#Local_News
Published 21 September 2026
■ တရုတ်နိုင်ငံ ပေကျင်းမြို့၌ကျင်းပသည့်(၁၃) ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်သို့ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော
မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်းသိရသည်။
■ အဆိုပါ (၁၃) ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်ကိုပေကျင်းမြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိကျင်းပခဲ့ခြင်းဖြစ်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး တုံကျွင်း (Admiral Dungjun) ၏ ဖိတ်ကြားချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ခြင်းဖြစ်သည်။
■ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး တုံကျွင်းက ပေကျင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (Beijing International Convention Center)၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
■ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တည်ခင်းဧည့်ခံသော ဖိုရမ်ဖွင့်ပွဲ ကြိုဆိုနှုတ်ခွန်းဆက် ညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
■ စက်တင်ဘာ ၁၆ ရက်တွင် ဖိုရမ်ပထမနေ့ စုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် အပြင် ဖိုရမ်သို့ ပါဝင်တက်ရောက်လျက်ရှိသည့် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် နှစ်နိုင်ငံအလွတ်သဘောသီးသန့် တွေ့ဆုံမှုများကိုလည်း ဆောင်ရွက်ခဲ့သည်။
■ ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးက ပေကျင်းမြို့ စစ်သမိုင်းပြတိုက်တွင် တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။
■ စက်တင်ဘာ ၁၇ ရက်တွင် BICC ၌ ကျင်းပသော ဖိုရမ်ဒုတိယနေ့ စုံညီအစည်းအဝေးသို့ တက်ရောက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိန်ခေါ်မှုများနှင့်အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးကာ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
■ (၁၃) ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကာကွယ်ရေးဝန်ကြီးများ၊ လုံခြုံရေးနှင့်သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများနှင့် နိုင်ငံတကာလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လေ့လာသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
■ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ စစ်ဘက်နည်းပညာဆိုင်ရာ ကုမ္ပဏီများကိုလည်း ကြည့်ရှုလေ့လာခဲ့သည်။
■ ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာသံရုံး (ပေကျင်း) သို့သွားရောက်၍ သံရုံးနှင့် စစ်သံရုံးတို့မှ အရာရှိ/ စစ်သည်/ မိသားစုဝင်များနှင့် သင်တန်းသားများအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 September 2026
■ အရဟံဖောင်ဒေးရှင်း၏ (၆)နှစ်ပြည့်အထိမ်းအမှတ် "ဩဝါဒခံယူပွဲ၊ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊အာစရိယပူဇော်ပွဲနှင့် အရဟံ သာသနာပြုဓမ္မကောလိပ် ကျောင်းသား/သူများ၏ စာတမ်းဖတ်ပွဲအခမ်းအနားကို စက်တင်ဘာ၂၀ ရက်နေ့က ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
■ သင်ကြား/စီမံဆရာတော်များနှင့် ကျောင်းသား/သူများ၊ ဧည့်သည်တော် များက "နမောတဿ" (၃) ကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး အရဟံဖောင်ဒေးရှင်း (၆) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့်စပ်လျဉ်း၍ အရဟံဖောင်ဒေးရှင်းတည်ထောင်သူနှင့် ပဓာနဦးဆောင်ဆရာတော် "ဓမ္မဝီရဒေါက်တာအရှင်တေဇနိယ" က မိန့်ကြားခဲ့ကြောင်း သိရသည်။
■ ထို့အပြင် အရဟံဖောင်ဒေးရှင်း ဦးဆောင်နာယကဆရာတော် ပါမောက္ခဒေါက်တာအရှင်သာဓိန အား "သဘာပတိဆရာတော်"အဖြစ် တင်မြှောက်ခြင်း ၊ "ယနေ့ခေတ်တွင် ဘာသာမဲ့လူငယ်များ များပြားလာရခြင်းအကြောင်းကို လေ့လာသုံးသပ်ခြင်း" စာတမ်းကို အရဟံ သာသနာပြုဓမ္မကောလိပ် ကျောင်းထိုင်ဆရာတော်များ၊ ဓမ္မာစရိယကျမ်းပြီး၊ကျမ်းစွဲဆရာတော်များဆိုင်ရာ B.A (Buddhist Missionary) "အရဟံ သာသနဟိတဓမ္မာစရိယ၊အရဟံသာသနဟိတဂဏဝါစက"တန်း သံဃာတော်များက တင်သွင်းဖတ်ကြားခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
■ ၎င်းအပြင် "မိမိပတ်ဝန်းကျင်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးအခြေအနေကို လေ့လာသုံးသပ်ခြင်း" စာတမ်းကို အရဟံ သာသနာပြုဓမ္မကောလိပ် လူပုဂ္ဂိုလ် ဒကာ၊ဒကာမများဆိုင်ရာ Diploma in Dhamma Studies (အရဟံ ဓမ္မမာမက) တန်း ကျောင်းသား/သူများက တင်သွင်းဖတ်ကြားခဲ့ပြီး "မျက်မှောက်ခေတ် မြန်မာပြည်ဗုဒ္ဓသာသနာနှင့် သီလရှင်ဆရာလေးများ၏ အခန်းကဏ္ဍကို လေ့လာသုံးသပ်ခြင်း" စာတမ်းကို အရဟံ သာသနာပြုဓမ္မကောလိပ် Diploma in Araham Missionary (သာသနဟိတာရမ္ဘ) တန်းနှင့် B.A (Buddhist Missionary ) "အရဟံ သာသနဟိတဓမ္မာစရိယ၊အရဟံသာသနဟိတဂဏဝါစက" တန်း ဆရာလေးများက တင်သွင်းဖတ်ကြားခဲ့ပြီး "ဗုဒ္ဓတရားတော်များသည် ချမ်းသာကြီးပွားခြင်းကိုအားမပေးဟူသော စကားသည် မှန်၊မမှန် လေ့လာသုံးသပ်ခြင်း" စာတမ်းကို အရဟံသာသနာပြုဓမ္မကောလိပ် လူပုဂ္ဂိုလ် ဒကာ၊ဒကာမများဆိုင်ရာ B.A (Dhamma studies Studies ) တန်း ကျောင်းသား/သူများက တင်သွင်းဖတ်ကြားခဲ့ကြောင်းသိရသည်။
■ ထို့နောက် နေ့လယ်ပိုင်းအစီအစဉ်များအနေဖြင့်အရဟံသာသနာပြု ဓမ္မကောလိပ်သင်ကြားရေးဆရာ၊ဆရာမများအား ၂၀၂၅/၂၀၂၆ ပညာသင်နှစ် အတွင်း 'အရဟံဖောင်ဒေးရှင်း 'ကထုတ်ဝေခဲ့သည့် ပညာရေးအထောက်အကူပြုကျမ်းစာများနှင့် အာစရိယပူဇာ လက်ဆောင်များပေးအပ်ခြင်း၊အရဟံဖောင်ဒေးရှင်း ဩဝါဒစရိယ ကျောက်မဲ ဆရာတော်ကြီးကဒက္ခိဏောဒက ရေစက်သွန်းချ အမျှပေးဝေပြီးနောက် အဓိပတိဆရာတော်အမှူးပြုသောသင်ကြား/စီမံ ဆရာတော်များနှင့်ကျောင်းသား/ကျောင်းသူများ ၊ဧည့်သည်တော်များ က " ဗုဒ္ဓသာသနာ စိရံတိဌတု "သုံးကြိမ်ရွတ်ဆိုအဓိဌာန်ပြုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို လာမယ့် စက်တင်ဘာ ၂၈ ရက်ကစပြီး လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 20 September 2026
#တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားခဲ့ရာကနေ ယမန်နေ့အထိ အ.ထ.က(အိုင်သပြု) အပါအဝင် အခြေခံပညာကျောင်း (၁၅)ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီလို့ လေးမျက်နှာမြို့နယ်ပညာရေးမှူးရုံးကနေသိရပါတယ်။
#Local_News
Published 19 September 2026
#လေးမျက်နှာ
#YMG/NN #Yangon_Times
ဝါးထုတ်လုပ်မှုဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးတို့ကို အထောက်အကူပြုသလို ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်စေတဲ့ သဘာဝအရင်းအမြစ်တစ်ခုဖြစ်တာကြောင့် ဝါးကဏ္ဍဖွံဖြိုးရေး နယ်ပယ်သစ်များချဲ့ထွင်ဖို့အတွက် ယမန်နေ့ကနေပြည်တော်မှာ ကျင်းပတဲ့ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့အခမ်းအနားမှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက တိုက်တွန်းပြောကြားခဲ့ပါတယ်။
#Local_News
Published 19 September 2026
#ဝါး
#YMG/SW #Yangon_Times
အစိုးရ၊ပုဂ္ဂလိက၊တောင်သူ ပူးပေါင်းမှုဖြင့်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လျှပ်စစ်မီးနဲ့လိုအပ်သော မြေနေရာအကျယ်အဝန်းရရှိနိုင်တဲ့ မြစ်ကြီးနားနဲ့ မိုးညှင်းမြို့နယ်မှာ ပဲပုပ်ဆီကြိတ်စက်ရုံတည်ဆောက်ဖို့ လျာထားတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေသိရပါတယ် ။
#Local_News
Published 19 September 2026
#မြစ်ကြီးနား #ပဲပုတ်ဆီ
#YMG/NN #Yangon_Times
#Daily_News
Published 19 September 2026
၁။ လေးမျက်နှာ၌ အခြေခံပညာကျောင်း(၁၅)ကျောင်း ပြန်လည်ဖွင့်လှစ်၊(၂၄)ကျောင်း ပြန်လည်ဖွင့်လှစ်ရန်ကျန်ရှိ
၂။ ဝါးကဏ္ဍဖွံ့ဖြိုးရေး နယ်ပယ်သစ်များချဲ့ထွင်ရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း
၃။ မြစ်ကြီးနားနှင့်မိုးညှင်းတွင် ပဲပုတ်ဆီကြိတ်စက်ရုံများ တည်ထောင်ရန်ပြည်နယ်အစိုးရလျာထား
၄။ လျှပ်စစ်ကားများအတွက်နိုင်ငံတကာစံချိန်စံညွှန်းအသစ် တရုတ်ကျွမ်းကျင်သူများထုတ်ပြန်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 12 of 2454