မြန်မာနိုင်ငံက ဆန်ကြိတ်ခွဲထုတ်လုပ်ရေးနဲ့ ရောင်းချတဲ့လုပ်ငန်းတွေ အတွက် AI နည်းပညာနဲ့ ဆန်ရဲ့ ရူပအရည်အသွေးကို စစ်ဆေးနိုင်ပြီလို့ PHI Co., Ltd. ကနေသိရပါတယ်။
#Local_News
Published 19 September 2025
#AI #ဆန်
#YMG/NN #Yangon_Times
ဗီယက်နမ်နဲ့ လာအိုတို့မှတစ်ဆင့် ဝင်ရောက်လာနိုင်တဲ့ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်တွေကြောင့် မိုးရွာပြီး ရန်ကုန်မှာမိုးများကာရေကြီးနိုင်တယ်လို့ မိုးဇလပညာရှင်ဦးဝင်းနိုင်က သုံးသပ်ပြောကြားထားပါတယ်။
#Local_News
Published 19 September 2025
#တိုင်ဖွန်းမုန်တိုင်း #ဗီယက်နမ်နဲ့လာအို
#YMG/NN #Yangon_Times
"ငလျင်ဘေးအရေးပေါ်တုံပြန်ပုံ လက်တွေ့လေ့ကျင့်ခြင်း"အစီအစဉ်ကို အခုလ(၂၀)ရက်မှာ ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် (Hall)မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 19 September 2025
#ငလျင် #ဂျပန်ဖောင်ဒေးရှင်း
#YMG/SW #Yangon_Times
#Local_News
Published 19 September 2025
▪️ မွန်ပြည်နယ် မော်လမြိုင်မြို့၌ မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲ ကိုယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ (၁၉၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို စက်တင်ဘာလ(၁၉)ရက်မှ(၂၀)ရက်နေ့,နှစ်ရက်တိုင်တိုင်လောင်းလှူ ခြင်းဖြစ်ပြီး ပထမနေ့(၁၉)ရက်နေ့တွင် ဇေယျာသီရိရပ်ကွက်၊လောကမာရဇိန်စေတီမှစတင်၍ ဒိုင်းဝန်ကွင်းအောက်လမ်းမကြီး သာယာကုန်းဝတ်တော်ကြီး၊ဗဟိုလမ်း၊ပြည်နယ်အစိုးရရုံးရှေ့အထိ အလှုခံတော်မူခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ဒုတိယနေ့(၂၀)ရက်နေ့တွင်သာယာကုန်းဝတ်တော်ကြီးမှသီရိမြိုင်ရပ်ကွက်ရွှေလမ်းထိပ်မှအတုလမာန်အောင်စေတီတော်ထိအလှူခံကြွရောက်ခဲ့ကြောင်း သိရသည်။
▪️ ထိုဆွမ်းဆန်တော်လောင်းလှူပွဲသို့ ကျောင်းပေါင်း(၄၁၃)ကျောင်းမှ ရဟန်းသာမဏေပေါင်း(၈၃၁၄)ပါး ၊သီလရှင်ဆရာကြီး/လေးများ(၁၅၁၅)ပါး ကြွရောက်အလှူခံတော်မူခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 September 2025
▪️ AI ကာတွန်းပြိုင်ပွဲ ၌ မည် သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင် ကြောင်း RecyGlo Myanmar မှသိရသည် ။
▪️ အဆိုပါပြိုင်ပွဲကို RecyGlo Myanmar ကအမှိုက်များ စနစ်တကျ စွန့်ပစ်ခွဲခြားခြင်းနှင့် ပတ်သက်သည့် အသိအမြင်များ မြှင့်တင်လိုခြင်း၊လူအများ၏ ရင်ထဲသို့ အချိန်ခဏအတွင်း သုတဖြစ်စေ၊ ရသဖြစ်စေ အချက်အလက်တစ်ခုကို ရောက်စေချင်ခြင်း စသည့်အချက်များအား ရုပ်ပြကာတွန်းများမှတဆင့်လျင်မြန်စွာရောက်ရှိရန် ရည်ရွယ်ချက်နှင့်ကျင်းပခြင်းဖြစ်သည်။
▪️ စိတ်ပါဝင်စားသည့် ပြိုင်ပွဲဝင်လက်ရာများကို လာမည့် စက်တင်ဘာလ(၂၃)ရက်အထိ လက်ခံသွားမည်ဖြစ်ကာပြိုင်ပွဲမှာ ဆုရရှိသူများကို ဆုကြေးငွေအပြင် Digital Achievement Certificate ကိုပါ ထည့်သွင်း ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို RecyGlo Myanmar page ၌ သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရသည် ။
#YMG/NN #Yangon_Times
ပြည်တွင်းတိရစ္ဆာန်အစာ လိုအပ်ချက်ရှိလာနိုင်တာကြောင့် ဆီကြိတ်ဖတ် တွေကို သိုလှောင်ခြင်းမပြုကြဖို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း က အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 19 September 2025
#ဆီကြိတ်ဖတ် #မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း
#YMG/NN #Yangon_Times
#Local_News
Published 19 September 2025
▪️ မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းများရုံးဖွင့်လှစ်ခြင်းနှင့် တရားမဝင်ဆန့်ကျင်သည့် လှုပ်ရှားမှုများကို တီမောလက်စ်တေနိုင်ငံတွင် ခွင့်ပြုမည်မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ အလုပ်သဘော ရောက်ရှိနေသည့် တီမောလက်စ်တေနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို စက်တင်ဘာ ၁၈ ရက်က ကတိပေးပြောကြားပါတယ်။
▪️ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မှာ ယင်းကိုဖော်ပြထားခြင်းဖြစ်ပြီး တီမောလက်စ်တေနိုင်ငံမြို့တော် ဒီလီ၌ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ရန်လည်း တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက ကမ်းလှမ်းခဲ့တယ်လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
▪️ နှစ်နိုင်ငံဆက်ဆံရေးကို အာဆီယံပဋိညာဉ်၊ အခြေခံမူများ၊ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုဘဲ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို တိုးမြှင့်သွားကြရန်လည်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ စက်တင်ဘာ ၁၈ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ အလေးထား ဆွေးနွေးသဘောတူခဲ့တယ်လို့ သိရပါတယ်။
▪️ ယင်းအပြင် အာဆီယံနိုင်ငံများအကြား ချုပ်ဆိုကြသည့် နှစ်နိုင်ငံ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးအတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့် သဘောတူ စာချုပ်တို့ကို ချုပ်ဆိုနိုင်ရေးကိုလည်းကောင်း ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
▪️ တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဘန်ဒီတို ဒို့စ် ဆန်းတို့စ် ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၁၇-၉-၂၀၂၅ ရက်မှ ၁၉-၉-၂၀၂၅ ရက်အထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့တာဖြစ်ပါတယ်။
#YMG/KNL #Yangon_Times
Page 25 of 2147