Rice Export Zone တွေမှာ လာမယ့်နှစ်နွေစပါးရာသီအတွက် ဧရိယာ ဧကပေါင်း (၃)သိန်းကျော် စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျှက်ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 18 November 2025
#Rice_Export_Zone #နွေစပါး
#YMG/SW #Yangon_Times
ကရင်ပြည်နယ်သို့ ခရီးသွားငါးသိန်းကျော်ဝင်ရောက်ခဲ့ပြီး ခရီးသွားတွေ အတွက် ဆွဲဆောင်မှုပိုရှိစေဖို့ စီမံချက်တွေချမှတ်ပြီး ဆက်လက်ဆောင်ရွက်နေတယ်လို့ ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ကသိရပါတယ်။
#Local_News
Published 18 November 2025
#ကရင်ပြည်နယ်
#YMG/NN #Yangon_Times
နေပြည်တော်မှာတွေ့ရှိခဲ့တဲ့ ရှေးဟောင်းလှေကြီးနှစ်စင်းကို ပတ္တာကျေးရွာရှိ စေတီတော်ဘုရားဝင်းတွင်းမှာ သယ်ဆောင်ထိန်းသိမ်းထားတယ်လို့ ပတ္တာကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ပြောကြားချက်အရသိရပါတယ်။
#Local_News
Published 18 November 2025
#ရှေးဟောင်းလှေကြီးနှစ်စင်း #ပတ္တာကျေးရွာ
#YMG/NN #Yangon_Times
#Local_News
Published 18 November 2025
▪️ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးဆက်လက်ရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ယနေ့မြန်မာစံတော်ချိန် ၁၀နာရီ ခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပြီး အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်သည်။
▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထား ကြောင်းသိရသည်။
#YMG/NN #Yangon_Times
နေပြည်တော်-မန္တလေး၊မန္တလေး -နေပြည်တော် ရထားခရီးစဉ်များကို ဘက်ထရီလျှပ်စစ် စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းတွေနဲ့ ယခုလ၂၂ရက်ကစတင် ပြေးဆွဲပေးသွားမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 18 November 2025
#ရထား #နေပြည်တော်-မန္တလေး-နေပြည်တော်
#YMG/SW #Yangon_Times
#Daily_News
Published 18 November 2025
၁။ ရှေးဟောင်းလှေကြီးနှစ်စင်းအားဘုရားဝင်းတွင်း၌ သယ်ဆောင် ထိန်းသိမ်းထားမည်
၂။ ကရင်ပြည်နယ်သို့ ခရီးသွားငါးသိန်းကျော်ဝင်ရောက်၊ဆွဲဆောင်မှုပိုရှိစေရန် ဆက်လက်ဆောင်ရွက်
၃။ Rice Export Zone များ၌ လာမည့်နွေစပါးရာသီတွင် ဧရိယာဧက (၃)သိန်းကျော် စိုက်ပျိုးနိုင်ရေးဆောင်ရွက်
၄။ ကားယာဉ်ပျံအမြောက်အများထုတ်လုပ်ရေးကမ္ဘာ့ပထမဆုံးစက်ရုံကြီး ကွမ်ကျိုး၌စမ်းသပ်ထုတ်လုပ်မှုအဆင့်စတင်ဝင်ရောက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 18 November 2025
▪️ မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့အကြား “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၁၀ စောင် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
▪️ အခမ်းအနားတွင် မှတ်တမ်းမော်ကွန်းများကို ဒစ်ဂျစ်တယ်နည်းဖြင့် ထိန်းသိမ်းခြင်းမြှင့်တင်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို အမျိုးသား စီမံကိန်းဝန်ကြီးဌာန၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့်တိုင်းရင်းသားများအတွက် အိမ်သုံးဆိုလာစနစ်များထောက်ပံ့ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးရှိ မဟာမြတ်မုနိဘုရားတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော အနုပညာလက်ရာများ အစားထိုးရေးဆွဲခြင်း စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံနို့စားကျွဲမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံရှိ သမဝါယမအသင်းသားတောင်သူများထံသို့ မှတ်ပုံတင်ထားပြီး အရည်အသွေးမြင့်မားသော ဝါနှင့်မတ်ပဲမျိုးစေ့များပံ့ပိုးခြင်းဖြင့် လယ်ယာကုန်ထုတ်စွမ်းအား မြှင့်တင်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ JCB အမျိုးအစား Breaker Gun ပါဝင်သော မြေတူးကော်တင်စက်(အသေး) တစ်စီးဝယ်ယူခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများအတွက် ပုံစံမပျက်စစ်ဆေးသော စမ်းသပ်ကိရိယာများ ဝယ်ယူခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ Offline အင်္ဂလိပ်ဘာသာစကားသင်တန်း တည်ထောင်ဖွင့်လှစ်ခြင်းစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှုအတွက် အရည်အသွေးမြင့်၊ အထွက်နှုန်းကောင်းဝါနှင့် မတ်ပဲမျိုးများရရှိရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆိုလာစွမ်းအင်သုံးရေတင်ခြင်း စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က လက်မှတ်ရေးထိုးကြပြီး အဆိုပါနားလည်မှု စာချွန်လွှာများတွင် အိန္ဒိယနိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Mr. Ashish Sharma က လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။
▪️ အဆိုပါစီမံချက်များသည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၉၇၃၅ ရှိပြီး စီမံချက်များ အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များပါဝင်သည့် စီမံချက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီများဖွဲ့စည်း၍ ကြီးကြပ်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း၊QIP စီမံချက်များသည် နှစ်နိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ တတိယနှစ်မြောက် ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံချက်တန်ဖိုးအားဖြင့် စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀၀ တန်ဖိုး ခွင့်ပြုပေးခြင်းဖြစ်
ကြောင်းသိရသည်။
▪️ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် QIP စီမံချက်ငါးခု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် QIP စီမံချက် ၁၀ ခု၊ ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် QIP စီမံချက် ၁၀ ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် လာမည့်ဘဏ္ဍာနှစ်အလိုက် QIP စီမံ ချက်များကို ဆက်လက်ဆောင်ရွက်ရန် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 19 of 2192