#Local_News
Published 24 June 2025
▪️ ကရင်ပြည်နယ် မြဝတီမြို့၌ယနေ့မနက်ပိုင်းက သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့်နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင်၂၄ရက်နေ့၊ မနက်၆နာရီ အချိန်ခန့်က ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် အမှတ်(၁/၂/၃/၅)ရပ်ကွက်ရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ စက်လှေ(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးသင့်အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရ်ှိကြောင်း သိရသည်။
#YMG/NN #Yangon_Times