#Local_News
Published 23 August 2026
#ဘင်္ဂလားပင်လယ်အော် #မိုးလေဝသ
#YMG/NN #Yangon_Times
#Daily_News
Published 22 August 2026
၁။ အခြေပစ္စည်းရောင်းချရာမှ မြတ်စွန်းငွေအပေါ် ဝင်ငွေခွန်(၁၀)ရာခိုင်နှုန်းပေးဆောင်ရမည်
၂။ ကျန်စစ်မင်းနှင့်ယုဇနအပိုင်း(၃)အိမ်ရာရှိအိမ်ခန်းများ ဝယ်ယူခွင့်လျှောက်ရာတွင် လိမ်ညာမှုများမခံရစေရန်သတိပေး
၃။ ထိုင်းရောက် မြန်မာအလုပ်သမား ၄၂၉,၁၉၂ ဦးကို CI ထုတ်ပေးခဲ့
၄။ မိုးရေထဲဒုက္ခရောက်နေသောသားအမိနှစ်ဦးကို ဘတ်စ်ကားပေါ်မှချက်ချင်းဆင်းပြီးကူညီပေးခဲ့သည့်တရုတ်ယာဉ်မောင်း... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံနဲ့ တိုက်ခန်းတွေအပါအဝင် အခြေပစ္စည်းတွေ ရောင်းချ၊ လဲလှယ် ဒါမှမဟုတ် လွှဲပြောင်းရာကနေ မြတ်စွန်းငွေရရှိသူတွေအနေနဲ့ အဲဒီမြတ်စွန်းငွေအပေါ် ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 22 August 2026
#အိမ်_ခြံ_မြေ
#YMG/SW #Yangon_Times
#Local_News
Published 22 August 2026
#ကျန်စစ်မင်း #ယုဇနဥယျာဉ်မြို့တော်
#YMG/NN #Yangon_Times
ထိုင်းနိုင်ငံမှာ အထောက်အထားမပြည့်စုံတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေအတွက် CI အသစ်ထုတ်ပေးနိုင်ရေးဆောင်ရွက်ခဲ့ရာ အလုပ်သမား ၄၂၉,၁၉၂ ဦးကိုဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 22 August 2026
#ထိုင်း #CI
#YMG/SW #Yangon_Times
#Local_News
Published 22 August 2026
■ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ မော်တော်ယာဉ်များကို ကားသော့အတုများအသုံးပြု၍ ခိုးယူခဲ့သူ အမျိုးသားတစ်ဦးကို သက်သေခံယာဉ် ၆ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
■ ဖြစ်စဉ်မှာ လှိုင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်နေ ဦးစိုးခိုင်ဦး (၅၆) နှစ်သည် ဩဂုတ် ၁၁ ရက် ညပိုင်းက ၎င်းပိုင် TOYOTA TOYOACE LYZ 30 LIGHT TRUCK ယာဉ်ကို အေးရိပ်မွန် (၂) လမ်းနှင့် ရတနာမွန် (၅) လမ်းထောင့်တွင် ညအိပ်ရပ်ထားခဲ့ရာ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် ယာဉ်ပျောက်ဆုံးနေသဖြင့် ပိတောက်ချောင်းနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ကား) ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
■ ယင်းအမှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်မှတ်တမ်းများ စစ်ဆေးခြင်းနှင့် နယ်မြေသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်ခိုးယူသူ စိုးသန်း (ခ) ကိုကိုလေး (၅၃) နှစ်ကို ဩဂုတ် ၁၈ ရက် ညပိုင်းတွင် လှိုင်မြို့နယ်၊ (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ် (၂) လမ်းရှိ Royal Toe Hotel အခန်းအမှတ် (၂၀၇) မှာ ဖမ်းဆီးရမိခဲ့သည်။
■ တရားခံအား စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၉ ရက်၊ ၁၀ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ မြို့နယ်အချို့မှ ယာဉ် ၅ စီးကို ကားသော့အတုများအသုံးပြု၍ ထပ်မံခိုးယူခဲ့ကြောင်း သိရပြီး သက်သေခံယာဉ်များကိုလည်း သိမ်းဆည်းရမိခဲ့သည်။
■ တရားခံ၏ ထွက်ဆိုချက်အရ ၎င်းသည် ဩဂုတ် ၉ ရက်မှစတင်ကာ မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ NICE DAY Hotel တွင် တည်းခိုနေထိုင်ပြီး ရန်ကုန်မြို့အတွင်း ရပ်တန့်ထားသည့် ယာဉ်များကို လိုက်လံကြည့်ရှုကာ ကားသော့အတုများဖြင့် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ ခိုးယူရရှိသည့် ယာဉ်များမှ ဆီများထုတ်ယူရောင်းချခြင်း၊ ကားဘက်ထရီအိုးများနှင့် ကားဘီးများ ဖြုတ်ယူရောင်းချခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း စစ်ဆေးဖော်ထုတ်ချက်များအရ သိရသည်။
■ ဖြစ်စဉ်တွင် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့မှ ယာဉ် ၆ စီး ခိုးယူခဲ့သူ စိုးသန်း (ခ) ကိုကိုလေးအား သက်သေခံယာဉ်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 22 August 2026
■ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တိုးမြှင့်မှုအဖြစ် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို မင့်စ်မြို့၌ ဩဂုတ် ၂၁ ရက်က တရားဝင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim Ryzhenkov တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
■ ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ မင့်စ်မြို့၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို့ရှိ သံတမန်ခန်းမ၌ ကျင်းပသည့် သံရုံးဖွင့်ပွဲသို့တက်ရောက်ခဲ့သည်။
■ ဖွင့်ပွဲသို့ မြန်မာဘက်မှ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် သံရုံးဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ဘယ်လာရုစ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
■ သံရုံးဖွင့်လှစ်ပြီးနောက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ဂုဏ်ပြုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပြီး သံရုံးဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြသည်။
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သံတမန်ခန်းမ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဘယ်လာရုစ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက နိုင်ငံတော်သမ္မတ၏ ပုံတူပန်းချီကားကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
■ ဖွင့်ပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မင့်စ်မြို့ သံတမန်ဇုန်၌ မြန်မာသံရုံးအဆောက်အအုံ ဆောက်လုပ်နေသည့် နေရာကို သွားရောက်ကြည့်ရှုခဲ့ပြီး ဆောက်လုပ်ရေးအခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များကို ကြားနာကာလိုအပ်သည်များ လမ်းညွှန်ခဲ့ကြောင်းသိရသည်။
Page 20 of 2438