နေပြည်တော်၊ ဩဂုတ် ၂၅။ နိုင်ငံ့စီးပွားနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ဒေသတွင်းမိတ်ဖက်၊ အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များကို မြန်မာနိုင်ငံ၏ အားသာချက်များနှင့် ပေါင်းစပ်အသုံးချရေး အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဩဂုတ် ၂၅ ရက် နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးတွင် ပြောကြားခဲ့သည်။
ဩဂုတ်လအတွင်း ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များမှတစ်ဆင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကာကွယ်ရေးနှင့် စက်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။ ထိုင်းခရီးစဉ်အတွင်း နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအပြင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ဘေးကင်းလုံခြုံရေး၊ အလုပ်သမားအခွင့်အရေးနှင့် ဥပဒေအရ အကာအကွယ်ရရှိရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း လည်းနိုင်ငံတော်သမ္မတက ပြောသည်။
နိုင်ငံ့စီးပွားရေးဆိုင်ရာ စီမံကိန်းများရေးဆွဲရာတွင် မြေပြင်အခြေအနေနှင့် ကိန်းဂဏန်းအချက်အလက် များ မှန်ကန်မှုရှိရန် အရေးကြီးကြောင်း၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပိတ်ဆို့မှုများကြောင့် တိုးတက်မှု နှောင့်နှေးနေသဖြင့် ပြည်ပအကူအညီနှင့် ချေးငွေများကို အဓိကအားမကိုးဘဲ ပြည်တွင်းအရင်း အမြစ်များ ဖြင့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။ ပြည်တွင်းကုန်ကြမ်း အခြေခံ ထုတ်လုပ်မှု၊ သွင်းကုန်အစားထိုးထုတ်ကုန်နှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးကို ဦးစားပေးရန်လည်း တိုက်တွန်းခဲ့သည်။
အထူးသဖြင့် ပြန်လည်ဖြည့်တင်းနိုင်သည့် စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့ပြီး မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ပြည်ပဈေးကွက် ပြန်လည်တိုးချဲ့ရေး၊ ဝါနှင့် ဝါအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးရေး၊ အရည်အသွေးမြင့် ပဲနှင့် ရာဘာထုတ်လုပ်မှု တိုးမြှင့်ရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကိုလည်း စီးပွားရေးဖွံ့ဖြိုးမှု၏ အခြေခံလိုအပ်ချက်အဖြစ် ထည့်သွင်း ပြောကြားခဲ့ပြီး အတန်းပညာမရှိသူအချိုးသည် ၁၉၇၃ ခုနှစ်တွင် ၅၈ ဒသမ ၁၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းသို့ လျော့ကျလာကြောင်း အစိုးရ၏ သန်းခေါင်စာရင်းကိန်းဂဏန်းများကို သမ္မတက ကိုးကားပြောကြားသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုဆိုင်ရာ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာ အခြေခံအထက်တန်းကျောင်းများ၊ သိပ္ပံများနှင့် တက္ကသိုလ်များ မှတစ်ဆင့် ပညာရှင်များ တိုးမြှင့်မွေးထုတ်ရန်လည်း အလေးထားခဲ့သည်။
ကုန်သွယ်ရေးကဏ္ဍတွင် သွင်းကုန်၊ ပို့ကုန်များ၏ အရည်အသွေးကို စနစ်တကျကြပ်မတ်ရန်၊ ကုန်စည် စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေး မလိုအပ်သည့် စစ်ဆေးရေးဂိတ်များ လျှော့ချရန်နှင့် နိုင်ငံတော် အခွန်ဝင်ငွေ ဆုံးရှုံးစေသည့် တရားမဝင်ကုန်သွယ်မှုများကို တားဆီးရန် တာဝန်ရှိသူများအား ညွှန်ကြားခဲ့ သည်။ အခွန်ထမ်းပြည်သူများထံမှ ရရှိသည့် ဘဏ္ဍာငွေများကိုလည်း နိုင်ငံအတွက် အမှန်တကယ် လိုအပ်သည့် ကဏ္ဍများ၌ ထိရောက်အကျိုးရှိစွာ အသုံးပြုရန် ပြောကြားခဲ့သည်။
မိုးရာသီရေကြီးရေလျှံမှုနှင့်ပတ်သက်၍ မြစ်ချောင်းများတိမ်ကောမှုနှင့် ရေနုတ်မြောင်းပိတ်ဆို့မှုများကို ဖြေရှင်းရန် မြစ်ချောင်းပြုပြင်ထိန်းသိမ်းခြင်း၊ သဲနုန်းဆယ်ယူခြင်းနှင့် ရေနုတ်မြောင်းများ သန့်ရှင်းရေး ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး အုပ်ချုပ်ရေး၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
ပညာရေးကဏ္ဍတွင် နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်း ၅ သောင်းခန့်အနက် စံကိုက်ကျောင်း ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း ပြောကြားကာ မြေဧရိယာနှင့် အခြေခံအဆောက်အအုံ သတ်မှတ်ချက် ပြည့်မီနိုင်သည့် ကျောင်းများကို ဦးစားပေးအဆင့်အလိုက် စံကိုက်ကျောင်းများအဖြစ် အဆင့်မြှင့်တင်ရန် နှင့် ကျောင်းလုံခြုံရေး၊ သန့်ရှင်းသာယာရေး၊ အားကစားနှင့် သင်ကြားရေးပတ်ဝန်းကျင် တိုးတက်ကောင်း မွန်ရေးကို ဆောင်ရွက်ရန် မှာကြားခဲ့သည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုအစိုးရ၏ မူဝါဒများကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ပူးပေါင်းအကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတက တိုက် တွန်းခဲ့ပြီး နိုင်ငံ့စီးပွားတိုးတက်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အဓိက လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH)နဲ့ ဟောင်ကောင်ဌာနချုပ် အခြေစိုက်စွမ်းအင်ကုမ္ပဏီ GCLSI တိုအကြား ၂၀၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား စီမံကိန်းကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ MTSH က အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 25 August 2026
#MTSH #GCLSI
#YMG/NN #Yangon_Times
အိမ်ခြံမြေ၊ အဆောက်အအုံနဲ့တိုက်ခန်းတွေဝယ်ယူရောင်းချရာမှာ အခွန်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေကို ပိုမိုတင်းကျပ်စွာဆောင်ရွက်သွားတော့မှာဖြစ်ပြီး ရောင်းချသူတွေအနေနဲ့ အခြေပစ္စည်းမှမြတ်စွန်းငွေအပေါ် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြနိုင်မှသာ အမည်ပြောင်းလုပ်ငန်းစဉ်တွေ ဆောင်ရွက်ပေးသွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးလိုက်ပါတယ်။
#Local_News
Published 25 August 2026
#အိမ်ခြံမြေ
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ၊ငါးသိုင်းချောင်းမြို့၌ ရေဘေးသင့်ပြည်သူများအတွက်ယာယီရေလှောင်ကန်(၆)လုံးအပြင် ရေသန့်စင်စက် များဖြင့် သောက်သုံးရေများဖြန့်ဝေပေးနေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကသိရပါတယ် ။
#Local_News
Published 25 August 2026
#ငါးသိုင်းချောင်းမြို့ #ဧရာဝတီတိုင်းဒေသကြီး
#YMG/NN #Yangon_Times
#Daily_News
Published 25 August 2026
၁။ MTSH နှင့် GCLSI တို့ပူးပေါင်း၍ ဆိုလာစီမံကိန်းဖော်ဆောင်မည်
၂။ အိမ်ခြံမြေဝယ်ယူရောင်းချသူများ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ရယူရမည်
၃။ ငါးသိုင်းချောင်းမြို့၌ ယာယီရေလှောင်ကန်(၆)လုံးအပြင် ရေသန့်စင်စက်များဖြင့် သောက်သုံးရေများဖြန့်ဝေပေးနေ
၄။ တရုတ်ပြည်ရှိမြစ်(၃၄)စင်းသတိပေးရေမှတ်ကျော်လွန်နေဆဲဖြစ်ကာ အဝါရောင်အဆင့်ရေဘေးသတိပေးချက်ထုတ်ပြန်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မီတာအသစ်လျှောက်ထားလိုသူများအတွက် အွန်လိုင်းမှလွယ်ကူလျင်မြန်စွာလျှောက်ထားနိုင်ရေး၊ ကုန်ကျစရိတ်သက်သာစေရေးနှင့်ပွဲစားများ၊ ဝန်ထမ်းများရဲ့ ကြားဝင်ဆောင်ရွက်မှုများ ကင်းဝေးစေရေးအတွက် Online Meter Application စနစ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်ပေးထားပါတယ်။
#Local_News
Published 25 August 2026
#မီတာ
#YMG/SW #Yangon_Times
#Local_News
Published 25 August 2026
■ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးပြီး ဒိုင်ကော်မတီ နှင့် ဒိုင်ဌာနတို့ ပူးပေါင်း၍ ဖူဆယ်ဒိုင်လူကြီးမျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် MFF Basic Futsal Referee Course 2/2026 သင်တန်းကို သင်တန်းကြေးအခမဲ့ဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာစိတ်ပါဝင်စားသူများအနေဖြင့် စက်တင်ဘာလဆန်းမှစတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
■ အဆိုပါသင်တန်းကိုရန်ကုန်မြို့၊ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးသင်တန်းခန်းမ၌ အောက်တိုဘာလ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကြေး မှာ အခမဲ့ဖြစ်ကြောင်း သိရသည်။
■ သင်တန်းတက်ရောက်သူများသည် အသက် (၁၈) နှစ်ထက်မငယ်ရ၊ အသက် (၃၀) နှစ်ထက် မကြီးရဘဲ အနည်းဆုံးအခြေခံပညာအထက်တန်းအဆင့်ရှိသူဖြစ်ရမည်ဖြစ်ကာ ကျန်းမာကြံ့ခိုင်ပြီး ပြေးလွှားလှုပ်ရှားနိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။
■ ထို့အပြင် စိတ်ပါဝင်စားသူများအနေဖြင့်လျှောက်လွှာများကို စက်တင်ဘာ(၁)ရက်နေ့မှစတင် ကာ လက်ခံသွားမည်ဖြစ်ပြီး စက်တင်ဘာ(၂၈)ရက်နေ့၌လျှောက်လွှာနောက်ဆုံးတင်ရမည် ဖြစ်ကြောင်းသိရသည်။
■ စိတ်ပါဝင်စားသူများအနေဖြင့် ဖုန်းနံပါတ် - ၀၉-၄၄၈၀၄၄၃၁၅ကိုဆက်သွယ်နိုင်ပြီး Viber မှတစ်ဆင့် ဆက်သွယ်လိုပါက ၀၉-၄၀၂၃၀၂၆၄၀ သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 13 of 2433