တောင်ပြုံးပွဲတော်ကာလ ကျပ်တစ်ထောင်ဖြင့်ပြေးဆွဲမယ့် သူရဲစျေး–တောင်ပြုန်းရထားခရီးစဉ်ဖွင့်ပွဲကို ယမန်နေ့က ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 19 August 2026
#တောင်ပြုံးပွဲတော် #သူရဲစျေး
#YMG/NN #Yangon_Times
ဒလမြို့နယ်ရှိ ကမာကဆစ်ဈေးမှာ အသား၊ ငါးရောင်းချတဲ့ ဈေးရုံများနဲ့ ပျံကျဈေးဆိုင်များကို စနစ်တကျသပ်ရပ်စေရေးအတွက် အဆင့်မြင့်ဈေးရုံများအဖြစ် အဆင့်မြှင့်တင်တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 19 August 2026
#ကမာကဆစ်ဈေး #ဒလမြို့နယ်
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ရဲ့ နှစ်ပေါင်း (၁၃၈) နှစ်သက်တမ်းရှိ လေမှုတ်စက်ရုံတွင် ရှေးဟောင်းအဆောက်အအုံ ကမ္ဗည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ လေမှုတ်စက်ရုံတွင် ကျင်းပခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 19 August 2026
#ကမ္ဗည်းမော်ကွန်းကြေးပြား #လေမှုတ်စက်ရုံ
#YMG/NN #Yangon_Times
အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီရရှိစေရန်အတွက် ရွေ့လျားဆေးကုသယာဉ်(၄)စီးဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စက်ရုံ၊ အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသပေးလျက်ရှိတယ်လို့သိရပါတယ်။
#Local_News
Published 19 August 2026
#ရွေ့လျားဆေးကုသယာဉ်
#YMG/SW #Yangon_Times
#Daily_News
Published 19 August 2026
၁။ တောင်ပြုံးပွဲတော်ကာလ ကျပ်တစ်ထောင်ဖြင့်ပြေးဆွဲမည့် သူရဲစျေး–တောင်ပြုန်းရထားခရီးစဉ်စတင်ဖွင့်လှစ်
၂။ ဒလမြို့နယ် ကမာကဆစ်ဈေးတွင် အဆင့်မြင့်ဈေးရုံများ တည်ဆောက်မည်
၃။ နှစ်ပေါင်း (၁၃၈) နှစ်သက်တမ်းရှိ လေမှုတ်စက်ရုံတွင် ရှေးဟောင်းအဆောက်အအုံ ကမ္ဗည်းမော်ကွန်းကြေးပြားတပ်ဆင်
၄။ အမေရိကန်နှင့်အစ္စရေးလ်သင်္ဘောများကိုဟော်မုဇ်ရေလက်ကြားမှ
ပိတ်ပင်မည့်ဥပဒေကြမ်းတစ်ရပ် အီရန်ပြင်ဆင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
၁၉၊ဩဂုတ် ၂၀၂၆(မော်စကို)
■ မြန်မာအာကာသအေဂျင်စီ (MSA) နှင့် ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း (Roscosmos) တို့အကြား ဂြိုဟ်တုလမ်းညွှန်မှုစနစ်၊ လူလိုက်ပါသောအာကာသခရီးစဉ်များ၊ အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေးစနစ် (COSPAS-SARSAT) နှင့် ကမ္ဘာ့အနီးအာကာသအန္တရာယ် အလိုအလျောက်သတိပေးစနစ် (ASPOS) နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို သြဂုတ် ၁၈ ရက်နေ့လယ်ပိုင်းက ရုရှားနိုင်ငံ၊ မော်စကိုမြိုရှိ ကရင်မလင်နန်းတော်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်တို့၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။
■ ဂြိုဟ်တုလမ်းညွှန်မှုစနစ်နယ်ပယ်တွင် ဂြိုဟ်တုလမ်းညွှန် အချက်အလက် တိုင်းတာလေ့လာရေး စခန်းတည်ဆောက်ခြင်း၊ ဂြိုဟ်တုလမ်းညွှန် အချက်အလက်များကို မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင် အသုံးပြုခြင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရှိရသည်။
■ ထို့အတူ အပြည်ပြည်ဆိုင်ရာဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေးစနစ် (COSPAS-SARSAT) အတွက် အရေးပေါ်အချက်ပြမှုများကို ဂြိုဟ်တုများမှတဆင့် လက်ခံရယူ၊ ခွဲခြမ်းစိတ်ဖြာ၊ ဖြန့်ဝေပေးမည့် မြေပြင်အခြေစိုက်စခန်းတစ်ခုအား တည်ဆောက်သွားကြမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းနှင့် ပတ်ဝန်းကျင်တွင် လေကြောင်း၊ ရေကြောင်းနှင့်ကုန်းကြောင်း အရေးပေါ်အခြေအနေများ ပေါ်ပေါက်ခဲ့ပါက အချိန်တိုအတွင်းတိကျစွာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
■ ကမ္ဘာ့အနီး အာကာသအန္တရာယ်အလိုအလျောက်သတိပေးစနစ် (ASPOS) အတွက် အလင်းနှင့် အီလက်ထရောနစ်တယ်လီစကုပ် စခန်းတစ်ခုတည်ဆောက်၍ အာကာသယာဉ်များ နီးကပ်လာမှု အန္တရာယ်များ၊ အာကာသအမှိုက်များ၏ အခြေအနေများနှင့် ကမ္ဘာမြေပေါ်သို့ အာကာသပစ္စည်းများ ကျရောက်နိုင်မည့် နေရာများကိုခန့်မှန်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သုတေသနပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
■ ထို့အပြင် မြန်မာအာကာသယာဉ်မှူးများကို အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသိုစေလွှတ်၍ သိပ္ပံသုတေသနစမ်းသပ်မှုများ ပြုလုပ်နိုင်ရန် ရွေးချယ်လေ့ကျင့်ပေးရေးကိုလည်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#Local_News
Published 19 August 2026
■ ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုး မြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ဟဲဟိုး) ကို ကောလိပ်အဆင့်မြှင့်တင်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
■ ထိုသို့ စီမံဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အပိုင်းက အဆောက်အအုံနှင့် အခြားလိုအပ် ချက်များ၊ ဆရာ ဆရာမများအတွက် မွမ်းမံသင်တန်းများ စီမံဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ဆရာ ဆရာမများအပိုင်းကလည်း ကောလိပ်အဆင့်နှင့်လျော်ညီသော သင်ကြားရေး လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်မှုများနှင့်အတူ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ခေတ်မီနည်းပညာအသစ်များကို စဉ်ဆက်မပြတ်ကြိုးပမ်းလေ့လာပြီး တပည့်များ စံပြုအားထားရသည့် ဆရာ ဆရာမများအဖြစ် ရပ်တည်သွားကြစေလိုကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ဟဲဟိုးနှင့် ဒီမောဆို) ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများအား ယမန်နေ့က သမူဟခန်းမ၌တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆွေးနွေးမှာကြားခဲ့သည်။
■ ဆက်လက်၍ ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး စာသင်ဆောင်များ၊ ဆရာ ဆရာမ အဆောင်များနှင့် ကျောင်းသား ကျောင်းသူအဆောင်များ၊ စားရိပ်သာနှင့် မွေးမြူရေးဘာသာရပ် လက်တွေ့သင်ကြားရေးအဆောင်များ၊ လက်တွေ့ စိုက်ကွင်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဟဲဟိုးနှင့် ဒီမောဆို) ကျောင်းများမှ ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ ကျောင်းဆင်းပြီးနောက် စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များ၌ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူတန်းအထိ ပေါက်မြောက်အောင် ဆက်လက်လေ့လာသင်ယူသွားကြရန်၊ မိမိသင်ယူ တတ်မြောက်ထားသော ပညာဂုဏ်သိက္ခာနှင့်လျော်ညီသည့် လုပ်ငန်းခွင်ကိုရွေးချယ်ကြရန်၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကျင့်ဝတ်သိက္ခာယိုယွင်းမှုမရှိစေဘဲ ခြိုးခြံချွေတာ၍ ရိုးသားစွာကြိုးစားပြီး မိမိဘဝတက်လမ်းအောင်မြင်မှုရရှိအောင် ကြိုးပမ်းသွားကြရန် အားပေးမှာကြားသည်။
■ ညနေပိုင်းတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန၏ ဟဲဟိုးခြံသို့သွားရောက်၍ အရည်အသွေး နှင့် အထွက်နှုန်းကောင်းမွန်သော ကော်ဖီ၊ စတော်ဘယ်ရီပျိုးပင်များ၊ အာလူး၊ နေကြာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးနေမှု၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ မျိုးအာလူးများ မျိုးထုတ်လုပ်စမ်းသပ်စိုက်ပျိုးထားရှိမှု၊ ပိုးစာခြံတွင် ပိုးစာပင်များ စိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ပိုးမွေးမြူရန် အကြိုလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာများဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 25 of 2438