#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ တို့ကို ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ တိုလန်းနဲ့ဇနီးတို့က စက်တင်ဘာ ၅ ရက်၊ နံနက်ပိုင်းက ဟနွိုင်းမြို့ရှိ အမျိုးသားလွှတ်တော် ရှေ့ရင်ပြင်တွင် နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားနှင့် ကြိုဆိုခဲ့သည်။
■ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့ကို ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနဲ့ဇနီး တို့ကနွေးထွေးစွာကြိုဆိုပြီးနောက် ဗီယက်နမ်ကျောင်းသား၊ ကျောင်းသူလေးများက ပန်းစည်းကမ်းကာ ကြိုဆိုကြပါတယ်။
■ ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် အလေးပြုခံစင်မြင့်ထက်တွင် ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းများနှင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကိုခံယူခဲ့ကြသည်။
■ ဆက်လက်ပြီးနောက် နိုင်ငံတော်သမ္မတနှစ်ဦးနဲ့ ဇနီးတို့သည် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး နှစ်နိုင်ငံက တာဝန်ရှိသူများနှင့်အတူ အမျိုးသားလွှတ်တော် ဧည့်ခန်းမတွင် သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
#Local_News
Published 05 September 2026
■ အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများ ပြည်ပသို့ထွက်ခွာပါက PV အမျိုးအစားသို့ ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာရမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲမှအသိပေးထားသည်။
■ သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့်အလည်အပတ်ထွက်စာရယူပြီး ပြည်ပနိုင်ငံများသို့အလည်အပတ်ထွက်ခွာခြင်းနှင့်စပ်လျဉ်း၍ ပြည်ပကုမ္ပဏီများနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုထားခြင်းမရှိဘဲ ဌာနတွင် တရားဝင် SRPS လိုင်စင် မရှိသည့် ကုမ္ပဏီများ၊ ကြားခံပုဂ္ဂိုလ်များနှင့် ပွဲစားများက သင်္ဘောသားများကို တရားမဝင်စေလွှတ်မှုများ ရှိနေခြင်းကြောင့် သင်္ဘောသားအချို့မှာ သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရခြင်းမရှိဘဲ ပင်လယ်ကွေ့နိုင်ငံအချို့ရှိ လုပ်ငန်းခွင်များသို့ရောက်ရှိသွားခြင်း၊ ဌာနကခွင့်ပြုထားခြင်းမရှိသည့် ငါးဖမ်းသင်္ဘောများပေါ်သို့ စုဆောင်းခေါ်ယူစေလွှတ်ခံရခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
■ ထို့အပြင် ပြည်ပကုမ္ပဏီများနှင့် ခိုင်မာသည့် စာချုပ်စာတမ်းများ ချုပ်ဆိုထားခြင်းမရှိဘဲ ကြားခံကုမ္ပဏီများ၊ ပွဲစားများမှတစ်ဆင့် စေလွှတ်ခံရသည့်အတွက် သတ်မှတ်လစာနှုန်းထားများ မရရှိခြင်း၊ လစာဆုံးရှုံးခြင်းများအပြင် တရားမဝင်မှောင်ခိုပစ္စည်းများ တင်ဆောင်သည့် သင်္ဘောများပေါ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်ရပြီး ပြည်ပနိုင်ငံများတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။
■ ၎င်းအပြင် အာမခံမရှိသည့် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရခြင်းကြောင့် ထိခိုက်မှုနှင့် အသက်အာမခံလျော်ကြေးများ မရရှိခြင်း၊ Minimum Terms and Conditions ပါ သတ်မှတ်ချက်များနှင့် မကိုက်ညီခြင်းတို့အပြင် တရားဝင်စာချုပ်စာတမ်းများ ခိုင်မာမှုမရှိခြင်းကြောင့် သင်္ဘောသားများ၏ အကျိုးခံစားခွင့်များကို ထိရောက်စွာဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် ပြဿနာများလည်းဖြစ်ပေါ်နေပြီး ထွက်ခွာခဲ့သည့် သင်္ဘောနှင့်အမှန်တကယ်တာဝန်ထမ်းဆောင်ခဲ့သည့် သင်္ဘောမတူညီခြင်းများကြောင့် သင်္ဘောသားများ၏ ပင်လယ်ပြင်လုပ်သက် မရရှိခြင်းနှင့် သက်ဆိုင်ရာသင်တန်းများ တက်ရောက်ခွင့်မရရှိခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
■ ဌာန၏ တရားဝင် SRPS လိုင်စင် လျှောက်ထားရယူထားခြင်းမရှိဘဲ ရုံးခန်းများ ဖွင့်လှစ်ကာ Social Media များမှတစ်ဆင့် လူသစ်သင်္ဘောသားများကို စုဆောင်းခေါ်ယူ၍ စေလွှတ်နေသူများအတွက် တရားမဝင်ထွက်ခွာခွင့်များ ရရှိနေခြင်း၊ SIRB (CDC) တွင် ရာထူးအဆင့်များ လိမ်လည်ဖြည့်စွက်ခြင်း၊ ပင်လယ်ပြင်လုပ်သက် လိမ်လည်ရယူခြင်းနှင့် သက်ဆိုင်ရာရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် သင်တန်းများပြီးစီးခြင်းမရှိဘဲ သင်္ဘောပေါ်သို့ စေလွှတ်ခြင်းများလည်း ဖြစ်ပေါ်နေကြောင်းသိရသည်။
■ ထို့ကြောင့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှစတင်၍ အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအနေဖြင့် သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့် မပြုတော့ဘဲ ပြည်ပသို့ ထွက်ခွာလိုပါက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့တွင် PS အမျိုးအစားမှ PV အမျိုးအစားသို့ ပြောင်းလဲကိုင်ဆောင်ပြီး ထွက်ခွာနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 05 September 2026
■ ဗီယက်နမ်နိုင်ငံကို တရားဝင်ခရီးစဉ်ရောက်ရှိနေသည့်နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ တို့ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၅ ရက်၊ နံနက်ပိုင်းက ဟနွိုင်းမြို့ရှိ အမျိုးသားသူရဲကောင်းများနှင့်အာဇာနည်များဗိမာန်နှင့်ဟိုချီမင်း ဂူဗိမာန်များသို့ ရောက်ရှိကာလွမ်းသူ့ ပန်းခွေချခဲ့ကြောင်း သိရသည်။
#Local_News
ဟနွိုင်း၊ စက်တင်ဘာ ၄
■ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ဟိုင်ဖုန်းမြို့ရှိ VinFast Hai Phong Manufacturing Complex သို သွားရောက်၍ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့ပါသည်။
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲသည် VinFast Hai Phong Manufacturing Complex သို့ ရောက်ရှိရာ VinFast မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
■ ထို့နောက် VinFast မှ တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ကုမ္ပဏီစတင်တည်ထောင်ခဲ့မှုနှင့် ဖွံဖြိုးတိုးတက်လာမှု၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဆိုင်ကယ်များ ထုတ်လုပ်နေမှု၊ ခေတ်မီနည်းပညာနှင့် အလိုအလျောက်စနစ်များ အသုံးပြုဆောင်ရွက်နေမှု၊ သုတေသနနှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတိုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ကုမ္ပဏီ၏ ဖွံဖြိုးတိုးတက်မှုဆိုင်ရာ Video မှတ်တမ်းကို ပြသခဲ့ပါသည်။
■ ရှင်းလင်းတင်ပြရာတွင် VinFast သည် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းမော်တော်ယာဉ်အမှတ်တံဆိပ် ထုတ်လုပ်သည့်လုပ်ငန်းဖြစ်ပြီး ဟိုင်ဖုန်းရှိ မော်တော်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်းကို ၂၁ လအတွင်း အပြီးတည်ဆောက်နိုင်ခဲ့ကြောင်း၊
ထိုပြင် မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် သုတေသနဖွံဖြိုးရေးလုပ်ငန်းများကို ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်၍ တိုးချဲ့ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ဗီယက်နမ်နိုင်ငံအပြင် အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတိုတွင်လည်း လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
■ ယင်းနောက် နိုင်ငံတော်သမ္မတက ပြောကြားရာတွင် VinFast မော်တော်ယာဉ်ကို လာအိုနိုင်ငံခရီးစဉ်အတွင်း ပထမဆုံး ထိတွေ့သိရှိခွင့်ရရှိခဲ့ပြီး ယင်းအချိန်မှစ၍ စိတ်ဝင်စားမှုရှိခဲ့ကြောင်း၊ ယခုကဲ့သို VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်းသို ကိုယ်တိုင်လာရောက်၍ လေ့လာခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါသည်။
■ VinFast အနေဖြင့် ဗီယက်နမ်ပြည်တွင်းဈေးကွက်၌သာမက နိုင်ငံတကာဈေးကွက်များသိုပါ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည့်အပေါ် ဂုဏ်ယူမိကြောင်း၊ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍများအပါအဝင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
■ မိမိအနေဖြင့် ဗီယက်နမ်နိုင်ငံသို ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး ယခုခရီးစဉ်တွင်လည်း နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးကို ရည်ရွယ်ထားကြောင်း၊ VinFast ကဲ့သို ဗီယက်နမ်နိုင်ငံ၏ အမျိုးသားအမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နေသည့် ကုမ္ပဏီ၏ ဖွံဖြိုးတိုးတက်မှုများကို လာရောက်လေ့လာခွင့်ရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် ကုမ္ပဏီအနေဖြင့် ဆက်လက်အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါသည်။
■ ထိုနောက် VinFast မှ တာဝန်ရှိသူများက နိုင်ငံတော်သမ္မတအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် VinFast မှ တာဝန်ရှိသူများသည် အမှတ်တရ မှတ်တမ်းဓာတ်ပုံ အတူတကွရိုက်ကူးခဲ့ကြပါသည်။
■ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲသည် စက်ရုံအတွင်း မော်တော်ယာဉ်ကိုယ်ထည်များ ထုတ်လုပ်တပ်ဆင်နေမှု၊ ခေတ်မီစက်ကိရိယာများနှင့် အလိုအလျောက်စနစ်များ အသုံးပြု၍ ထုတ်လုပ်နေမှု၊ မော်တော်ယာဉ်အစိတ်အပိုင်းများကို အဆင့်ဆင့်တပ်ဆင်၍ အချောထည်မော်တော်ယာဉ်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်များနှင့် နည်းပညာအသုံးပြုဆောင်ရွက်နေမှုတိုကို လနည်းပည်ကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
■ ထိုနောက် နိုင်ငံတော်သမ္မတသည် VinFast မှ ထုတ်လုပ်ထားသည့် မော်တော်ယာဉ်များအား ပြသထားရှိမှုကို ကြည့်ရှုလေ့လာကာ မော်တော်ယာဉ်များ၏ နည်းပညာပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှုနှင့် စွမ်းဆောင်နိုင်စွမ်းများကို စိတ်ဝင်စားစွာ လေ့လာခဲ့ပါသည်။
■ VinFast သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကလုပ်ငန်းစုများအနက် တစ်ခုဖြစ်သော Vingroup မှ ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး လက်ရှိတွင် လျှပ်စစ်မော်တော်ယာဉ် (EV) များကို အဓိကထား ထုတ်လုပ်လျက်ရှိသည်။ ကုမ္ပဏီ၏ အဓိကထုတ်ကုန်များတွင် VF 3၊ VF 5၊ VF 6၊ VF 7၊ VF 8 နှင့် VF 9 စသည့် လျှပ်စစ်ကားများအပြင် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ E-bike နှင့် လျှပ်စစ်ဘတ်စ်ကားများ ပါဝင်သည်။ VinFast ၏ အဓိကထုတ်လုပ်ရေးစက်ရုံမှာ ဗီယက်နမ်နိုင်ငံ Hai Phong တွင် တည်ရှိပြီး ကုမ္ပဏီကို အမေရိကန် NASDAQ စတော့ဈေးကွက်တွင် VFS အမည်ဖြင့် စာရင်းသွင်းထားသည်။
■ VinFast သည် ဗီယက်နမ်ပြည်တွင်းဈေးကွက်ကို အခြေခံ၍ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် အခြားနိုင်ငံတကာဈေးကွက်များသို့ လျင်မြန်စွာ တိုးချဲ့နေသည့် EV ကုမ္ပဏီတစ်ခုဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း EV ၁၉၆,၉၁၉ စီး ပို့ဆောင်နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၅၉ ဘီလီယံခန့်ရရှိခဲ့သည်။ VinFast ၏ ရေရှည်မဟာဗျူဟာမှာ ဗီယက်နမ်အခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်သူအဖြစ်မှ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်မော်တော်ယာဉ်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေးဖြစ်သည်။
#Local_News
ဟနွိင်း၊ စက်တင်ဘာ ၄
■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဟနွိင်းမြို့ နွိင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများက နွေးထွေးလှိက်လှဲစွာ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ပါသည်။
■ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ်သည် နွိင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာရာ ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
■ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ လေယာဉ်ပေါ်မှ ဆင်းသက်လာချိန်တွင် ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးခဲ့ကြပါသည်။
■ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့် အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေးသာမက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးတက်လျက်ရှိပါသည်။
■ နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ရှိရင်းစွဲ အစဉ်အလာချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုတိုကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိင်းစွာ တိုးမြှင့်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်တစ်ရပ်ဖြစ်ပါသည်။
#Local_News
နေပြည်တော်၊ စက်တင်ဘာ ၄
■ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်နိုင်ငံသမ္မတနှင့်ဇနီး၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန် ယနေ့ စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိတပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာခဲ့ပါသည်။
■ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား တပ်မတော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။
■ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။
■ အဆိုပါတွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံအစိုးရများနှင့် လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး၊ စက်မှုနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ပါသည်။
■ ထို့ပြင် နိုင်ငံတော်သမ္မတသည် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် အကျိုးတူစီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ထုတ်နိုင်ရေးတို့ကို အားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
■ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါသွားပါသည်။
#Local_News
Published 04 September 2026
■ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများအနက် ရေပြန်လည်ကျဆင်းသွားသည့် ကျောင်းများကို ဆေးကြောသန့်စင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုအခြေအနေများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
■ ဒုတိယဝန်ကြီးသည် ညောင်တုန်းမြို့နယ်ရှိ ပတုပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ သဇင်ရေကျော်ရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ သဇင်ကျေးရွာနှင့် ပန်းဆိပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းများ၊ ဘဝသစ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့သို့ သွားရောက်ကာ ရေကျဆင်းပြီးနောက် ကျောင်းများကို ဆေးကြောသန့်စင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
■ ထို့ပြင်ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပြန်လည်ဖြည့်ဆည်းပေးနေမှု၊ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ချိန်တွင် သင်ခန်းစာနောက်ကျမှု မရှိစေရေးအတွက် အစားထိုးသင်ကြားပေးရန် စီစဉ်ထားမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ယာယီစာသင်ခန်းများတွင် ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ေကြာင်း သိရသည်။
■ ယင်းနောက် မူလတန်းအောက်ဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောပိုးအိတ်နှင့် စာရေးကိရိယာများ၊ ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
■ အလားတူ မအူပင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (လယ်ကိုင်း) နှင့် အခြေခံပညာမူလတန်းကျောင်း (ထနီဒေါင့်) တို့ကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
■ ဆက်လက်၍ မအူပင်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးနှင့်တာဝန်ရှိသူများက ကျောင်းအဆောက်အအုံများ ပြန်လည်ပြုပြင်ရေးနှင့် ပညာရေးဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
■ ထိုသို့ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပြန်လည်ဆွေးနွေးညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရေဘေးသင့်ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 5 of 2433