#Local_News
Published 17 November 2025
■ ယနေ့ နိုဝင်ဘာလ ၁၇ရက်နှင့် ၁၈ရက်ညများတွင် ဖြစ်ပေါ်မည့် ကြယ်မိုးရွာသည့် ဖြစ်စဉ်ကို တိမ်ကင်းစင်နေပါက မြန်မာနိုင်ငံမှ မြင်တွေ့နိုင်မည်ဖြစ်ကြောင်း Myanmar Astronomy & Science Enthusiasts Society (MASES) မှ သိရသည်။
■ နိုဝင်ဘာလ ၁၇ ရက်နေ့ ည နှင့် ၁၈ ရက်နေ့ မနက် အစော ပိုင်းတွင် Leonid Meteor Shower ကြယ်မိုးရွာသည့် ဖြစ်စဉ်ဖြစ်ပေါ်မည် ဖြစ်ပြီး အဆိုပါဖြစ်စဉ်သည် နှစ်စဉ်တွေ့မြင်ရသည့် ကြယ်မိုးရွာသည့်ဖြစ်စဉ်များထဲတွင် ထင်ရှားသည့်ဖြစ်စဉ်တစ်ခုဖြစ်ပြီး အများဆုံး တစ်နာရီလျှင် ဥက္ကာခဲပေါင်း ၁၅-၂၀ ခန့် ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်ကျဆင်းလေ့ရှိကြောင်း သိရသည်။
■ “ Leonids ကြယ်မိုးကို ကြည့်ရှုမယ်ဆိုပါက အလင်းရောင်နည်းပါးပြီး ကောင်းကင်ကြည်လင်တဲ့ နေရာမှာအရှေ့တောင်ဖက်ကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
■ Leo Constellations ရှိရာအရပ်မှ ကျဆင်းတာကြောင့် Leonid Meteor Shower လို့ခေါ်ဆိုတာဖြစ်ပါတယ်။
■ ည ၁၂ နာရီ ခန့်ကနေ မနက် နေမထွက်ခင်အချိန်အထိ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ လကွယ်နေ့ နဲ့ နီးကပ်တာကြောင့် လရောင် အနှောက်အယှက်လဲ ရှိမှာမဟုတ်ပါဘူး။” ဟု MASES မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
■ မြန်မာနိုင်ငံတွင် နေထိုင်သူများအနေဖြင့် ယနေ့ နိုဝင်ဘာ ၁၇ရက် ဖက်တွင်တိမ်ကင်းစင်နေပါက ည ၁၂နာရီ မှ မနက် ၄ နာရီ ခန့်အတွင်း အရှေ့တောင်ဖက်ကောင်းကင်ကို စောင့်မျှော်ကြည့်ရှုပါက လင်းလက်သည့် ဥက္ကာခဲကျဆင်းမှုများကို မျက်မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 17 November 2025
■ မတူပီမြို့အနီး၌ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ယနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
■ နိုဝင်ဘာလ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၃၄)မိနစ်၊ (၂၆) စက္ကန့်အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ တောင်ဘက် (၇၇) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မတူပီမြို့၏ တောင်-အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၂) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍
လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
■ ယင်းငလျင်သည် အင်အား ရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 November 2025
▪️ ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြိုအနီး၌ တောဆင်ရိုင်းတစ်ကောင် ငဝန်မြစ်ဝကိုရေကူးဖြတ်သန်း၍ စီလောင်ရွာ၌ ၂ ရက်ကြာနေထိုင်ခဲ့ပြီး ငဝန်မြစ်အား အသွားအပြန်ပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ဟိုင်းကြီးကျွန်းမြို့အနီးတွင် နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းက တောဆင်ရိုင်းတစ်ကောင် (၃) မိုင်ကျော်ခန့် ကျယ်သော ငဝန်မြစ်ကို ရေကူးဖြတ်သန်း၍ ဟိုင်းကြီးကျွန်းတစ်ဖက်ကမ်းရှိ ဝါးကုန်းကျေးရွာအုပ်စု စီလောင်ကျေးရွာဘက်ကမ်းသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
▪️ အဆိုပါတောဆင်ရိုင်းသည် သစ်တောကြိုးဝိုင်းတည်ရှိရာ မြို့သစ်ကျေးရွာဘက်အခြမ်းမှ မွန်းလွဲ ၂ နာရီခန့် မြစ်အတွင်းသို့ စတင်ဆင်း၍ ရေကူးဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး မြစ်အတွင်းသွားလာနေကြသော စက်လှေသမားများက သစ်တောကြိုးဝိုင်းဘက်ကို ပြန်လည်မောင်းထုတ်ခဲ့သော်လည်း မသွားဘဲစီလောင်ရွာဘက်သို့သာ ကူးခပ်သွားခဲ့ကာ ညနေပိုင်းတွင် စီလောင်ရွာသားပိုင် ဥယျာဉ်ခြံတစ်ခုဆီကို ကမ်းတက်လာခဲ့ပြီး အဆိုပါဥယျာဉ်ခြံအနီးဝန်းကျင်တွင် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်ကြာ နေထိုင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် ဟိုင်းကြီးကျွန်းဘက်ရှိ သစ်တောကြိုးဝိုင်းရှိရာသို့ ရေကူးပြန်သွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါတောဆင်ရိုင်းအား စီလောင်ကျေးရွာသား အများအပြားလာရောက်ကြည့်ကြသော်လည်း အန္တရာယ်မပြုဘဲ ငှက်ပျောပင်များ၊ အုန်းပင်များအား စားသောက်ကာ ပြန်သွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
#YMG/NN #Yangon_Times
ရန်ကုန်စတော့အိတ်ချိန်း (YSX) ရဲ့ စာရင်းဝင်အကြိုဈေးကွက်မှာ လယ်ယာဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ G.B.S အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို မှတ်ပုံတင်ဖို့ခွင့်ပြုလိုက်တယ်လို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ကနေ သိရပါတယ်။
#Local_News
Published 15 November 2025
#YSX #G.B.S
#YMG/NN #Yangon_Times
ဂျော်ဒန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာလုပ်သား(၁၀)ဦးကို ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် ( OWIC)ပြုလုပ်ခွင့်ပြုခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာန Safe Migration Channel က သတင်းထုတ်ပြန်ထားပါတယ်။
#Local_News
Published 15 November 2025
#ဂျော်ဒန်နိုင်ငံ #OWIC
#YMG/SW #Yangon_Times
အခုနှစ်ထောပတ်သီးရာသီချိန်အတွင်း ထိုင်းနိုင်ငံကိုတန်ချိန်(၅၀၀၀) အထိတင်ပို့ရန်လျာထားတယ်လို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
#Local_News
Published 15 November 2025
#ထောပတ်သီး #ထိုင်း
#YMG/NN #Yangon_Times
ပြည်တွင်းမှမွေးမြူရေးငါးများကို ဆော်ဒီနိုင်ငံသို့ BAP စနစ်ဖြင့်တင်ပို့နိုင်ရေးဆောင်ရွက်လျှက်ရှိတယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 15 November 2025
#ဆော်ဒီနိုင်ငံ #BAP
#YMG/SW #Yangon_Times
Page 21 of 2192