#Local_News
Published 09 October 2026
■ အစိုးရအဖွဲ့အသစ်ဖွဲ့စည်းပြီး ၆ လအကြာတွင် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲအချို့ကို ယနေ့ အောက်တိုဘာ ၉ရက်တွင် စတင်ပြုလုပ်ခဲ့သည်။
■ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကို တာဝန်မှအနားယူခွင့်ပေးခဲ့ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကို ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးခဲ့သည်။
■ ထို့အပြင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းတို့ကိုလည်း တာဝန်မှအနားယူခွင့်ပေးခဲ့သည်။
■ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်ကိုလည်း တာဝန်မှအနားပေးခဲ့သည်။
■ ဒေါက်တာမျိုးဝင်းအောင်နှင့် ဦးစောမျိုးမျိုးတို့ကိုလည်း ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
■ အဆိုပါ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများကို နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၉/၂၀၂၆ မှအထိ ၇၃/၂၀၂၆ အထိ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်လက်မှတ်ရေးထိုး၍ အောက်တိုဘာ ၉ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
#YMG #Yangon_Times #Yangon_Media_Group
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလကနေစက်တင်ဘာလအထိ ခြောက်လတာ ကာလအတွင်း ပြည်ပနိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၃၃၈ သန်းတန်ဖိုးရှိဆန်နဲ့ဆန်ကွဲတန်ချိန် ၉၇၁,၆၆၂ တန် တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 09 October 2026
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ နှစ်စဉ်သကြားဖြူတန်ချိန် ၅ သိန်းနီးပါး ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းစားသုံးမှု ဖူလုံစေရေးနဲ့ ပိုလျှံသကြားတွေကို ပြည်ပဈေးကွက်သို တင်ပိုနိုင်ရေးအတွက် ထုတ်လုပ်မှုနည်းပညာနဲ့ စက်ရုံတွေရဲ့ ထုတ်လုပ်နိုင်စွမ်း တိုးတက်ရေးကိုဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 09 October 2026
#သကြား
#YMG/SW #Yangon_Times
#Local_News
Published 09 October 2026
#ရန်ကုန်တိုင်း #မိုးတိမ်တောင်
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်အတွင်း မှတ်ပုံတင်ရုံးတွေမှာ မှတ်ပုံတင်ထားခြင်းမရှိဘဲ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတွေကို အရေးယူသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးကပြောကြားခဲ့ပါတယ်။
#Local_News
Published 09 October 2026
#ရှမ်းပြည်နယ် # အိမ်ခြံမြေအကျိုးဆောင်
#YMG/SW #Yangon_Times
#Daily_News
Published 09 October 2026
၁။ ပြည်ပသို့ ကန်ဒေါ်လာ(၃၃၈)သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန်ကိုးသိန်းခုနှစ်သောင်းကျော်တင်ပို့ထား
၂။ ပိုလျှံသကြားများ ပြည်ပတင်ပို့မည်
၃။ ရန်ကုန်တိုင်းအပါအဝင်တိုင်း ဒေသကြီးသုံးခု၌ မိုးတိမ်တောင်များဖြစ်ထွန်းနေ၍ နေရာကွက်၍မိုးကြီးလေထန်နိုင်
၄။ တရုတ်၏ပထမဆုံးပင်လယ်ပြင်လေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း အပြည့်အဝစတင်လည်ပတ် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 09 October 2026
■ သတ်မှတ်စံနှုန်းထက် Benzoic Acid ၂ ဒသမ ၅၆ ဆကျော်လွန်ပါဝင်နေသည့် ‘ကင်းမွန်’ အမှတ်တံဆိပ် ပဲငံပြာရည်နှင့် နိုက်ထရိုဂျင်ပါဝင်မှု စံနှုန်းမမီသည့် ‘ကျားနဂါး’ အမှတ်တံဆိပ် မြိတ်ငံပြာရည်တို့ကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။
■ FDA ၏ စစ်ဆေးတွေ့ရှိချက်အရ ကင်းမွန်စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့် ‘ကင်းမွန်’ ပဲငံပြာရည် ၇၅၀ မီလီလီတာတွင် တာရှည်ခံပစ္စည်း Benzoic Acid ပါဝင်မှုမှာ တစ်ကီလိုဂရမ်လျှင် ၂,၅၅၉ ဒသမ ၂၆ မီလီဂရမ်ရှိပြီး သတ်မှတ်ပမာဏဖြစ်သည့် ၁,၀၀၀ မီလီဂရမ်ထက် ၂ ဒသမ ၅၆ ဆခန့် ကျော်လွန်နေကြောင်း သိရသည်။
■ အဆိုပါပဲငံပြာရည်၏ ထုတ်လုပ်သည့်ရက်စွဲမှာ ၂၀၂၆ ခုနှစ် မေလ ၁၉ ရက်ဖြစ်ပြီး သက်တမ်းကုန်ဆုံးရက်မှာ ၂၀၂၇ ခုနှစ် မေလ ၁၉ ရက်ဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်ဆေးခဲ့သည့် နမူနာကို မန္တလေးတိုင်းဒေသကြီး၊ ဈေးချိုဈေးမှ ကောက်ယူခဲ့ခြင်းဖြစ်သည်။
■ အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျားနဂါးမြိတ်ငံပြာရည်လုပ်ငန်းမှ ထုတ်လုပ်သည့် ‘ကျားနဂါး’ မြိတ်ငံပြာရည် ၁,၀၀၀ မီလီလီတာတွင် နိုက်ထရိုဂျင်ပါဝင်မှုသည် သတ်မှတ်စံနှုန်းအောက် လျော့နည်းနေကြောင်း FDA ၏ စစ်ဆေးချက်အရ သိရသည်။
■ ထို့ပြင် အဆိုပါမြိတ်ငံပြာရည်တွင် ထုတ်လုပ်သည့်ရက်စွဲ ဖော်ပြထားခြင်းမရှိကြောင်း သိရပြီး စစ်ဆေးခဲ့သည့် နမူနာကို ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူဈေးရှိ မချစ်ချစ်ဆိုင်မှ ကောက်ယူခဲ့ခြင်းဖြစ်သည်။
■ သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းများ မပြည့်မီသည့် အဆိုပါအစားအသောက်ထုတ်ကုန်နှစ်မျိုးကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် FDA က အသိပေးထားသည်။
#YMG/SW #Yangon_Times
Page 6 of 2464