#Daily_News
Published 03 February 2026
၁။ ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ် တစ်လကျော်အတွင်း ၂၁၀၀ စီးနင်းခဲ့
၂။ တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးရှိ လုပ်ငန်း ၅၇ ခုအတွက် လုပ်ကိုင်ခွင့်တင်ဒါခေါ်ယူ
၃။ မြန်မာ့လက်ဖက်စို စားသုံးမှုဓလေ့ကို မတ်လအတွင်း ယူနက်စကိုသို့တင်သွင်းမည်
၄။ ဆောင်းမုန်တိုင်းကြောင့် အမေရိကန်တွင် လူ၁၀၀ ကျော်သေဆုံးခဲ့ရ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
လာမယ့် ၂၀၂၆ ခုနှစ် ပညာသင်နှစ် ဇွန်လမှစတင်ကာအခြေခံပညာ အလယ်တန်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ထည့်သွင်းသင်ကြားသွားမယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 03 February 2026
#စက်မှု_စိုက်ပျိုး_မွေးမြူရေးဘာသာရပ်
#YMG/SW #Yangon_Times
နေပြည်တော်၊ ဖေဖော်ဝါရီ ၂ — သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ဒီဇယ်ဆီတင် သင်္ဘောတစ်စီးအား ဓာတ်ခွဲစမ်းသပ်ချက်အရ အရည်အသွေး စံချိန်စံညွှန်းမမီသဖြင့် ဆီချခွင့်မပြုဘဲ မူလတင်ပို့ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့ တွင် ထုတ်ပြန်ကြေညာပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က သီလဝါဆိပ်ကမ်းရှိ Apex Terminal သို့ ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) တင်ဆောင်လာတဲ့ Tanker သင်္ဘောတစ်စီး ရောက်ရှိလာခဲ့ရာ ဝန်ကြီးဌာနက တင်ဆောင်လာတဲ့ ဒီဇယ်များကို နမူနာရယူ၍ ဓာတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
စစ်ဆေးချက်ရလဒ်များအရ အဆိုပါဒီဇယ်ဆီတွေက သတ်မှတ်ထားတဲ့ အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရတဲ့အတွက် သုံးစွဲသူပြည်သူများ နစ်နာမှုမရှိစေရေး ယခုကဲ့သို့ ပြန်လည်စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် စွမ်းအင်ဝန်ကြီးဌာနသည် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု လျှော့ချရေးနှင့် ပြည်တွင်း ရေနံချက်စက်ရုံ စီမံကိန်းများကို အပိုင်းလိုက် အကောင်အထည်ဖော်လျက်ရှိနေပါတယ်။ ဒါပေမယ့် ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှ တင်သွင်းနေရဆဲဖြစ်သဖြင့် တင်သွင်းလာသည့် စက်သုံးဆီများနှင့် ဈေးကွက်တွင်းရှိ စက်ဆီချောဆီများ၏ အရည်အသွေး၊ အခြင်အတွယ်နှင့် ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေး တို့ကို တင်းကြပ်စွာ စိစစ်ထိန်းကျောင်းလျက်ရှိတယ်လို့သိရပါတယ်။
#knl/ymg
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (𝐌𝐂𝐄𝐅) မှ ကြီးမှူးမှုနဲ့ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှဦးစီးကာ အဆောက်အဦးများပြုပြင်ခြင်းဆိုင်ရာ(ပန်းရံ) သင်တန်းအား မန္တလေးမြို့နဲ့ မန္တလေးမြို့ ဝန်းကျင်မှာ
ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 02 February 2026
#𝐌𝐂𝐄𝐅 #မန္တလေး
#YMG/SW #Yangon_Times
မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာရသူများအတွက် ဥရောပသမဂ္ဂ (အီးယူ)က ယူရို ၃၈.၆ သန်း ထောက်ပံ့သွားမယ်လို့ ကြေညာထားပါတယ်။
#Local_News
Published 02 February 2026
#ယူရို #ဥရောပသမဂ္ဂ
#YMG/SW #Yangon_Times
#Local_News
Published 02 February 2026
#မိုးရွာသွန်း
#YMG/NN #Yangon_Times
မြန်မာ့လက်ဖက်ပွဲတော်ကို ရန်ကုန်မြို့အင်းလျားကန်ဘောင်ရှိစိမ်းလန်းစိုပြေဥယျာဉ်မှာ အဆိုပါပွဲတော်ကို ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကျင်းပသွားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ရက် ကနေ ၁၄ရက်အထိကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 02 February 2026
#မြန်မာ့လက်ဖက် #ပြည်ထောင်စုနေ့
#YMG/NN #Yangon_Times
Page 19 of 2264