မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိပုဂံ-ညောင်ဦးလေဆိပ်ကို အဆင့်မြင့်တင်ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 22 December 2025
#ပုဂံ_ညောင်ဦး #မန္တလေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ယုဇနနဲ့ကျန်စစ်မင်းအိမ်ရာတွေမှာ အိမ်ရာအဆောက်အအုံ၂၄လုံးထပ်တိုးတည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 22 December 2025
#ယုဇန #ကျန်စစ်မင်းအိမ်ရာ
#YMG/SW #Yangon_Times
ယခုဘဏ္ဍာနှစ် ရှစ်လတာအတွင်း ပြည်ပနိုင်ငံတွေကို ပုစွန်တင်ပို့တာကနေ အမေရိကန်ဒေါ်လာ ၂၁သန်းကျော် ရရှိထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 22 December 2025
#ပုစွန် #ငါး
#YMG/NN #Yangon_Times
ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားသို့ နှစ်လကျော် ကာလအတွင်းခရီးသွားလေးသိန်းကျော်ဝင်ရောက်ထားတယ်လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 22 December 2025
#ကျိုက်ထီးရိုးဘုရား
#YMG/NN #Yangon_Times
#Daily_News
Published 22 December 2025
၁။ ယခုဘဏ္ဍာနှစ်အတွင်း ပုစွန်တင်ပို့မှုမှ ဒေါ်လာ (၂၁)သန်းကျော်ရရှိထား
၂။ ယုဇနနှင့်ကျန်စစ်မင်းအိမ်ရာတို့တွင် အိမ်ရာအဆောက်အအုံ(၂၄)လုံးထပ်တိုးတည်ဆောက်မည်
၃။ ပုဂံ-ညောင်ဦးလေဆိပ်ကို အဆင့်မြင့်တင်ဆောင်ရွက်နေ
၄။ ဩစတြေးလျထောက်လှမ်းရေးစနစ်လိုအပ်ချက်များရှိကြောင်း ဝန်ကြီးချုပ်ဝန်ခံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 22 December 2025
▪️ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်အတူ ယမာန်နေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ရွှေမြို့မွေးမြူရေးဇုန်ရှိ ပုဂ္ဂလိကမွေးမြူရေးခြံများကို ကွင်းဆင်းကြည့်ရှုပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ခေတ်မီမွေးမြူရေးစနစ်ဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားသည်။
▪️ ဒုတိယဝန်ကြီးသည် ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင် ဦးဇော်ထွန်းမြင့်(အင်မိုင်ခ) မွေးမြူရေးခြံတွင် ဒေသနွားကောင်ရေ ၁၅၀ မွေးမြူထားရှိပြီး တိရစ္ဆာန်အစာ နှံစားပြောင်းစိုက်ပျိုးထားရှိမှုနှင့် မွေးမြူရေးလုပ်ငန်းရှင် ဦးအုန်းခိုင်၏ စူပါကောင်း နို့စားနွားမွေးမြူရေးခြံတွင် နို့စားနွား ၇၆ ကောင်မွေးမြူပြီး နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ပေးနေမှုတို့ကိုကြည့်ရှုရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းတာဝန်ခံနှင့် လုပ်ငန်းရှင်များက ရွှေမြို့မွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထပ်မံတိုးချဲ့မွေးမြူနိုင်မှုအခြေအနေနှင့် ဈေးကွက်အခြေအနေကို ရှင်းလင်းတင်ပြကြသည်။
▪️ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မွေးမြူရေးတိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ဆေးများကို သတ်မှတ်ချက်များအတိုင်း ထိုးနှံပေးရေး၊ အရည်အသွေးပြည့် မွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်နိုင်စေရန် သမားရိုးကျမွေးမြူရေးစနစ်မှ ခေတ်မီမွေးမြူရေးစနစ်သို့ ကူးပြောင်းဆောင်ရွက်ရေးနှင့် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
▪️ ထို့နောက် ကံကြီးမွေးမြူရေးဇုန်ရှိ ဒေါက်တာမြတ်စံ၏ ဥစားကြက်မွေးမြူရေးခြံတွင် ဥစားကြက်အကောင်ရေ ၂၆၀၀၀ မွေးမြူထားရှိမှု၊ ဦးဝင်းသူရဇော်၏ Win Family Farm တွင် မွေးမြူရေးအစာထုတ်လုပ်မှုနှင့် ဒေသနွား ၁၀၅ ကောင်၊ နို့စားနွားအကောင် ၂၀ နှင့် အသားတိုးနွား ၁၀ ကောင် မွေးမြူထားရှိမှု၊ မွေးမြူရေးလုပ်ငန်းရှင် ဦးတင်မြိုင်၏ မွေးမြူရေးခြံတွင် အသားတိုးဝက်အကောင်ရေ ၃၀၀၀ မွေးမြူထားရှိမှု၊ ဦးသန်းဌေး၏ မွေးမြူရေးခြံတွင် အသားတိုးကြက် ၁၂၀၀၀ နှင့် ဒေသဆိတ်အကောင် ၇၀ မွေးမြူထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
▪️ ယင်းနောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် ရွှေမြို့ရှိ မွေးမြူရေး သုတေသနစခန်း၌ ပျား၊ နွားနောက်၊ မြင်း၊ အိမ်မွေးတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန် စသည့် ကုန်းနေသတ္တဝါများ၏ တိရစ္ဆာန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ်နှင့်ပူးပေါင်း၍ မြင်းများ ၏ မျိုးပွားမှုဆိုင်ရာ ခရိုမိုဆုန်းများ ပုံမှန်ဟုတ်/ မဟုတ်ကို Polymerase Chain Reaction- PCR နည်းအားဖြင့် စစ်ဆေးသည့် သုတေသနလုပ်ငန်းများ၊ မျိုးမွေး မြူထိန်းသိမ်းခြင်း၊ မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများကို လှည့်လည်ကြည့်ရှုပြီး မွေးမြူသူများနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် မွေးမြူရေးအခြေခံစီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးသုတေသန လုပ်ငန်းများ၏အရေးပါမှုနှင့် အချိန်တိုပြီးအသုံးချ သုတေသနဖြစ်သည့် ဒေသကြက်နှင့် ဥစားကြက်သုတေ သနရလဒ်ကောင်းများ အမြန်ဆုံး ဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
▪️ မွန်းလွဲပိုင်းတွင် မြင်းမေထုန်မဲ့နှင့် မျိုးရိုးဗီဇဓာတ်ခွဲခန်း၊ ပျားမေထုန်မဲ့နှင့် မျိုးရိုးဗီဇဓာတ်ခွဲခန်း၊ တိုင်းရင်းကြက်စစ်တကောင်း၊ အင်ပင်ဝနှင့် ရွှေတဆုပ်ကြက်များ အသားစားကြက်မျိုးသစ် ဖော်ထုတ်ခြင်းနှင့် ဒေသနွားများ သုတေသနလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 December 2025
▪️ ရန်ကုန်တိုင်းနှင့်ဒေသအများစု၌ ညအပူချိန်များဆက်လက်လျော့ကျနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နေ့လယ်ပိုင်းအချိန်ထုတ်ပြန်ချက်အရ သိရသည်။
▪️ မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး
နောက် ၂ ရက်အတွက်ခန့်မှန်းချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်းသိရသည်။
▪️ ထို့အပြင် လွန်ခဲ့သော ၂၄ နာရီအတွင်းက ရခိုင်ပြည်နယ်တွင် အများအားဖြင့် သာယာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး ညအပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီဆဲလ်စီးယပ်လျော့နည်းခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ် နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီ ဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်းသိရသည်။
▪️ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၄.၅ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်လင်မြို့တွင် ၅.၂ ဒီဂရီဆဲလ်စီးယပ်၊ တီးတိန်မြို့တွင် ၆.၃ ဒီဂရီဆဲလ်စီးယပ်၊ ပူတာအိုမြို့နှင့် နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)တို့တွင် ၇.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ မိုင်းယန်းမြို့တွင် ၇.၅ ဒီဂရီဆဲလ်စီးယပ်၊ ပင်လောင်းမြို့တွင် ၇.၆ ဒီဂရီဆဲလ်စီးယပ်၊ မင်းကင်းမြို့တွင် ၈.၅ ဒီဂရီဆဲလ်စီးယပ်၊ မချမ်းဘောမြို့တွင် ၉.၃ ဒီဂရီဆဲလ်စီးယပ်နှင့် တောင်ကြီးမြို့တွင် ၉.၈ ဒီဂရီဆဲလ်စီးယပ်တို့ဖြစ်ကြ ကြောင်းသိရသည်။
▪️ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှတိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 12 of 2217