#Local_News
Published 10 October 2026
■ AFC U-17 Women’s Asian Cup 2027 ခြေစစ်ပွဲ အုပ်စု (G) နောက်ဆုံး ပွဲစဉ်အဖြစ် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် တရုတ်-ဟောင်ကောင်အသင်းတို့ အောက်တိုဘာ ၁၁ ရက်တွင် သုဝဏ္ဏကွင်း၌ အုပ်စုပထမနေရာအတွက် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ အုပ်စု(G) ခြေစစ်ပွဲစဉ်များတွင် မြန်မာအသင်းနှင့် တရုတ်-ဟောင်ကောင်အသင်းတို့က ဂူအမ်အသင်းကို ကိုးဂိုး-ဂိုးမရှိဖြင့် အသီးသီးဂိုးပြတ်အနိုင်ယူထားကာ ရမှတ်တူညီလျက်ရှိ ကြောင်းသိရသည်။
■ ထို့အပြင် အောက်တိုဘာ ၈ ရက်ကယှဉ်ပြိုင်ခဲ့သည့် ဒုတိယနေ့ပွဲစဉ်တွင် တရုတ်-ဟောင်ကောင်အသင်းက ဂူအမ်အသင်းကို ပွဲချိန် ၈ မိနစ် နှင့် ၄၅ မိနစ်တွင် Chua Sophia ကလည်းကောင်း၊ ၁၀ နှင့် ၆၄ မိနစ်တွင် Cheung Ching Yan က လည်းကောင်း၊ ၃၄ မိနစ်တွင် Cheng Siu Ying ၊ ၄၂ မိနစ်တွင် Chau Tsz Yuet ၊ ၈၅ မိနစ်တွင် Leung Danielle Lok Yu နှင့် ပွဲချိန် ၈၉၊ ၉၀ မိနစ်တို့တွင် Chow Pui Kei တို့က အသီးသီးသွင်းယူပေးခဲ့ကာ ဂူအမ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
■ အဆိုပါ အုပ်စုတွင်း ရမှတ်တူညီနေသည့် မြန်မာအသင်းနှင့် တရုတ်-ဟောင်ကောင်အသင်းတို့၏ နောက်ဆုံးအုပ်စု ပွဲစဉ်သည် အုပ်စုပထမနေရာနှင့် အာရှဖလားနောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ရန် အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times