အခုတစ်ပတ်အတွက်စက်သုံးဆီရည်ညွှန်းဈေး အားလုံးကျရိပ်ပြလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက် ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 20 September 2025
#စက်သုံးဆီ
#YMG/NN #Yangon_Times
ထိုင်းဘဏ်အကောင့်များဂယက်ကြောင့် ရန်ကုန်မှာ တန်ဖိုးကြီးမြေကွက် တွေအရာင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 20 September 2025
#ထိုင်းဘဏ်အကောင့် #ရန်ကုန်အိမ်ခြံမြေဈေးကွက်
#YMG/SW #Yangon_Times
#Daily_News
Published 20 September 2025
၁။ ထိုင်းဘဏ်အကောင့်များဂယက်ကြောင့် ရန်ကုန်တွင်တန်ဖိုးကြီးမြေကွက်များအရာင်းအဝယ်ဖြစ်နေ
၂။ စက်သုံးဆီဈေးအားလုံး ကျရိပ်ပြလာ
၃။ ပြင်ဦးလွင်ညံတောဈေးမှအခန်းများကို တင်ဒါစနစ်ဖြင့်ငှားမည်
၄။ ဗြိတိန်၌လူထုဆန္ဒပြပွဲများဖြစ်ပွားနေစဉ် ဝင်ဆာရဲတိုက်သို့ဒေါ်နယ်ထရမ့်လာရောက်လည်ပတ် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 20 September 2025
▪️ မြန်မာနိုင်ငံသို့ နျူကလီးယား နည်းပညာအကူအညီပေးရေး အစီအစဉ်များနှင့်ပတ်သက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) အကြီးတန်းအရာရှိကြီးများ စက်တင်ဘာ ၁၈ ရက်က ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
▪️ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ (၆၉)ကြိမ်မြောက် အထွေထွေ ညီလာခံ ကျင်းပနေစဉ်ကာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
▪️ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးမင်းသိမ်းသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊အဏုမြူစွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိင်္ဂီမောင်မောင်နှင့်အတူ IAEA ၏နည်းပညာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အာရှနှင့်ပစိဖိတ်ဒေသဌာန ညွှန်ကြားရေးမှူး Mr. Ge Deng ဦးဆောင်သောအဖွဲ့နှင့် ၁၈-၉-၂၀၂၅ ရက်၊ နံနက် ၁၁ ၃၀ နာရီတွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
▪️ တွေ့ဆုံကြစဉ် လက်ရှိ ၂၀၂၄-၂၀၂၅ စက်ဝန်းအောက်မှ မြန်မာနိုင်ငံအတွက် နည်းပညာအကူအညီပေးရေး အစီအစဉ်များအကောင်အထည်ဖော်ရာတွင် တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်လို့သိရပါတယ်။
▪️ ယင်းနေ့မွန်းလွဲပိုင်းတွင် အဆိုပါမြန်မာကိုယ်စားလှယ်အဖွဲ့သည် IAEA နျူကလီးယားစွမ်းအင်ဌာန၊ နျူကလီးယားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဌာနခွဲအကြီးအကဲ Ms. Liliya Dulinets ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သော စည်းမျဉ်းဥပဒေနှင့်နည်းပညာဆိုင်ရာ အကူအညီများရရှိရေးဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
▪️ မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦးလုပ်ငန်းတွေဆောင်ရွက်နေစဉ်အတွင်း ယခုလိုတွေ့ဆုံမှုတွေရှိလာခဲ့ခြင်းဖြစ်ပါတယ်။
#YMG/KNL #Yangon_Times
#Local_News
Published 20 September 2025
▪️ နှစ်(၁၀၀)ခန့်သက်တမ်းရှိသည့် မော်ကွန်းရုပ်ရှင်ရုံးခွဲအဆောက်အအုံပြီးစီးပါကမြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှသိရသည်။
▪️ အဆိုပါမော်ကွန်းရုပ်ရှင်ရုံးခွဲအဆောက်အအုံသည် ၁၉၂၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ယခုအခါနှစ် ၁၀၀ ခန့် သက်တမ်းရှိကာ ယခင်က မော်ကွန်းရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်၊ ထုတ်လုပ်ခြင်း၊ ရုပ်ရှင်ဇာတ်ကားများ ဆင်ဆာကြည့်ရှုခြင်း၊ ရုပ်ရှင်ထူးချွန်ဆုများ စိစစ်အကဲဖြတ်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့သည့် အဆောက်အအုံဖြစ်သည်။
▪️ ယင်းအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြီးစီးပါက မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့်အတူ ရန်ကုန်မြို့ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ဖလင်ပိဋကတ်တိုက်အတွင်း ရုပ်ရှင်ဖလင်များ ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တန်ဖိုးမဖြတ်နိုင်သည့် မော်ကွန်းရုပ်ရှင်ဖလင်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရေးနှင့် လိုအပ်သည့် သင်တန်းများဖွင့်လှစ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားကာ ယခင်မော်ကွန်းရုပ်ရှင်ရုံးခွဲအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 20 September 2025
▪️ အပူပိုင်းမုန်တိုင်းကြောင့် ဒေသအချို့မိုးကြီးပြီးကမ်းလွန်နှင့်ကမ်းရိုးတန်းတစ်လျှောက်၌ လှိုင်းအလွန်ကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ယနေ့မနက် ၇နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေကြောင်း ၊ထူးခြားသည့်အခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် ၅နာရီ ခွဲ အချိန်တိုင်းထွာချက်များအရ ယမန့်နေ့က တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေကို ကွမ်တုံပြည်နယ်မှ ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း “မီတက်” (MITAG) သည် အနောက်မြောက်ဘက်သို့ ရွေ့လျား ခဲ့ပြီး အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ကာ အဆိုပါအပူပိုင်းမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီးနောက် ၆ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် တစ်ဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။
▪️ ထို့အပြင် ယနေ့ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန် ရာနှုန်းပြည့် ဖြစ်ကြောင်းသိရသည်။
▪️ ၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။
▪️ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၃ ပေခန့်ရှိနိုင် ကြောင်းရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
▪️ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။
▪️ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 19 September 2025
၁။ ဆီကြိတ်ဖတ်များ သိုလှောင်ခြင်းမပြုရန်အသိပေး
၂။ "ငလျင်ဘေးအရေးပေါ်တုံ့ပြန်ပုံ လက်တွေ့လေ့ကျင့်ခြင်း"ပြုလုပ်မည်
၃။ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်ကြောင့် ရန်ကုန်တွင်မိုးများနိုင်
၄။ အစ္စရေးလ်တိုက်ခိုက်မှုကြောင့် ဂါဇာမှအမြင့်ဆုံးအဆောက်အဦပြိုကျ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 24 of 2147