ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC)ပြုလုပ်ခွင့်ရသော်လည်း အချက်အလက်မမှန်ကန်ပါကကတ်ထုတ်ပေးမှာ မဟုတ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
#Local_News
Published 29 November 2025
#OWIC #အလုပ်သမားဝန်ကြီးဌာန
#YMG/SW #Yangon_Times
အခု ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ခုနှစ်လတာအတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ၁ သိန်းခွဲနီးပါးတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကနေ သိရပါတယ်။
#Local_News
Published 29 November 2025
#ရော်ဘာ
#YMG/NN #Yangon_Times
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်နှုန်းမြင့်မားပြီး ပြည်ပတင်ပို့မှုနည်းပါးတဲ့ နေကြာသီးနှံကိုတိုးချဲ့စိုက်ပျိုးသွားမယ်လို့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှသိရပါတယ်။
#Local_News
Published 29 November 2025
#နေကြာသီးနှံ #ပြည်တွင်းစားသုံးဆီ
#YMG/SW #Yangon_Times
#Daily_News
Published 29 November 2025
၁။ ပြည်တွင်းစားသုံးဆီဖူလုံရေးထွက်နှုန်းမြင့်မားသည့် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးမည်
၂။ ခုနှစ်လအတွင်း ရော်ဘာတန်ချိန် ၁ သိန်းခွဲနီးပါးတင်ပို့ထား
၃။ OWIC ပြုလုပ်ခွင့်ရသော်လည်း အချက်အလက်မမှန်ကန်ပါက ကတ်ထုတ်ပေးမည်မဟုတ်
၄။ နှစ်နိုင်ငံသံတမန်ရေးတင်းမာမှုများကြောင့် တရုတ်မှဂျပန်သိုခရီးသွားလည်ပတ်နှုန်းအလွန်ကျဆင်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 29 November 2025
▪️ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ H.E. Mr. Aleksandr Lukashenko အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၈ ရက် ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
▪️ ဧည့်သည်တော် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီး၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။
▪️ ပို့ဆောင်နှုတ်ဆက်ရာတွင် နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က ကော်ဇောနီ လျှောက်လှမ်းတစ်လျောက် အလေးပြုကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် အကအဖွဲ့များက ရိုးရာယဉ်ကျေးမှု အကအလှတို့ဖြင့် ကပြဖျော်ဖြေခြင်းများနှင့်အတူ ကျောင်းသား ကျောင်းသူများက နှစ်နိုင်ငံအလံများ ဝှေ့ယမ်း၍လည်းကောင်း၊ လမ်းဘေးဝဲယာတစ်လျှောက် နှစ်နိုင်ငံအထိမ်းအမှတ် အလံများစိုက်ထူခြင်းတို့ဖြင့်လည်းကောင်း ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည့်အပြင် ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ ဦး ဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လိုက်ပါသည့် အထူးလေယာဉ်ကို မြန်မာ့တပ်မတော်(လေ)မှ ဂျက်တိုက်လေယာဉ် ၃ စီးက လိုက်ပါခြံရံပျံသန်း၍ မြန်မာ့လေပိုင်နက်အ ဆုံးထိ ပို့ဆောင်ပေးခဲ့ကြကြောင်းသိရသည်။
#YMG/PP #Yangon_Times
ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ် ၊ပြည် - ပေါက်ခေါင်းသွားတဲ့ လမ်းပေါ်ရှိ တောင်ပေါ် ၂၆မိုင် ၊ဘုတလင်ကျေးရွာမှာ နှစ်ဖက်ထိတွေမှုတွေဖြစ်ခဲ့တာကြောင့် နေရပ်စွန့်ခွာလာသူတွေအတွက် အနွေးထည် ၊စောင်၊ခြင်ထောင်အပါအဝင် စားသောက်ကုန်နဲ့ အမျိုးသမီးတွေအတွက် တစ်ကိုယ်ရည်သုံးပစ္စည်းတွေလိုအပ်နေတယ်လို့ Save The Trees Rescue Team ကသိရပါတယ်။
#Local_News
Published 28 November 2025
#ပဲခူးတိုင်း_အုတ်တွင်းမြို့နယ် #Save_The_Trees_Rescue_Team
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကိုဗစ်ချေးငွေရယူထားတဲ့ ကုမ္ပဏီတွေအ နေနဲ့ အဆိုပါချေးငွေကို သုံးကြိမ်ခွဲကာလာမယ့်မတ်လနောက်ဆုံးထား ပြန်လည်ပေးဆပ်ရမယ်လို့ သိရပါတယ်။
#Local_News
Published 28 November 2025
#ကိုဗစ် #ချေးငွေ
#YMG/SW #Yangon_Times
Page 7 of 2192