ပုပ္ပားတောင်အမျိုးသားဥယျာဉ်နဲ့ Geosites တွေကို ပြည်ပခရီးသွားတွေ ပိုမိုသိရှိလာစေပြီး ဘူမိခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာစေရေးအတွက် UNESCO Global Geopark အဖြစ်သတ်မှတ်ခံရရေးဆောင်ရွက်နေတယ်လို ယမန်နေ့ကကျင်းပတဲ့အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီရဲ့ (၁/၂၀၂၆) အစည်းအဝေးမှသိရပါတယ်။
#Local_News
Published 21 August 2026
#ပုပ္ပားတောင် #UNESCO_Global_Geopark
#YMG/SW #Yangon_Times
#Local_News
Published 21 August 2026
■ အဇာဘိုင်ဂျန် FIFA U-15 ပြိုင်ပွဲ သို့သွားရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ လူရွေးချယ်ပွဲ ကိုယခုလအတွင်းကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)မှ သိရသည်။
■ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဆင့်လူငယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် FIFA U15 World Cup and Festival သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၅ လူငယ်လက်ရွေးစင်အသင်းကို အကောင်းဆုံးဖွဲ့စည်းနိုင်ရန်အတွက် ကစားသမားရွေးချယ်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
■ အဆိုပါ ကစားသမားရွေးချယ်ပွဲကို သြဂုတ်လ ၂၇ ရက်မှ ၂၈ ရက်အထိအမျိုးသားဘောလုံးအကယ်ဒမီကွင်း (ရန်ကုန်)၌ကျင်းပသွားမည်ဖြစ်ပြီးယှဉ်ပြိုင်မှုပုံစံမှာ 8 vs 8 Competition စနစ်ဖြင့် စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။
■ ထို့ကြောင့်ထုတ်ပြန်ထားသည့် စာရင်းပါ ကစားသမားများအနေဖြင့် သြဂုတ်လ ၂၆ ရက်တွင်အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)သို့ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်သတင်းပို့ရမည် ဖြစ်ပြီး နယ်ဝေးမှကစားသမားများကိုနေထိုင်ရေးစီစဉ်ပေးသွားမည်ဖြစ်သည်။
■ အဆိုပါ လူရွေးချယ်ပွဲသို့ ရန်ကုန်နှင့် မန္တလေးမြို့များမှ Open Try Out စနစ်ဖြင့် ရွေးချယ်ထားသော ကစားသမားများ ၊ FIFA/ MFF U-15 LEAGUE 2026 (တောင်ကြီး) မှ ကစားသမားများ ၊FIFA/ MFF U-15 LEAGUE 2026 (မန္တလေး / မော်လမြိုင်) နှင့် နေပြည်တော် (RTC) မှ ကစားသမားများ ၊ FIFA/ MFF U-15 LEAGUE 2026 (ရန်ကုန်) မှ ကစားသမားများလာရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်းသိရသည်။
■ လူရွေးချယ်ပွဲအပြီးတွင် MFF Academy selection team (YGN) နှင့် MFF Academy selection team (MDY) အပါအဝင် စုစုပေါင်း ကစားသမား ၃၂ ဦးကို ရွေးချယ်၍ မြန်မာ ယူ-၁၅ ပဏာမ လက်ရွေးစင်အသင်းကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းပဏာမ ကစားသမား ၃၂ ဦး စာရင်းကို သြဂုတ်လ ၃၁ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကာ ထိုမှတစ်ဆင့် စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ကာ အဇာဘိုင်ဂျန်ခရီးစဉ်အတွက် အပြီးသတ် ကစားသမားများကို ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 August 2026
■ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)သည် ထယ်ဟုန် ကုန်သည်ကြီးများအသင်းအပါအဝင်မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာလွှာ (MoU) များ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည် ။
■ အဆိုပါ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) တည်ထောင်သည့် နှစ် (၂၀) ပြည့်မြောက် အမှတ်တရ ဂုဏ်ပြုညစာစားပွဲကို ပြီးခဲ့သည့် ရက်ပိုင်းကကျင်းပရာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာလွှာ (MoU) များ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည် ။
■ အဆိုပါ ကဲ့သို့(MoU) များ လက်မှတ်ရေးထိုးရာတွင် MFVP နှင့် MIFFA (Myanmar International Freight Forwarders’ Association) ၊ MFVP နှင့်ထယ်ဟုန် ကုန်သည်ကြီးများအသင်းတို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်းသိရသည်။
■ ထို့အပြင် MFVP နှင့်MTHRDA (Myanmar Tourism Human Resource Development Association) ၊MFVP နှင့် ချန်ဟော့ ကုမ္ပဏီမြန်မာ့သစ်သီးဝလံ ပေါင်းစည်းကုမ္ပဏီ MFIG နှင့် ချန်ဟော့ကုမ္ပဏီစသဖြင့် အသီးသီးနားလည်မှုစာလွှာ(MoU)လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 August 2026
■ မြန်မာ့မီးရထားမှ ပြေးဆွဲပေးနေသည့် အမှတ်(၇) အဆန် ရန်ကုန်-နေပြည်တော် DEMU လူစီးအမြန်ရထားသည် ယနေ့မွန်းလွဲ ၃ နာရီ ၅၅ မိနစ်ခန့်တွင် သောင်းတိုင်ကုန်းနှင့် တောင်ငူဘူတာအကြား မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၂ ကြားရှိ တရားမဝင်လမ်းကူးဂိတ်၌ ဘေးတွဲဆိုင်ကယ်တစ်စီးနှင့် ပွတ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
■ အဆိုပါဖြစ်စဉ်ကြောင့် DEMU ရထားစက်ခေါင်း၏ ရှေ့ညာဘက်မီးလုံးကွဲပြီး ဆေးပွန်းပဲ့မှု ဖြစ်ပေါ်ခဲ့သော်လည်း ခရီးသည်များနှင့် ရထားဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
■ ဖြစ်စဉ်မှာ ကျေးရွာအစီအစဉ်ဖြင့် ဂိတ်စောင့်က ဝါးလုံးတန်းဖြင့် ပိတ်ထားသည့် တရားမဝင်လမ်းကူးဂိတ်မှ အရှေ့ဘက်မှ အနောက်ဘက်သို့ မောင်းနှင်လာသည့် BGO 3215 ဘေးတွဲဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ ရထားလမ်းအား ဖြတ်ကျော်မောင်းနှင်ရာမှ သောင်းတိုင်ကုန်းဘူတာဘက်မှ ဖြတ်သန်းလာသည့် အမှတ်(၇) အဆန် DEMU ရထားနှင့် ပွတ်တိုက်မိခြင်းဖြစ်ကြောင်းသိရသည်။
■ အဆိုပါလမ်းကူးဂိတ်မှာ မြန်မာ့မီးရထားက ဂိတ်စောင့်တာဝန်ချထားခြင်းမရှိသည့် တရားမဝင်လမ်းကူးဂိတ်ဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ ဝင်းနိုင်ဦး (ဘ) ဦးတင်လှိုင်၊ ရေပုတ်ကုန်းရွာနေသူအား ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူနိုင်ရေး တောင်ငူအမှတ်(၁) ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
■ ဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှု ၃၅ မိနစ်ခန့် ဖြစ်ပေါ်ခဲ့သော်လည်း အခြားရထားများမှာ ကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားမှသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 21 August 2026
■ ဘန်ကောက်၊ ဩဂုတ် ၂၀။ မြန်မာ-ထိုင်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အွန်လိုင်းရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးအပါအဝင် နှစ်နိုင်ငံရင်ဆိုင်နေရသည့် နယ်စပ်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးကို ဩဂုတ် ၂၀ ရက်က ဘန်ကောက်မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (9th Thailand-Myanmar High Level Committee Meeting-HLC) တွင် နှစ်နိုင်ငံ တပ်မတော်ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသည်။
■ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် Chatrium Grand Hotel တွင် ကျင်းပသည့် အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ပြီး ထိုင်းဘက်မှ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boonta-nondha နှင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
■ အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရေး၊ ဒေသဆိုင်ရာနယ်ခြားကော်မတီ (RBC) နှင့် မြို့နယ်အဆင့်နယ်ခြားကော်မတီ (TBC) လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
■ ထို့ပြင် အွန်လိုင်းရာဇဝတ်မှု၊ မူးယစ်ဆေးဝါး၊ နယ်စပ်ဖြတ်ကျော်တောမီးနှင့် မီးခိုးမြူငွေ့ တားဆီးကာကွယ်ရေး၊ နယ်နိမိတ်နှင့် နယ်စပ်မြစ်များ ရေညစ်ညမ်းမှုတိုက်ဖျက်ရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် ဘေးကင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြသည်။ ရေကြီးမှု ကြိုတင်သတိပေးနိုင်ရန် အလိုအလျောက် တာဝေးတိုင်းတာရေးစခန်းများ ဖွင့်လှစ်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း မူရင်းသတင်းတွင် ဖော်ပြထားသည်။
■ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးအပြင် စစ်ဘက်ပညာရေးနှင့် လေ့ကျင့်ရေး၊ စစ်ဘက်ဆေးပညာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ စစ်ဘက်ယဉ်ကျေးမှုဖလှယ်ရေးနှင့် နှစ်နိုင်ငံတပ်မတော်အကြား ချစ်ကြည်ရေးခရီးစဉ်များ ဆက်လက်ပြုလုပ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက HLC အစည်းအဝေးသည် တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရာတွင် စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းညွှန်ချက်များ ချမှတ်ရန်နှင့် RBC၊ TBC လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
■ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boonta-nondha က HLC သည် တပ်မတော်နှစ်ရပ်အကြား အမြင့်ဆုံးအဆင့် ပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ခုဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရာတွင် အရေးပါကြောင်း ပြောကြားခဲ့သည်။ တပ်မတော်နှစ်ရပ်အကြား နားလည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် စိန်ခေါ်မှုများကို အတူတကွဖြေရှင်းနိုင်မည်ဟုလည်း ဆိုသည်။
■ အစည်းအဝေးတွင် ဇွန် ၂၉ ရက်မှ ဇူလိုင် ၁ ရက်အထိ ကျိုင်းတုံမြို့၌ မြန်မာဘက်က အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး (38th RBC) ရလဒ်များကို ရှင်းလင်းတင်ပြခဲ့သကဲ့သို့ ပူးတွဲအတွင်းရေးမှူးအဖွဲ့အစည်းအဝေး (JSM) မှ ဆွေးနွေးခဲ့သည့် တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်း တင်ပြခဲ့ကြသည်။
■ ယင်းနောက် HLC အစည်းအဝေးဥက္ကဋ္ဌများဖြစ်သည့် နှစ်နိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များက အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အတည်ပြုဆုံးဖြတ်ခဲ့ကြပြီး (၉) ကြိမ်မြောက် ထိုင်း-မြန်မာ HLC အစည်းအဝေး သဘောတူညီချက်များကို လက်မှတ်ထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
■ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လေထုညစ်ညမ်းမှုတိုင်းတာသည့် စက်ကိရိယာနှစ်စုံကိုလည်း လွှဲပြောင်းပေးအပ်ခဲ့သည်။
■ ယခု HLC အစည်းအဝေးမတိုင်မီ ပူးတွဲအတွင်းရေးမှူးအဖွဲ့အစည်းအဝေးကို ဩဂုတ် ၁၆ ရက်မှ ၁၉ ရက်အထိ ဘန်ကောက်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးတွင် အထက်ပါ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
လာမည့် (၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၂၀၂၇ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ဂရိုဒ်နို၊ ဩဂုတ် ၂၀။ မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာများ တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေသည့် ဘီလာရုစ်နိုင်ငံ၏ အဓိက နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာထုတ်လုပ်ရေးလုပ်ငန်း Grodno Azot စက်ရုံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့သည် ဩဂုတ် ၂၀ ရက်က သွားရောက်လေ့လာခဲ့ပြီး ဓာတ်မြေဩဇာထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် မြန်မာနိုင်ငံသို့ တင်ပို့နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။
ဘီလာရုစ်နိုင်ငံ မင်စ်ခ်မြို့၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့သည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် မင်စ်ခ်မြို့မှ Grodno မြို့သို့ ရဟတ်ယာဉ်များဖြင့် သွားရောက်ခဲ့ပြီး လမ်းတစ်လျှောက် ဘီလာရုစ်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့သည်။
Grodno မြို့လေဆိပ်သို့ ရောက်ရှိချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Yuri Khadzhimuratovich နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ယင်းနောက် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ ဆက်လက်သွားရောက်ခဲ့သည်။
စက်ရုံတာဝန်ရှိသူများက Grodno Azot ၏ သမိုင်းကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်၊ နှစ်အလိုက် ဓာတ်မြေဩဇာထုတ်လုပ်နိုင်မှုနှင့် ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးနေမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ စက်ရုံသည် ဘီလာရုစ်နိုင်ငံ၏ ပြည်တွင်းစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်ပေးနေသကဲ့သို့ ပြည်ပဈေးကွက်များသို့လည်း တင်ပို့နေကြောင်း သိရသည်။

ထို့ပြင် နိုက်ထရိုဂျင်နှင့် ဆက်စပ်ဓာတုပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးနေမှုအပြင် မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာများ တင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေသည့် အခြေအနေ ကိုလည်း စက်ရုံတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်ရုံဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး စက်ရုံပုံစံငယ်နှင့် ထုတ်လုပ်ရေးဆိုင်ရာ ပြခန်းများကို ကြည့်ရှုခဲ့သည်။ ဆက်လက်၍ စက်ရုံအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ ထုတ်လုပ်ရေးလုပ်ငန်းများကို ကြည့်ရှုလေ့လာပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။
Grodno Azot စက်ရုံသည် ဘီလာရုစ်နိုင်ငံ Grodno မြို့တွင် တည်ရှိပြီး ၁၉၆၃ ခုနှစ်မှ စတင်လည်ပတ်ခဲ့သည့် နိုင်ငံပိုင် ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည်။ အမိုးနီးယား (Ammonia)၊ ယူရီးယား (Urea) နှင့် နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာအမျိုးမျိုးကို အဓိကထုတ်လုပ်ကာ ဘီလာရုစ်၏ ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍသို့ ဖြည့်ဆည်းပေးနေသည့်အပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
ဩဂုတ်၂၀၊၂၀၂၆ (မင့်စ်)
မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး၊ စက်မှုကုန်ထုတ်လုပ်ရေး၊ စွမ်းအင်၊ အခြေခံ အဆောက်အအုံ၊ ဒီဂျစ်တယ်နည်းပညာနှင့် AI အပါအဝင် စီးပွားရေးကဏ္ဍများတွင် ဘီလာရုစ် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မဟာဗျူဟာမြောက် တိုးချဲ့ရန် ဩဂုတ် ၂၀ ရက်က ဘီလာရုစ်နိုင်ငံ မင့်စ်မြို့၌ ကျင်းပသည့် မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်တွင် တိုက်တွန်းခဲ့သည်။
President ဟိုတယ်၌ ကျင်းပသည့် ဖိုရမ်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ဘီလာရုစ်ဝန်ကြီးချုပ် Alexander Turchin၊ နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး B2B ပူးပေါင်းဆောင်ရွက်မှု၊ ပူးတွဲစီးပွားရေးစီမံကိန်းများ ဖော်ဆောင်ရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များ မျှဝေရေးနှင့် ကုန်သွယ်ရေးအတားအဆီးများ ဖြေရှင်းရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ဘီလာရုစ်ဝန်ကြီးချုပ် Alexander Turchin က စက်မှုကုန်ထုတ်လုပ်ရေး၊ အထည်အလိပ်နှင့် လူသုံးကုန်၊ စိုက်ပျိုးရေးနှင့် အစားအသောက်၊ ကျန်းမာရေးနှင့် ဆေးဝါးထုတ်လုပ်ရေး၊ အဆင့်မြင့်နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း လက်ရှိကမ္ဘာ့စီးပွားရေး အပြောင်းအလဲများကြားတွင် အပြန်အလှန်အကျိုးရှိသည့် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ပြောကြားပြီး နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက်မှု၊ ပူးတွဲစီမံကိန်းနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ရန် တိုက်တွန်းခဲ့သည်။
မြန်မာနှင့် ဘီလာရုစ်တို့သည် ၁၉၉၉ ခုနှစ်တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေး ထိုးခဲ့ သည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့်နည်းပညာ၊ အကောက်ခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်များ ချမှတ်ထားပြီး ၂၀၂၆-၂၀၂၈ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု လမ်းပြ မြေပုံတွင် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းတို့ကို ထည့်သွင်းထားသည်။

မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယတို့အကြား တည်ရှိပြီး အရှေ့တောင်အာရှနှင့် တောင်အာရှ ဈေးကွက်များကို ချိတ်ဆက်နိုင်သည့် ပထဝီဝင်အနေအထားရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်က ပြောကြားခဲ့သည်။ စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုနိုင်ငံအဖြစ် ဖော်ဆောင်ရာတွင် ဘီလာရုစ်၏ စိုက်ပျိုးရေးနည်းပညာ၊ ဓာတ်မြေဩဇာနှင့် လယ်ယာသုံးစက်ကိရိယာများကို အသုံးချ၍ Farming မှ Food Processing အထိ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ သည်။
ထို့အပြင် လယ်ယာသုံးစက်ယန္တရားများကို တင်သွင်းရောင်းချရုံသာမက မြန်မာနိုင်ငံ၌ ပူးတွဲထုတ်လုပ် ရန်၊ လူသုံးကုန်နှင့် ဆေးဝါးထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
စွမ်းအင်ကဏ္ဍတွင် ရေအားလျှပ်စစ်၊ နေရောင်ခြည်၊ လေစွမ်းအင်နှင့် ဇီဝစွမ်းအင် စီမံကိန်းများ၌ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့သကဲ့သို့ အစိုးရဝန်ဆောင်မှု ဒီဂျစ်တယ်အသွင်ကူးပြောင်း ရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI၊ ဒီဂျစ်တယ်ငွေပေးချေမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လုပ်ငန်းများ တွင်လည်း ဘီလာရုစ်လုပ်ငန်းရှင်များ ပူးပေါင်းရန် တိုက်တွန်းခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနေရာများအဖြစ် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များကို ဖော်ပြခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန်သည် အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှု အားသာ ချက်ရှိကြောင်း ဆိုသည်။ ထားဝယ်ဒေသတွင်လည်း အကြီးစားစက်မှုလုပ်ငန်း၊ စက်ပစ္စည်းနှင့် ကုန်တင် ယာဉ်ထုတ်လုပ်ရေးအပြင် တနင်္သာရီတိုင်းအတွင်း သတ္တုတူးဖော်ရေးနှင့် ခရီးသွားလုပ်ငန်းများ၌ ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်ဖြစ်ပြီး ဘီလာရုစ်သည် Eurasian Economic Union (EAEU) အဖွဲ့ဝင်ဖြစ်သဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အာဆီယံ၊ အာရှနှင့် EAEU ဈေးကွက်များကို အပြန်အလှန်ချိတ်ဆက်နိုင်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဘီလာရုစ်၏ စက်မှုနှင့်နည်းပညာစွမ်းရည်ကို မြန်မာနိုင်ငံ၏ သဘာဝနှင့် လူ့စွမ်းအားအရင်းအမြစ်များနှင့် ပေါင်းစပ်ကာ ရေရှည်အကျိုးရှိသည့် ပူးတွဲစီးပွားရေးစီမံကိန်းများ ဖော်ဆောင်ရန် တိုက်တွန်းခဲ့ပြီး ဘီလာရုစ်လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းလည်ပတ်မှုများအတွက် လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။
ဖိုရမ်အပြီးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံထုတ် ကုန်ပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Page 22 of 2438