#Local_News
Published 06 May 2026
■ တိုင်းဒေသကြီး ခြောက်ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
■ Smart School နှင့် Football for School Program အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမာန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
■ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်တွင်ပါဝင်သည့် Smart School နှင့် Football for School Program အကောင် အထည်ဖော်ဆောင်မည့် အခြေ အနေများကို စံနှုန်းများသတ်မှတ် ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကနဦးအနေဖြင့် တိုင်းဒေသကြီး ခြောက်ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်ဖြစ်ပြီး လာမည့်နှစ်များတွင် တိုးချဲ့ဆောင်ရွက်နိုင်ရေးအစီအမံများ တိကျစွာ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရလဒ်များပေါ်တွင် အခြေခံ၍ လုပ်ငန်းများ၏ တိုးတက်မှုကို အမြဲမပြတ်လေ့လာဆန်းစစ်ပြီး ရေရှည်တည်တံ့သော စီမံကိန်းဖြစ်လာစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ Smart School နှင့် Football for School Program အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
■ ထို့နောက် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူက Smart School နှင့် Football for School Program အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
■ ယင်းနောက် တက်ရောက် လာသူများက Smart School နှင့် Football for School Program ဆောင်ရွက်မည့် ကျောင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မေ၅၊၂၀၂၆
မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပေးမည့် အစီအစဉ်တစ်ခု ကြိုးစားနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖွမ်ကစ်ကေအိုက ထုတ်ဖော်ပြောကြားသည်။
မေ ၅ရက်က ထုတ်ပြန်သည့် ရိုက်တာသတင်းဌာန၏ သတင်းတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အင်တာ ဗျူးကို ကိုးကားပြီး ယင်းကဲ့သို့ဖော်ပြထားခြင်းဖြစ်သည်။
မြန်မာအစိုးရသစ်နှင့် ပိုမိုထိတွေ့ဆက်ဆံနိုင်ရေးအတွက် အာဆီယံအဖွဲ့အတွင်း တူညီသဘောဆန္ဒ ရယူရန် ရည်ရွယ်လျက် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဒေသတွင်း ထိပ်တန်းသံတမန်များနှင့် တွေ့ဆုံရန် ဖိတ်ကြားဖို့အစီအစဉ်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရိုက်တာကို ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်ပတ်ခန့်က နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သော ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက် က မြန်မာခေါင်းဆောင်ပိုင်းနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အပါအဝင် ပြန်လည် ထိတွေ့ဆက်ဆံနိုင်ရန် တွန်းအားပေး လုပ်ဆောင်နေကြောင်း ရိုက်တာနှင့် အင်တာဗျူးတွင် ပြောကြား ခဲ့သည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဘေးတိုက်ဆွေးနွေးပွဲတစ်ခုအဖြစ် ကျင်းပမည့် အဆို ပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် အနာဂတ်အစီအစဉ်များကို မြန်မာနိုင်ငံခြား ရေးဝန်ကြီးက ရှင်းလင်းပြောကြားမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် အဆင့်ဆင့် ဆက်လက်ဆောင်ရွက်သွား မည်ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ယခုအပတ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေး၌ အခြားသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် မိမိ၏အစီအစဉ်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆီဟာဆက်က ဆိုသည်။ အာဆီယံအနေဖြင့် စုပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် ယင်းလုပ်ရပ်သည် ထိုင်းနိုင်ငံက တစ်ဖက် သတ် အတင်းအကျပ် ပြုလုပ်လိုခြင်းမဟုတ်ကြောင်း သူက ဖြည့်စွက်ပြောကြားသည်။
မန္တလေးမြို့ရှိ KBZ Center Mandalay မှာ ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာများထုတ်ယူနိုင်တယ်လို့ ယင်းစင်တာကနေသိရပါတယ်။
#Local_News
Published 05 May 2026
#ကျောက်ကပ်သွေးသန့်စင် #KBZ_Center_Mandalay
#YMG/NN #Yangon_Times
ယခုလတွင်ယခင်လကထပ် ကုန်သေတ္တာတင်သင်္ဘောစီးရေပိုမိုပြေးဆွဲရန်ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အစည်းမှ သိရပါတယ်။
#Local_News
Published 05 May 2026
#ကုန်သေတ္တာတင်သင်္ဘော
#YMG/SW #Yangon_Times
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ပရိဝုဏ်အတွင်းမှာ မေလ ၁၀ ရက်နေ့အထိ ပြသသွားမှာဖြစ်တာကြောင့် စိတ်ပါဝင်စားသူမည်သူမဆို နေ့စဉ်နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်တယ်လို့ သိရပါတယ် ။
#Local_News
Published 05 May 2026
#ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဉ်ဖြင့် Football For School Program ကို သင်တန်းသား၊ သင်တန်းသူ (၂၀၀၀) ဦးဖြင့်စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 05 May 2026
#Football_For_School_Program
#YMG/SW #Yangon_Times
#Daily_News
Published 05 May 2026
၁။ ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာများထုတ်ယူနိုင်
၂။ ယခုလတွင်ကုန်သေတ္တာတင်သင်္ဘောစီးရေပိုမိုပြေးဆွဲရန်ရှိ
၃။ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲပြသနေ
၄။ တရုတ်ပြည်၏ဟွာလုံ(၁)ပထမဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံ စတင်ဓာတ်အားထုတ်လုပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 8 of 2325