#Local_News
Published 5 November 2026

■ မြန်မာ့သနပ်ခါး ယဉ်ကျေးမှု (Practice of Thanakha culture in Myanmar) ကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage - Representative List) စာရင်းဝင် မဝင်ကို၂၁ ကြိမ်မြောက် ညီလာခံတွင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

■ အဆိုပါ ၂၁ ကြိမ်မြောက် ညီလာခံကို နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၅ အထိ တရုတ်နိုင်ငံ Xiamen မြို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

■ "အစည်းအဝေးကျမှ အတည်ပြုတာမှန်ပေမယ့်ဆုံးဖြတ်မယ့်စာရင်းထဲကို ပါမှာ သေချာမယ့် အရာကိုပဲ စာရင်းထဲထည့်တာပါ။ စာရင်းထဲ ပါရင် ပျော်ရပြီ ဆိုတဲ့ သဘောပါ။ အစည်းအဝေးဆုံးဖြတ်ချက်နဲ့မှ တော့တရားဝင် ပိုဖြစ်တာပေါ့နော်။"ဟု မြန်မာနိုင်ငံယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust - MCHT) မှတာဝန်ရှိသူတစ်ဦးကပြောသည်။

■ မြန်မာနိုင်ငံ၏ရိုးရာအမွေအနှစ် "မြန်မာ့သက်ြန်ပွဲတော်" ကို ၂၀၂၄ ခုနှစ်တွင် UNESCO ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်အတည်ပြုသတ်မှတ်ပေးခဲ့ဖူးသော်လည်း၊ "မြန်မာ့သနပ်ခါး" မှာမူ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှသာ UNESCO က အတည်ပြု စာရင်းဝင်/မဝင် ဆုံးဖြတ်မည်
ဖြစ်‌ေကြာင်း သိရသည်။

#YMG/SW #Yangon_Times