တရုတ်နိုင်ငံသို့ အစားအစာတင်ပို့နေတဲ့ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း ကုမ္ပဏီတွေရဲ့ မှတ်ပုံတင်ခွင့်စီမံခန့်ခွဲရေးသတ်မှတ်ချက်များ ၊ ပြဌာန်းချက်များအရ GACC မှတ်ပုံတင်ခွင့် သက်တမ်းကြိုတင်တိုးမြှင့်ရေး တင်ပြလျှောက်ထားဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ကနေ အသိပေးထားပါတယ်။
#Local_News
Published 03 December 2025
#GACC #တရုတ်နိုင်ငံ
#YMG/NN #Yangon_Times
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြိုနယ်ရှိ မန်းရွှေစက်တော် ဘုရားကြီးရဲ့ ၂၀၂၆ ခုနှစ်၊ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို (၈၆) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်။
#Local_News
Published 03 December 2025
#မန်းရွှေစက်တော် #မကွေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
ထိုင်းသို့တင်ပို့တဲ့ ငရုတ်သီးတွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်းများ နဲ့ မှိုဓာတ်ကြွင်းတွေ တွေ့ရှိရတာကို သက်ဆိုင်ရာကနေသိရှိရတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ကနေအသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 03 December 2025
#ထိုင်း #ငရုတ်သီး
#YMG/NN #Yangon_Times
နေပြည်တော်နဲ့ မန္တလေးတို့တွင်လည်းဆန်ကို သက်သာသောနှုန်းထားဖြင့် အိမ်အရောက်ရောင်းချပေးသွားဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 03 December 2025
#ဆန် #နေပြည်တော် #မန္တလေး
#YMG/SW #Yangon_Times
#Daily_News
Published 03 December 2025
၁။ ထိုင်းသို့တင်ပို့သည့် ငရုတ်သီးများတွင် ပိုးသတ်ဆေးနှင့်မှိုဓာတ်ကြွင်းများ တွေ့ရှိရဟုဆို
၂။ မန်းရွှေစက်တော် ဘုရားပွဲတော်ကို(၈၆)ရက်ကြာကျင်းပမည်
၃။ GACC မှတ်ပုံတင် ကြိုတင်သက်တမ်းတိုးမြှင့်ရေး တင်ပြလျှောက်ထားရန်လိုအပ်
၄။ လက်တွေ့တိုက်ခိုက်ရေးကိုပါဦးစားပေးသည့် တရုတ်ရှောင်လင်ကွန်ဖူးကျောင်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 03 December 2025
▪️ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကလေးတိုင်းထံသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းကပြောသည်။
▪️ ယမာန်နေ့ မနက်ပိုင်းကနေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုး လွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၌အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အသက် (၂) လ၊ (၄) လ၊ (၆) လ၊ (၉) လ နှင့် (၁၈)လ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းအပြင် ကျောင်းနေအရွယ် ကလေးငယ်များအား ကျောင်းအခြေပြု ဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေးကို လည်းကောင်း၊ အသက်(၉)နှစ်မှ (၁၁)နှစ်အရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ကို လည်းကောင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်-ဆုံဆို့နာ (Td) ကာကွယ်ဆေးကိုလည်းကောင်း ထိုးနှံပေးလျက်ရှိပါကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအပြင် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းလာစေရန်အတွက် Big Catch-up၊ Routine Catch-up နှင့် Special Immunization Activities နည်းလမ်းများဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကလေးတိုင်းထံသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ခက်ခဲသောဒေသများတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက် လိုအပ်သော ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးရန်အတွက် ထပ်မံအားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
▪️ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)နှင့် ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး) တို့က ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက် လျက်ရှိသော အခြေအနေ၊ ညှိနှိုင်းဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
▪️ အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း ဆိုင်ရာနည်းပညာအကြံပေးအဖွဲ့ (National Immunization Te-chnical Advisory Group -NITAG) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆရာ ဝန်အသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ WHO ၊ UNICEF ၊ CHAI ၊ PATH နှင့် HPA အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 December 2025
▪️ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ယနေ့ ၃.၁၂.၂၀၂၅ ရက်နေ့၊နေ့လည် ၁၂ နာရီ၃၀ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဝက်တိုးကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ မိတ္ထီလာမြို့နယ်မီးသတ်စခန်း၊ သာစည်မြို့နယ်မီးသတ်စခန်း၊ ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းနှင့် လျှော်ပင်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါဆီဘောက်ဆာယာဉ်မီးလောင်မှုကို နေ့လည် ၁၂နာရီ ၅၀မိနစ် အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
Page 11 of 2199