အခု၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ကနေ ဒီဇင်ဘာလအထိ ၉ လအတွင်း မြေဩဇာတန်ချိန် တစ်သိန်းခွဲကျော်နဲ့ ပိုးသတ်ဆေးတန်ချိန် တစ်သောင်းခုနှစ်ထောင်ကျော်အထိတင်သွင်းဖို့ ခွင့်ပြုထားတယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ပြောပါတယ်။
#Local_News
Published 04 December 2025
#မြေဩဇာ #ပိုးသတ်ဆေး
#YMG/NN #Yangon_Times
#Breaking News
Published 4 December 2025
▪️ ယနေ့ ဒီဇင်ဘာလ၄ရက်မှ စတင်ကာ ပြည်တွင်းထုတ်ဓာတ်ဆီအမျိုးမျိုးအား ယခင်ရောင်းချနေသည့်ဈေးနှုန်းများထက် တစ်လီတာလျှင် ၂၀၀ ကျပ်အထိ လျှော့ချ၍ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်းစွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
▪️ စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူလူထု၏သယံဇာတအား ပြည်သူလူထုထံသို့ ဆိုသည့် ဆောင်ပုဒ် နှင့်အညီပြည်တွင်း၌ကိုယ်တိုင်ချက်လုပ်သည့် Ron 68 ဓာတ်ဆီများကိုယခင်က ပုဂ္ဂလိကသို့ တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလမှစတင်၍ သုံးစွဲသူများထံသို့ တိုက်ရိုက်ရောင်းချသည့် စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ထို့အပြင် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှုအပေါ် မူတည်၍ Ron 72 နှင့် Ron 77 ဓာတ်ဆီများကိုလည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
▪️ ယခုအခါ ရေနံစိမ်းကုန်ကြမ်းဈေးနှုန်းများ ကျဆင်းလာသည့်အတွက် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယနေ့မှစတင်၍ ပြည်တွင်းထုတ်ဓာတ်ဆီအမျိုးမျိုးအား ယခင်ရောင်းချနေသည့်ဈေးနှုန်းများထက် တစ်လီတာလျှင် ၂၀၀ ကျပ်အထိ လျှော့ချ၍ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း ၊ ဆက်လက်၍လည်း ဌာနအနေဖြင့် အဆင့်မြင့် Ron ဓာတ်ဆီများ ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
#YMG/SW #Yangon_Times
၂၀၂၅-၂၀၂၆ ခုနှစ် ကြံကြိတ်ခွဲရာသီအတွက် နဝဒေးသကြားစက်က စက်ရုံအရောက်ဈေး ကြံတစ်တန်ပေါက်ဈေး ကျပ်၁၇၀,၀၀၀နဲ့ ဖွင့်လှစ်လာပြီလို
မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 04 December 2025
#ကြံ #သကြား
#YMG/NN #Yangon_Times
ဥစားကြက်မွေးမြူရေးဇုန်နဲ့ စပါးစိုက်ပျိုးရေးဇုန်များပါဝင်တဲ့စိုက်ပျိုးမွေးမြူရေးဇုန်တစ်ခုကို မကွေးတိုင်းဒေသကြီးအတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့သိရပါတယ်။
#Local_News
Published 04 December 2025
#ဥစားကြက် #မကွေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
#Daily_News
Published 04 December 2025
၁။ ကြံ (၁)တန်ပေါက်ဈေး ကျပ် ၁၇၀,၀၀၀ ဖြင့်ဖွင့်လှစ်
၂။ မြေဩဇာတန်ချိန် တစ်သိန်းခွဲကျော် တင်သွင်းရန်ခွင့်ပြုထား
၃။ ယခုဘဏ္ဍာနှစ် ရှစ်လကျော်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၉၅၀ခန့် ထုတ်ရောင်းပေးထား
၄။ မြို့ပြထိန်းသိမ်းရေးတာဝန်များအတွက်ဖန်တီးသော တရုတ်ပြည်ထုတ်သန့်ရှင်းရေးစက်ရုပ်များယှဉ်ပြိုင်စမ်းသပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 04 December 2025
▪️ ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ - ၂၀၂၅ တွင်ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
▪️ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ - ၂၀၂၅ (Yangon Investment Facilitation Workshop-2025) ကို ဒီဇင်ဘာလ၃ရက်က ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပခဲ့ပြီးဆန်၊ ပဲ၊ နှမ်း စိုက်ပျိုးရေး ထွက်ကုန်များ၊ ဆိုလာလျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ဆက်စပ်သည့် နည်းပညာလွှဲပြောင်းခြင်းကဏ္ဍစသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခုကို သက်ဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြကြောင်းသိရသည်။
▪️ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့မြှင့်တင်လုပ်ကိုင်နိုင်မှသာ ပို့ကုန်နှစ်ဆ တိုးမြှင့်ရေးရည်မှန်းချက်ကို ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အချို့သွင်းကုန်များကိုလည်း အစားထိုးနိုင်ပြီး ပို့ကုန်များကိုလည်း တိုးတက်အောင် ဆောင်ရွက်သွားနိုင်ရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟုဆိုရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုရှိသည့်အတွက် နှစ်ပိုင်းစလုံးကိုအားပေးဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပွဲအဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
▪️ ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဒေသတစ်ခုဖြစ်ပြီး နိုင်ငံ့ GDP ၏ ၂၆ ရာခိုင်နှုန်းဖြစ်သည့်အတွက် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှုသည် တစ်နိုင်ငံလုံးအတွက် အရေးကြီးသောကြောင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများအား တွန်းအားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၏ မူလအဆိုပြုလွှာအတိုင်း ကုန်ထုတ်လုပ်မှုစွမ်းအား ပြန်လည် လည်ပတ်နိုင်ရေးနှင့် ပြည်ပသို့ ချိတ်ဆက်တင်ပို့မှု အဆင်ပြေချောမွေ့ရေးသည် အဓိကကျနေသည့်အတွက် ဗဟိုမှ ကွင်းဆင်းထိတွေ့အားပေးရင်း ပြန်လည်တင်ပြချက်များကိုလည်း သက်ဆိုင်ရာဌာနများသို့ တင်ပြညှိနှိုင်းကူညီသွားမည်ကြောင်း၊ Processing Lines အပြင် ထပ်မံတိုးချဲ့တပ်ဆင်လိုသူရှိပါကလည်း မြန်ဆန်အဆင်ပြေချောမွေ့အောင် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 04 December 2025
▪️ ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ ယခုလအတွင်းစတင်နိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် မစ္စတာဆာဂေးရှတီရော့ဗ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစါကြောင်း သိရသည်။
▪️ ထိုသို့ တွေ့ဆုံစဉ် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးစီမံကိန်းဆိုင်ရာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့်စီမံကိန်းများ၏ MoU ရေးထိုးနိုင်မှုအခြေအနေများ၊ ရုရှားနိုင်ငံမှ ပံ့ပိုးပေးသည့် နေကြာမျိုးကိုးမျိုးကို စိုက်ပျိုးရေးသမဝါယမအသင်းများဖြင့် စမ်းသပ်စိုက်ပျိုးခဲ့မှုအခြေအနေများ၊ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်နေသည့်အခြေအနေများနှင့် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးလုပ်ငန်းအား ဒီဇင်ဘာလတွင်စတင်နိုင်ရေးနှင့် စက်ရုံကို တစ်နှစ်အတွင်း ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 14 of 2203