#Local_News
Published 10 October 2026
■ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမရှေ့တွင် ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ေ-သဆုံးပြီး အမျိုးသမီးသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
■ အဆိုပါယာဉ်တိုက်မှုသည် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မင်းဓမ္မလမ်း၊ MCC ခန်းမရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
■ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ေ-သဆုံးခဲ့ပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် သွားရောက်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
■ ထိခိုက်ဒဏ်ရာရရှိသူများကို လှိုင်လူမှုကူညီရေးအသင်းနှင့် ကောင်းမှုဆောင်ပရဟိတအသင်းတို့၏ လူနာတင်ယာဉ်များဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
#YMG/SW #Yangon_Times