မြန်မာ-အိန္ဒိယ ဝါမျိုးစေ့တင်သွင်းမှုပူးပေါင်းဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးအတွက် MoU (မူကြမ်း) ကို ပြုစုနေတယ်လို့ ယမန်နေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံမှအရည်အသွေးမြင့် ဝါမျိုးစေ့တင်သွင်းနိုင်မှုအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန် တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးမှသိရပါတယ်။
#Local_News
Published 13 November 2025
#ဝါမျိုးစေ့ #ဝါမျိုးစေ့
#YMG/SW #Yangon_Times
#Daily_News
Published 13 November 2025
၁။ MAEX ၏ အသားတင်အမြတ်ငွေကျပ် (၇) ဘီလီယံနီးပါးရရှိ
၂။ မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ကျင်းပမည်
၃။ ရန်ကုန်နှင့်ပုသိမ် ဆိပ်ကမ်းများမှဘင်္ဂလားဒေ့ရှ်သို့ ဆန်ဖြူများတင်ပို့သွားမည်
၄။ တရုတ်နှင့်အိန္ဒိယကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပြန်လည်စတင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 13 November 2025
▪️ ၂၀၂၅ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၅) နှစ်ပြည့် အထိမ်းအမှတ်ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိကျင်းပသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။
▪️ အဆိုပါ ရုပ်ရှင်ပွဲတော်ကို နေပြည်တော်ရုပ်ရှင်ရုံ(ရန်ကုန်)၌ ပြုလုပ်မည်ဖြစ်ပြီးတရုတ် ရုပ်ရှင်ဇာတ်ကား(၇)ကားကို အခမဲ့ပြသသွားမည်ဖြစ်ရာ အမည်စာရင်းပေးသွင်းပြီး လာရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။
▪️ ပြသသွားမည့် ဇာတ်ကားများမှာ နိုဝင်ဘာ ၁၆ ရက်တွင် "မင်္ဂလာပါမေမေ"၊ နိုဝင်ဘာ ၁၇ ရက်တွင် "လကမ္ဘာစွန့်စားခန်း"နှင့်"သူရဲကောင်းရှစ်ရာ"၊ နိုဝင်ဘာ ၁၈ ရက်တွင် "ချစ်သောဇာတိမြေ"နှင့် "စာဆိုတော်နှင့်ကြောင်နက်ရှင်"၊ နိုဝင်ဘာ ၁၉ ရက်တွင် "ကန္တာရဓားသမား"နှင့် "အလွဲများနှင့်ဘဝ" ရုပ်ရှင်ဇာတ်ကားများဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 13 November 2025
▪️ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ် ၅၆ တန်ကျော်နှင့် ယာဉ်/ယန္တရား လေးစီးအား ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ သိရသည် ။
▪️ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System-CMRS)အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရှိရာ နိုဝင်ဘာ ၃ ရက်မှ ၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း ၆ ဒသမ ၆၃၂၁ တန်၊ သစ်မာ ၇ ဒသမ ၀၇၁၀ တန်၊ အခြား ၄၃ ဒသမ ၂၂၉၇ တန် စုစုပေါင်း ၅၆ ဒသမ ၉၃၂၈ တန်၊ ယာဉ်/ယန္တရား လေးစီး၊ တရားခံခုနစ်ဦးဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 13 November 2025
▪️ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV အနေဖြင့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် “ခေတ်ဆန်း ချိန်”အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို မနက်ဖြန်တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ပြသရာတွင် နိုဝင်ဘာ ၁၄ ရက် သောကြာနေ့ ည၉ နာရီခန့်၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV Entertain-ment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည် ဖြစ်သည်။
▪️ အဆိုပါတေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏တီးခတ်မှုနှင့်အတူ နာမည်ကျော်တေးသံရှင်များဖြစ်ကြသည့် ရဲထိုက်၊ ရသ၊ ဈာန်ထူး၊ ဖြိုးဘိုဘို၊ လျှမ်းထက်ကို၊ စဝ်ဝဏ္ဏကျော်စွာ၊ စိမ့်နေခြည်၊ ရဲရင့်ဝေလွင်၊ အိအိလှိုင်နှင့် မေ့ချစ်သက်တို့က အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်နိုင်ရန်နှင့် ဂုဏ်ယူနိုင်ရန်အတွက် ဇာတိမာန်တက်ကြွစေမည့်ခေတ်အဆက် ဆက်ထင်ရှားကျော်ကြားခဲ့သည့် တေးသီချင်းကောင်းများနှင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစြကြောင်းသိရသည်။
▪️ ယင်းတေးဂီတဖျော်ဖြေပွဲကို MRTV-HDChannel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV App၏ EntertainmentSector နှင့် MRTVTelegramတို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်သည့်အပြင် နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း MRTV HD Channelမှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြိုဟောင်းရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ရှစ်လတာအတွင်းပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၂၇,၀၀၀ ကျော် လာရောက်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက(ပုဂံဌာနခွဲ)မှ သိရပါတယ်။
#Local_News
Published 12 November 2025
#မန္တလေးတိုင်းဒေသကြီး #ပုဂံရှေးဟောင်းသုတေသနပြတိုက်
#YMG/NN #Yangon_Times
သီးနှံတွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်းများပါဝင်နေခြင်းကဈေးကွက်ဆုံးရှုံးမှုကိုဖြစ်ပေါ်စေနိုင်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်ကပြောပါတယ်။
#Local_News
Published 12 November 2025
#သီးနှံ #ပိုးသတ်ဆေးဓာတ်ကြွင်း
#YMG/NN #Yangon_Times
Page 23 of 2192