်နံနက်က ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ပင်လုံဆေးရုံ၌ ဆေးကုသမှုခံ ယူနေစဉ်ကွယ်လွန်သွားကြောင်း သိရသည်။
▪️ စာရေးဆရာ မောင်သာချို (ဂျက် ကွမ်းခြံကုန်း) သည် မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်ပြီး မြန်မာ့စာပေလော ကတွင် ထင်ရှားကျော်ကြားသော စာရေးဆရာ ဖြစ်ပြီး စာပေဟောပြောပွဲများတွင် လူကြိုက်များသည့် အောင် မြင်နေသည့်စာရေးဆရာတစ်ဦးဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိနေပြီဖြစ်သည်။
▪️ စာရေးဆရာ မောင်သာချို (ဂျက်ကွမ်းခြံကုန်း) ကို ရန်ကုန်တိုင်းဒေသကြီး ၊ကွမ်းခြံကုန်းမြို့ သုံးခွကျေးရွာတွင် အဖဦးဝင်းသိန်း၊ အမိတို့က ၁၉၅၈ ခု၊ မတ်လ ၁၁ ရက် အင်္ဂါနေ့တွင် မွေးဖွားခဲ့ကာ အမည်အရင်းမှာ ဦးညွန့် သောင်းဖြစ်သည်။
▪️ စာရေးဆရာ မောင်သာချို (ဂျက် ကွမ်းခြံကုန်း) သည် ရန်ကုန် တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့ပြီး ၁၉၇၃ ခု၊ ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှ 'ခေတ်သစ် မေတ္တာ' ကဗျာဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။
▪️ ယင်းနောက် ၁၉၈၈ ခု၊ ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှစကာ တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့ကာ လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြား ဘာသာသိပ္ပံ၊ ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာ ဒီဂရီ ကောလိပ်၊ ဟင်္သာတ ကောလိပ်၊ ပညာရေးတက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြ၊ ကထိကနှင့် ပါမောက္ခရာ ထူးများကို အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ကြောင်းလည်း သိရသည်။
#Yangon_Times/PP