#Local_News
Published 09 October 2026

■ အစိုးရအဖွဲ့အသစ်ဖွဲ့စည်းပြီး ၆ လအကြာတွင် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲအချို့ကို ယနေ့ အောက်တိုဘာ ၉ရက်တွင် စတင်ပြုလုပ်ခဲ့သည်။

■ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကို တာဝန်မှအနားယူခွင့်ပေးခဲ့ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကို ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးခဲ့သည်။

■ ထို့အပြင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းတို့ကိုလည်း တာဝန်မှအနားယူခွင့်ပေးခဲ့သည်။

■ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်ကိုလည်း တာဝန်မှအနားပေးခဲ့သည်။

■ ဒေါက်တာမျိုးဝင်းအောင်နှင့် ဦးစောမျိုးမျိုးတို့ကိုလည်း ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။

■ အဆိုပါ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများကို နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၉/၂၀၂၆ မှအထိ ၇၃/၂၀၂၆ အထိ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်လက်မှတ်ရေးထိုး၍ အောက်တိုဘာ ၉ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

#YMG #Yangon_Times #Yangon_Media_Group